What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 October 2019 16:44

ႏို႔အုံေရာင္ရမ္းနာ (Mastitis)

ႏို႔အုံေရာင္ရမ္းနာ (ရင္သားပိုးဝင္ျခင္း) ဟာ ႏို႔တိုက္မိခင္ေတြမွာျဖစ္တတ္ၿပီး အခ်ိန္မဆိုင္းဘဲ ေဆးဝါးကုသမႈခံယူဖို႔ လိုအပ္ပါတယ္။

အကယ္လို႔ ေမေမ့မွာေအာက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြရွိေနၿပီဆိုရင္ ေဆးကုသမႈခံယူဖို႔ အခ်ိန္မဆြဲပါနဲ႔။ အခ်ိန္ဆြဲေနတာနဲ႔အမွ် ေရာဂါပိုးမႊားေတြကို ပိုမိုဆိုး႐ြားေစၿပီး အႏၲရာယ္ျဖစ္ေစပါတယ္။

 

ဆရာဝန္က ေမေမ့အတြက္ ေဆးဝါးေတြေပးပါလိမ့္မယ္။ ျဖစ္တဲ့ေနရာကို မည္သည့္ေဆးမွ မလိမ္းပါနဲ႔။ ေရာင္ေနတဲ့အနာကို အပ္မစိုက္ပါနဲ႔၊ စုပ္မေဖာက္ပါနဲ႔။ ရင္သားနဲ႔ ႏို႔သီးေခါင္းကို မကိုင္တြယ္ခင္ လက္ကိုေသခ်ာေဆးေၾကာပါ။ ရင္သားဧရိယာတစ္ဝိုက္ကို သန႔္ရွင္းစြာ ထားပါ။ ႏို႔အုံေရာင္ရမ္းနာဆိုတာဘာလဲ ေရာဂါပိုးဝင္ေရာက္ျခင္း၊ ဓာတ္မတည့္ျခင္းသို႔မဟုတ္ ႏို႔ရည္စီးဆင္းျခင္း ပိတ္ဆို႔သြားတာေၾကာင့္ ေရာင္ရမ္းျခင္း ျဖစ္ပါတယ္။ ႐ုတ္ခ်ည္းဆိုသလို စျဖစ္တတ္ၿပီး မ်ားေသာအားျဖင့္ ရင္သားတစ္ဖက္မွာပဲ ျဖစ္ေလ့ရွိပါတယ္။

 

မိခင္ႏို႔တိုက္ေနတဲ့ ကာလတစ္ေလွ်ာက္လုံး အခ်ိန္မေ႐ြးျဖစ္ႏိုင္ၿပီး အျဖစ္အမ်ားဆုံးကေတာ့ ကေလးအသက္ (၂)-(၃) ပတ္အ႐ြယ္မွာ ျဖစ္ပါတယ္။

 

ေရာဂါလကၡဏာမ်ား

နာက်င္တဲ့ ရင္သားအက်ိတ္စမ္းမိျခင္း၊ ရင္သားနာက်င္ျခင္း၊ အေရျပားေႏြးေနျခင္း၊ ေရာင္ရမ္းျခင္း။ အေရျပားဟာ နီရဲေနၿပီး တစ္ခါတစ္ရံမွာ အနီေရာင္အေရးအေၾကာင္းေတြဟာ ျဖစ္ပြားရာေနရာကေန ျဖာထြက္ေနတတ္ပါတယ္။ ဖ်ားျခင္း။

 

ခႏၶာကိုယ္ခ်မ္းတုန္ဖ်ားျခင္း၊ တုပ္ေကြးျဖစ္ပြားတဲ့လကၡဏာမ်ားေတြ႕ရျခင္း၊ ပင္ပမ္းႏြမ္းနယ္ျခင္း၊ ခြန္အားမရွိျခင္း။ ႏို႔အုံေရာင္ရမ္းနာဟာ ႏို႔ခဏခဏတိုက္ၿပီး ႏို႔ကုန္ေအာင္ မတိုက္ျခင္း၊ ႏို႔ရည္စီးဆင္းျခင္းကို အဟန႔္အတားျဖစ္ေစမယ့္ တင္းက်ပ္တဲ့ ဘရာစီယာဝတ္ဆင္ျခင္းတို႔ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

