What's New




Tuesday, 20 June 2023 18:16

လျှာခြစ်ခြင်းသည် ခံတွင်းအနံ့ဆိုးနှင့် ဘက်တီးရီးယားများ ပိုများလာခြင်းကို ကာကွယ်နိုင်ပါသလား

လျှာခြစ်ခြင်းသည် ခံတွင်းအနံ့ဆိုးနှင့် ဘက်တီးရီးယားများ ပိုများလာခြင်းကို ကာကွယ်နိုင်ပါသလား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှာခြစ်ခြင်းသည် ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်ပြီး ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုကြသည်။ 

အဲဒါ အမှန်ပဲလား။  အဘယ့်ကြောင့်နည်း။

,

လျှာခြစ်သည့်အခါ တစ်ခါတစ်ရံ လျှာပေါ်တွင် ဖြစ်ပေါ်တတ်သော အဖြူရောင် သို့မဟုတ် အဝါရောင် အလွှာကို ဖယ်ရှားရန် လျှာခြစ်တံကို အသုံးပြုသည်။

.

၎င်းအလွှာသည် အစာအကြွင်းအကျန်များ၊ အရေပြားဆဲလ် အသေများနှင့် ဘက်တီးရီးယားပိုးများ စုပုံလာခြင်းကြောင့် ဖြစ်တည်လာသည်ဟု University of Pittsburgh သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆေးပညာ လက်ထောက်ပါမောက္ခ ဒေါက်တာ Martinna Bertolini က ပြောကြားသည်။

"ခန္ဓာကိုယ်တစ်ခုလုံးမှာ အဖုသေးသေးလေးတွေပါတဲ့ တစ်ရှူးဆိုလို့ လျှာတစ်ရှူးပဲ ရှိတယ်" ဟု Dr Bertolini က ပြောသည်။

အလွန်သေးငယ်သော အဖုများသည် လျှာက အစာကို ချိတ်ငြိဖို့ ကူညီပေးသည်။ ယင်းတို့တွင် အရသာခံသည့် အဖုငယ်များလည်း ပါသည်။

အဖုများနှင့်အတူ အမြောင်းများလည်း ရှိနေပြီး ၎င်းအမြောင်းများထဲတွင် အစာ အကြွင်းအကျန်များ၊ ဘက်တီးရီးယားများ ခိုအောင်းသည်။ ၎င်းတို့သည် များသောအားဖြင့် အနံ့အသက် မကောင်းကြချေ။ ၎င်းတို့ကို လျှာခြစ်တံဖြင့် ခြစ်ထုတ်ပစ်ကြသည်။

ယခုအခါ ပလတ်စတစ် လျှာခြစ်တံကို အသုံးများကြသည်။ 

.

အနံ့အသက် မကောင်းရသည်မှာ ခိုအောင်းနေသော ဘက်တီးရီးယားများသည် အနံ့မကောင်းသည့် ဂက်စ်ကို ထုတ်လွှတ်နေကြသောကြောင့် ဖြစ်သည်။ အာပုပ်နံ့ ထွက်နေစေသည်။ 

သို့ဖြစ်ရာ ခံတွင်း အာပုပ်နံ့ ထွက်နေလျှင် လျှာခြစ်ပေးသင့်ပါသည်ဟု ဘယ်လ်ဂျီယံနိုင်ငံရှိ တက္ကသိုလ်ဆေးရုံ CHU de Liege မှ အထူးကုဆရာဝန် Isabelle Laleman က ပြောကြားသည်။

Listerine ကဲ့သို့သော ခံတွင်းဆေးကြောသည့် အရည်မျိုးသည် အနံ့ကို ဖုန်းကွယ်ပေးထားခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

သို့ဖြစ်ရာ အနံ့ဆိုး ထုတ်လွှတ်နေသည့် ဘက်တီးရီးယားများကို ရှင်းထုတ်ပစ်ရန် လျှာခြစ်တံဖြင့် ခြစ်ထုတ်ပစ်ခြင်းသည်သာ အကောင်းဆုံးဟု Dr Laleman က ပြောကြားသည်။

.

သို့သော် ပုံမှန် လျှာခြစ်ပေးနေဖို့လိုသည်။ လျှာခြစ်ခြင်းသည် နောက်ထပ် ဘက်တီးရီးယားများ ပြန်ရောက်မလာအောင် တားဆီးပေးနိုင်ခြင်း မရှိပေ။ "ဒါကို နေ့တိုင်းမလုပ်ရင် ပြန်‌ရောက်လာမှာပါ"ဟု သူမက ပြောကြားသည်။

.

Dr Bertolini က အနံ့ဆိုး ထွက်သူများသာ လျှာခြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဖို့ အမှန်တကယ် လိုအပ်နေသောကြောင့်ဖြစ်သည်။

ခံတွင်း ကျန်းမာရေး ကောင်းမွန်နေပြီး အသက်ရူထုတ်လျှင် အနံ့ဆိုး မထွက်ပါက လျှာခြစ်ရန် မလိုဟု သူမက ပြောကြားသည်။ သို့သော် ဆန္ဒရှိသည့်အလျောက် လျှာခြစ်လျှင်လည်း ဆိုးကျိုးမရှိဟု သူမက ပြောကြားသည်။

;

Dr Bertolini နှင့် Dr Dasanayake တို့ နှစ်ဦးစလုံးသည် မနက် တကြိမ်၊ ညတကြိမ် သွားတိုက်သည်။ သွားတိုက်ပြီးတိုင်း လျှာခြစ်ကြသည်။ သို့ဖြစ်ရာ တစ်ရက်လျှင် ၂ ကြိမ် လျှာခြစ်သည်။ 

ထို့ပြင် Dr Dasanayake က အစာတစ်နပ် စားပြီးတိုင်း လျှာခြစ်သည်။ 

 Dr Laleman က များသောအားဖြင့် တရက် ၂ ကြိမ်သာ လျှာခြစ်သည်။ ခံတွင်း အနံ့မကောင်းသည့်အခါမှသာ ကြိမ်ရေ တိုးပြီး လျှာခြစ်သည်။ 

 လျှာခြစ်တံ အလွယ်တကူ မရပါက ဇွန်းဖြင့် ခြစ်ပေးနိုင်သည်။ အားနည်းချက်မှာ လျှာနောက်ဘက်ပိုင်းကို ခြစ်မည်ဆိုပါက အဆင်မပြေ။ 

.

● လျှာခြစ်လျှင် ခပ်ကြမ်းကြမ်း ဖိမခြစ်သင့်

● သွားပွတ်တံကို မသုံးသင့်၊ ထိရောက်မှု မကောင်း

● သွားပွတ်ကြိုးကို လုံးဝ မသုံးရ

● လျှာတစ်ပြင်လုံးကို အနည်းဆုံး သုံး‌လေးကြိမ် ခြစ်ပေးရမည်

 

ဟု Dr Bertolini က ပြောကြားသည်။

 Source cnalifestyl

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 20 June 2023 18:20
Rate this item
(0 votes)