နှလုံးရောဂါကို ခံစာနေရာသူတစ်ယောက်အနေဖြင့် နေ့စဉ်နှင့်အမျှ စားသောက်မှုပုံစံနဲ့ နေထိုင်မှု ပုံစံတွေက အရေးပါလှပါတယ်။
သင့်မှာ နှလုံးနှင့်ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားနေရပြီးဆိုရင် အောက်ပါအချက်ကို လိုက်နာဖို့ လိုပါတယ်နော်....
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက နှလုံးခုန်နှုန်းကို ထိခိုက်စေတယ်ဆိုတာ အကုန်လုံးသိထားမှာပါ။ ဆေးလိပ်မှာပါသော နီကိုတင်း (ခေါ်) ဆေးရွက်ကြီး၏ အငွေ့ကို ရှုချလိုက်မိခြင်းက နှလုံးနှင့် အဆုတ် အသက်ရူ လမ်းကြောင်း ကိုပိတ်ဆို့ထားသလို ဖြစ်သောကြောင့် သွေးခုနှုန်း မမှန်ခြင်း နဲအသက်ရူကျပ်ခြင်း တို့ကို ဖြစ်ပေါ်စေတယ်။
Cholesterol - ကိုလက်စထော် ကို ပုံမှန်စစ်ဆေးခြင်း
Cholesterol - ကိုလက်စထော်က သွေးထဲရှိ အဆီဓာတ်ကို သယ်ဆောင်ပေးရတဲ့အပြင် ကိုယ်ခန္ဓာကျန်းမာဖို့ ကိုလက်စထော်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုလက်စထော်ကို ညီမျှမှုရှိရင်တော့ နှလုံးရောဂါ နဲ့ လေဖြတ် ခြင်းများကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် cholesterol ကို ညီမျှ အောင်ပုံမှန်တိုင်းတားစစ်ဆေးပါ။
သွေးပေါင် ပုံမှန်တိုင်းတာခြင်း
သွေးပေါင်က သာမာလူတစ်ဦးမှာ အောက်သွေး ၈၀ နှင့် အပေါ်သွေး ၁၂၀ ရှိ ရမည်။ အက်ဓိထက် လျော့ခြင်း တိုးခြင်းများ ဖြစ်ပေါ်လာလျှင် ဆရာဝန်များနဲ့ တိုင်ပင်ကုသပါ။
ဆီးချိုရောဂါ ပုံမှန်စစ်ဆေးခြင်း
ဆီးချိုရောဂါကို ရှာဖွေစစ်ဆေးခြင်းကလည်း နှလုံးရောဂါ နဲ့ လေဖြတ်တာတွေကို လျော့ချနိုင်သောနည်း လမ်းတစ်ခုဖြစ်တယ်။ ဒီအချက် အလက်ကြောင့် ဆီးချိုရောဂါ ဖြစ်ခြင်းလျော့နိုင်ရန် trans ( ခေါ်) အဆီများ၊ အချိုများ အလွန်ကျွံ စားသုံးခြင်းကို ရှောင်ကျဉ်ပါ။
ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
ကိုယ်လက်လေ့ကျင်းခန်း ပြုလုပ်ပေးခြင်းကလည်း နှလုံးသွေးခုန်နှုန်း နဲ့ သွေးလည်ပတ်မှုနှုန်းကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ နှလုံးရောဂါရှိသူများအနေဖြင့် ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ရှောင်ကျဉ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက နှလုံးခုန်နှုန်းကို မြန်စေသောကြောင့် နှလုံးရောဂါရှိသူများနေဖြင့် အမောဖောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
ကိုယ် အလေးချိန် ထိမ်းသိန်းခြင်းကလည်း နှလုံုးရောဂါ ဖြစ်ခြင်းနဲ့ အခြားကျန်းမာရေးဆိုင်ရာ ပြဿနာ ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းထားခြင်းကလည်း ဆီချိုသွေးချို နဲ့ နှလုံးအဆီပိတ်ခြင်း များတွေကို လျော့ချနိုင်ပါတယ်။
အာဟာရရှိသော အစားအစာများစားသုံးခြင်း
အာဟာရရှိသော အစားအစာများစားသုံးခြင်းကလည်း ကိုယ်အလေးချိန်၊ သွေးခုန်နှုန်းမှန်ခြင်း နဲ့ cholesterol အတွက် အလွန်ကောင်းမွန်ပါတယ်။ အစားစာများက နှလုံးရောဂါဖြစ်ခြင်းကို လည်းလျော့ချနိုင်တယ်။
စိတ်ချမ်းသာအောင်နေထိုင်ခြင်း
စိတ်ဖိစီးမှုများကြောင့် ပျော်ရွှင်စရာကောင်းသော အချိန်တွေ ကုန်ဆုံးသွာခဲ့ဖူးမှာပါ။ စိတ်ဖိစီးမှုများကလည်း အစာအိမ် ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာရောဂါ နှင့် နှလုံးရောဂါ ဖြစ်ပေါ်စေနိုင်သော အကြောင်း အရာတစ်ခုဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ၂ ပတ်ဆက်တိုက်ဖြစ်ပေါ် ခဲ့လျှင်တော့ ဆရာဝန် ၊ မိသားစုဝင် နဲ သူငယ်ချင်း များကို ပြောပြပြီး စိတ်ချမ်းသာအောင်နေထိုင်ဖို့ လိုပါမယ်။
Written by Health Products Directory
(Zawgyi)
----------
နှလုံးကျန်းမာအောင် ဂရုစိုက်ပြီး လျော့ချနိုင်မည့် နည်းလမ်းများ
ဆေးလိပ်သောက်ခြင်း