 

ႏို႔သီးေခါင္းဒဏ္ရာရျခင္း၊ အေရျပားပြန္းပဲ့ျခင္းျဖစ္ရင္လည္း ဘက္တီးရီးယားပိုးမႊားဟာ ႏို႔အုံထဲကို ဝင္ေရာက္ႏိုင္ပါတယ္။

 

အထက္မွာေဖာ္ျပခဲ့သလို က်န္းမာေရးေစာင့္ေရွာက္မႈခံယူၿပီး ေဆးေသာက္ရမယ့္အျပင္ ေမေမ့အေနနဲ႔ေအာက္ပါအခ်က္ေတြကိုလည္း မျဖစ္မေနလိုက္နာဖို႔လိုပါတယ္။

 

(၁) ကေလးကို ႏို႔ဆက္တိုက္ပါ။ ႏို႔မတိုက္ရင္ ပိုၿပီးမအီမသာျဖစ္ေစပါတယ္။

(၂) ကေလးငယ္ကို ထိခိုက္မႈ မျဖစ္ေစပါဘူး။

 

(၃) ႏို႔အုံေရာင္ရမ္းနာျဖစ္႐ုံနဲ႔ ႏို႔မႈန႔္အစျပဳဖို႔မလိုပါဘူး။

(၄) ေရာင္ေနတဲ့ဘက္နဲ႔ ႏို႔တိုက္ရတာ အရမ္းနာက်င္တယ္ဆိုရင္ အဝတ္စကို ေရေႏြးစြတ္ၿပီး ဖိကပ္ေပးပါ။ ႏွိပ္နယ္ေပးပါ။ ၿပီးရင္ ႏို႔ကိုလက္နဲ႔ညႇစ္ထုတ္ေပးပါ။ ႏို႔အုံထဲမွာ ႏို႔မက်န္ေအာင္ ဒီအတိုင္း မၾကာမၾကာလုပ္ေပးပါ။

 

(၅) ကေလးကို မၾကာမၾကာမိခင္ႏို႔တိုက္ပါ။ အခ်ိန္မဆြဲမိပါေစနဲ႔။

(၆) ကိုယ္ေရာ စိတ္ပါ အနားယူပါ။

 

အန္တီ သဲလ္မာထြန္းသိန္း MS, RDN, IBCLC, RLC အာဟာရသိပၸံပညာပါရဂူ / အာဟာရေဗဒပညာရွင္ မိခင္ႏို႔ရည္တိုက္ေကြၽးျခင္းအႀကံေပးပညာရွင္

 

{Unicode}
======

နို့အုံရောင်ရမ်းနာ (Mastitis)

နို့အုံရောင်ရမ်းနာ (ရင်သားပိုးဝင်ခြင်း) ဟာ နို့တိုက်မိခင်တွေမှာဖြစ်တတ်ပြီး အချိန်မဆိုင်းဘဲ ဆေးဝါးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အကယ်လို့ မေမေ့မှာအောက်ဖော်ပြပါ ရောဂါလက္ခဏာတွေရှိနေပြီဆိုရင် ဆေးကုသမှုခံယူဖို့ အချိန်မဆွဲပါနဲ့။ အချိန်ဆွဲနေတာနဲ့အမျှ ရောဂါပိုးမွှားတွေကို ပိုမိုဆိုးရွားစေပြီး အန္တရာယ်ဖြစ်စေပါတယ်။

 

