What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 November 2019 12:27

Glaucoma Surgery ( မ်က္စိေရတိမ္ ခြဲစိတ္ကုသျခင္း)

မ်က္စိေရတိမ္ခြဲစိတ္ျခင္းကို ေဆးပညာအရ trabeculectomy လို႔ေခၚၿပီး မ်က္စိအာ႐ုံေၾကာေတြ ေနာက္ထပ္ ထိခိုက္မႈ ေလွ်ာ့ခ်ဖို႔ ျပဳလုပ္တာ ျဖစ္ပါတယ္။

ေရတိမ္ဟာ မ်က္စိထဲမွာ အရည္မ်ား ပုံမွန္အတိုင္း မဟုတ္ဘဲ စီးထြက္ၿပီး ဖိအားျမင့္တက္လာၿပီး အာ႐ုံေၾကာ ထိခိုက္မႈကို ျဖစ္ေစပါတယ္။ အသက္ ၄၀ ေက်ာ္အရြယ္ ၅၀ ေက်ာ္ေလာက္မွာ ျဖစ္ႏိုင္ျပီး ပိုဆိုးလာရင္ မ်က္စိကြယ္သည္အထိ ျဖစ္ႏုိင္ပါတယ္။

 

ေရတိမ္ခြဲစိတ္ျခင္းဟာ မ်က္စိထဲက ဖိအားေတြ ေလ်ာ့သြားေအာင္ အရည္မ်ားကို စီးထြက္ေစျခင္းပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေရတိမ္ရဲ႕ဖိအားေၾကာင့္ ျဖစ္ေနတဲ့ နာက်င္မႈကို ေလ်ာ့က်ေစပါတယ္။

 

ခြဲစိတ္မႈကို မေ႐ြးခ်ယ္ခင္မွာ ေဆးဝါးကုသမႈကို ျပဳလုပ္ပါတယ္။ ေလဆာေရာင္ျခည္နဲ႔ ခြဲစိတ္ျခင္းဟာလည္း ေ႐ြးခ်ယ္မႈ တခုျဖစ္ပါတယ္။ ေလဆာေရာင္ျခည္နဲ႔ အဆင္မေျပတဲ့အခါ ပုံမွန္ခြဲစိတ္ျခင္းကို ျပဳလုပ္ပါတယ္။ တခါတရံမွာ ေရတိမ္နဲ႔ အတြင္းတိမ္ခြဲစိတ္မႈကို ေပါင္းစပ္ျပဳလုပ္ရပါတယ္။

 

ေရတိမ္ခြဲစိတ္မႈရဲ႕ အေတြ႕အမ်ားဆုံး ျပသနာကေတာ့ အမာ႐ြတ္ျဖစ္ျခင္းပါပဲ။ တခါတရံမွာ အမာ႐ြတ္ဟာ မ်က္လုံးရဲ႕ အရည္စီးဆင္းမႈကို အဟန႔္အတားျဖစ္ၿပီး အရည္ဖု ျဖစ္လာေစပါတယ္။ ဒီအရည္ဖုက ဒုကၡေပးတဲ့အခါ ခြဲစိတ္မႈဖို႔ လိုအပ္ပါတယ္။

 

Mitomycin ဆိုတဲ့ေဆးကို ခြဲစိတ္မႈျပဳလုပ္ေနစဥ္ အတြင္းမွာ အမာ႐ြတ္မျဖစ္ေအာင္ ကာကြယ္ဖို႔ သုံးပါတယ္။ 5-fluorouracil ေဆးကို အသုံးမ်ားေပမယ့္ ခြဲစိတ္မႈၿပီးခ်ိန္မွာေတာ့ မသုံးႏိုင္ပါဘူး။ 5-fluorouracil ကို ခြဲစိတ္ေနစဥ္မွာ သုံးႏိုင္သလို ခြဲစိတ္ၿပီးခ်ိန္မွာ အမာ႐ြတ္ မျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ႔ မ်က္သားထဲကို ထိုးသြင္းႏိုင္ပါတယ္။

 