ဆရာဝန်က မေမေ့အတွက် ဆေးဝါးတွေပေးပါလိမ့်မယ်။ ဖြစ်တဲ့နေရာကို မည်သည့်ဆေးမှ မလိမ်းပါနဲ့။ ရောင်နေတဲ့အနာကို အပ်မစိုက်ပါနဲ့၊ စုပ်မဖောက်ပါနဲ့။ ရင်သားနဲ့ နို့သီးခေါင်းကို မကိုင်တွယ်ခင် လက်ကိုသေချာဆေးကြောပါ။ ရင်သားဧရိယာတစ်ဝိုက်ကို သန့်ရှင်းစွာ ထားပါ။ နို့အုံရောင်ရမ်းနာဆိုတာဘာလဲ ရောဂါပိုးဝင်ရောက်ခြင်း၊ ဓာတ်မတည့်ခြင်းသို့မဟုတ် နို့ရည်စီးဆင်းခြင်း ပိတ်ဆို့သွားတာကြောင့် ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ရုတ်ချည်းဆိုသလို စဖြစ်တတ်ပြီး များသောအားဖြင့် ရင်သားတစ်ဖက်မှာပဲ ဖြစ်လေ့ရှိပါတယ်။

 

မိခင်နို့တိုက်နေတဲ့ ကာလတစ်လျှောက်လုံး အချိန်မရွေးဖြစ်နိုင်ပြီး အဖြစ်အများဆုံးကတော့ ကလေးအသက် (၂)-(၃) ပတ်အရွယ်မှာ ဖြစ်ပါတယ်။

 

ရောဂါလက္ခဏာများ

နာကျင်တဲ့ ရင်သားအကျိတ်စမ်းမိခြင်း၊ ရင်သားနာကျင်ခြင်း၊ အရေပြားနွေးနေခြင်း၊ ရောင်ရမ်းခြင်း။ အရေပြားဟာ နီရဲနေပြီး တစ်ခါတစ်ရံမှာ အနီရောင်အရေးအကြောင်းတွေဟာ ဖြစ်ပွားရာနေရာကနေ ဖြာထွက်နေတတ်ပါတယ်။ ဖျားခြင်း။

 

ခန္ဓာကိုယ်ချမ်းတုန်ဖျားခြင်း၊ တုပ်ကွေးဖြစ်ပွားတဲ့လက္ခဏာများတွေ့ရခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ ခွန်အားမရှိခြင်း။ နို့အုံရောင်ရမ်းနာဟာ နို့ခဏခဏတိုက်ပြီး နို့ကုန်အောင် မတိုက်ခြင်း၊ နို့ရည်စီးဆင်းခြင်းကို အဟန့်အတားဖြစ်စေမယ့် တင်းကျပ်တဲ့ ဘရာစီယာဝတ်ဆင်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

နို့သီးခေါင်းဒဏ်ရာရခြင်း၊ အရေပြားပွန်းပဲ့ခြင်းဖြစ်ရင်လည်း ဘက်တီးရီးယားပိုးမွှားဟာ နို့အုံထဲကို ဝင်ရောက်နိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီး ဆေးသောက်ရမယ့်အပြင် မေမေ့အနေနဲ့အောက်ပါအချက်တွေကိုလည်း မဖြစ်မနေလိုက်နာဖို့လိုပါတယ်။

(၁) ကလေးကို နို့ဆက်တိုက်ပါ။ နို့မတိုက်ရင် ပိုပြီးမအီမသာဖြစ်စေပါတယ်။

 

(၂) ကလေးငယ်ကို ထိခိုက်မှု မဖြစ်စေပါဘူး။

(၃) နို့အုံရောင်ရမ်းနာဖြစ်ရုံနဲ့ နို့မှုန့်အစပြုဖို့မလိုပါဘူး။

 

(၄) ရောင်နေတဲ့ဘက်နဲ့ နို့တိုက်ရတာ အရမ်းနာကျင်တယ်ဆိုရင် အဝတ်စကို ရေနွေးစွတ်ပြီး ဖိကပ်ပေးပါ။ နှိပ်နယ်ပေးပါ။ ပြီးရင် နို့ကိုလက်နဲ့ညှစ်ထုတ်ပေးပါ။ နို့အုံထဲမှာ နို့မကျန်အောင် ဒီအတိုင်း မကြာမကြာလုပ်ပေးပါ။

(၅) ကလေးကို မကြာမကြာမိခင်နို့တိုက်ပါ။ အချိန်မဆွဲမိပါစေနဲ့။

(၆) ကိုယ်ရော စိတ်ပါ အနားယူပါ။

Read times
Rate this item
(0 votes)