ခြဲစိတ္မႈအၿပီးမွာ ျဖစ္ႏိုင္တဲ့ ေနာက္ဆက္တြဲ ျပသနာေတြကေတာ့

အျမင္အာ႐ုံေဝဝါးျခင္း ၊ မ်က္စိအတြင္း ေသြးထြက္ျခင္း ၊ ဗဟိုအျမင္အာ႐ုံ အၿမဲတမ္း ကြယ္သြားျခင္း။ မခြဲခင္မွာ အျမင္အာ႐ုံ ဘယ္ေလာက္ ထိခိုက္ထားသလဲ ဆိုတာအေပၚ မူတည္ပါတယ္။ မ်က္လုံးတြင္ ေရာဂါပိုးဝင္ျခင္း ၊ မ်က္စိေရခ်ိန္တက္ျခင္း၊ မ်က္စိေရွ႕ပိုင္းမွာ ကြက္လပ္ျဖစ္သြားေစၿပီး ေရတိမ္အျပင္းစား ျဖစ္ႏိုင္ပါတယ္။ ရွားေတာ့ရွားပါတယ္။

 

ခြဲစိတ္ၿပီး ေနာက္ပိုင္းမွာ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲ ျပသနာေတြကေတာ့ မခြဲစိတ္မီထက္ ပိုဆိုးေသာ အတြင္းတိမ္ျဖစ္ျခင္း ၊ မ်က္လုံး၏ ေနာက္ပိုင္းတြင္ရွိေသာ အာ႐ုံေၾကာတြင္ အေျပာင္းအလဲမ်ား ျဖစ္ေပၚျခင္း ၊ ေရာဂါပိုးဝင္ျခင္း ၊ မ်က္ခမ္းတြဲက်ျခင္း စတာေတြ ျဖစ္ပါတယ္။ ခြဲစိတ္မႈမခံယူခင္မွာ ျဖစ္ႏိုင္ေျခ အႏၲရာယ္ေတြ ေနာက္ဆက္တြဲ ျပသနာေတြကို သိရွိနားလည္ထားဖို႔ လိုပါတယ္။ သိလိုတာေတြရွိရင္ ဆရာဝန္နဲ႔ တိုင္ပင္ႏိုင္ပါတယ္။

 

ခြဲစိတ္ၿပီး နာရီအနည္းငယ္ၾကာအၿပီးမွာ အိမ္ျပန္ႏိုင္ပါတယ္။ ပထမတပတ္အတြင္းမွာ ဆရာဝန္ဟာ မၾကာခဏ ျပန္ခ်ိန္းၿပီး ၾကည့္ရႈစစ္ေဆးပါလိမ့္မယ္။ လူအမ်ားစုဟာ အလုပ္ကေန ၂ပတ္ေလာက္ အနားယူဖို႔ လိုပါတယ္။ ဆရာဝန္နဲ႔ ျပန္လည္ၿပီး မစစ္ေဆးရေသးခင္အထိ ေရကူးျခင္း၊ အေလးအပင္မျခင္း၊ ခါးေအာက္ပိုင္းထိ ေခါင္းငုံ႔ျခင္းစတာေတြ မျပဳလုပ္ရပါဘူး။

 

ေလ့က်င့္ခန္းပုံမွန္လုပ္ျခင္းဟာ ပုံမွန္လႈပ္ရွားမႈေတြကို ျမန္ျမန္ဆန္ဆန္ ျပန္ရေစပါတယ္။ ေလ့က်င့္ခန္းမလုပ္ခင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ လူအမ်ားစုဟာေတာ့ မ်က္စိေရတိမ္ခြဲစိတ္မႈအၿပီးမွာ ပိုၿပီး ေကာင္းမြန္သြားၾကပါတယ္။

 

Hello Health Group

{Unicode}

=======

Glaucoma Surgery ( မျက်စိရေတိမ် ခွဲစိတ်ကုသခြင်း)

မျက်စိရေတိမ်ခွဲစိတ်ခြင်းကို ဆေးပညာအရ trabeculectomy လို့ခေါ်ပြီး မျက်စိအာရုံကြောတွေ နောက်ထပ် ထိခိုက်မှု လျှော့ချဖို့ ပြုလုပ်တာ ဖြစ်ပါတယ်။ ရေတိမ်ဟာ မျက်စိထဲမှာ အရည်များ ပုံမှန်အတိုင်း မဟုတ်ဘဲ စီးထွက်ပြီး ဖိအားမြင့်တက်လာပြီး အာရုံကြော ထိခိုက်မှုကို ဖြစ်စေပါတယ်။ အသက် ၄၀ ကျော်အရွယ် ၅၀ ကျော်လောက်မှာ ဖြစ်နိုင်ပြီး ပိုဆိုးလာရင် မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။

 

ရေတိမ်ခွဲစိတ်ခြင်းဟာ မျက်စိထဲက ဖိအားတွေ လျော့သွားအောင် အရည်များကို စီးထွက်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေတိမ်ရဲ့ဖိအားကြောင့် ဖြစ်နေတဲ့ နာကျင်မှုကို လျော့ကျစေပါတယ်။ ခွဲစိတ်မှုကို မရွေးချယ်ခင်မှာ ဆေးဝါးကုသမှုကို ပြုလုပ်ပါတယ်။ လေဆာရောင်ခြည်နဲ့ ခွဲစိတ်ခြင်းဟာလည်း ရွေးချယ်မှု တခုဖြစ်ပါတယ်။ လေဆာရောင်ခြည်နဲ့ အဆင်မပြေတဲ့အခါ ပုံမှန်ခွဲစိတ်ခြင်းကို ပြုလုပ်ပါတယ်။ တခါတရံမှာ ရေတိမ်နဲ့ အတွင်းတိမ်ခွဲစိတ်မှုကို ပေါင်းစပ်ပြုလုပ်ရပါတယ်။

 

ရေတိမ်ခွဲစိတ်မှုရဲ့ အတွေ့အများဆုံး ပြသနာကတော့ အမာရွတ်ဖြစ်ခြင်းပါပဲ။ တခါတရံမှာ အမာရွတ်ဟာ မျက်လုံးရဲ့ အရည်စီးဆင်းမှုကို အဟန့်အတားဖြစ်ပြီး အရည်ဖု ဖြစ်လာစေပါတယ်။ ဒီအရည်ဖုက ဒုက္ခပေးတဲ့အခါ ခွဲစိတ်မှုဖို့ လိုအပ်ပါတယ်။

 

Mitomycin ဆိုတဲ့ဆေးကို ခွဲစိတ်မှုပြုလုပ်နေစဉ် အတွင်းမှာ အမာရွတ်မဖြစ်အောင် ကာကွယ်ဖို့ သုံးပါတယ်။ 5-fluorouracil ဆေးကို အသုံးများပေမယ့် ခွဲစိတ်မှုပြီးချိန်မှာတော့ မသုံးနိုင်ပါဘူး။ 5-fluorouracil ကို ခွဲစိတ်နေစဉ်မှာ သုံးနိုင်သလို ခွဲစိတ်ပြီးချိန်မှာ အမာရွတ် မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ မျက်သားထဲကို ထိုးသွင်းနိုင်ပါတယ်။

 

ခွဲစိတ်မှုအပြီးမှာ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြသနာတွေကတော့

အမြင်အာရုံဝေဝါးခြင်း ၊ မျက်စိအတွင်း သွေးထွက်ခြင်း ၊ ဗဟိုအမြင်အာရုံ အမြဲတမ်း ကွယ်သွားခြင်း။ မခွဲခင်မှာ အမြင်အာရုံ ဘယ်လောက် ထိခိုက်ထားသလဲ ဆိုတာအပေါ် မူတည်ပါတယ်။ မျက်လုံးတွင် ရောဂါပိုးဝင်ခြင်း ၊ မျက်စိရေချိန်တက်ခြင်း၊ မျက်စိရှေ့ပိုင်းမှာ ကွက်လပ်ဖြစ်သွားစေပြီး ရေတိမ်အပြင်းစား ဖြစ်နိုင်ပါတယ်။ ရှားတော့ရှားပါတယ်။

 

ခွဲစိတ်ပြီး နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြသနာတွေကတော့ မခွဲစိတ်မီထက် ပိုဆိုးသော အတွင်းတိမ်ဖြစ်ခြင်း ၊ မျက်လုံး၏ နောက်ပိုင်းတွင်ရှိသော အာရုံကြောတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း ၊ ရောဂါပိုးဝင်ခြင်း ၊ မျက်ခမ်းတွဲကျခြင်း စတာတွေ ဖြစ်ပါတယ်။

 

ခွဲစိတ်မှုမခံယူခင်မှာ ဖြစ်နိုင်ခြေ အန္တရာယ်တွေ နောက်ဆက်တွဲ ပြသနာတွေကို သိရှိနားလည်ထားဖို့ လိုပါတယ်။ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ ခွဲစိတ်ပြီး နာရီအနည်းငယ်ကြာအပြီးမှာ အိမ်ပြန်နိုင်ပါတယ်။ ပထမတပတ်အတွင်းမှာ ဆရာဝန်ဟာ မကြာခဏ ပြန်ချိန်းပြီး ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။

 

လူအများစုဟာ အလုပ်ကနေ ၂ပတ်လောက် အနားယူဖို့ လိုပါတယ်။ ဆရာဝန်နဲ့ ပြန်လည်ပြီး မစစ်ဆေးရသေးခင်အထိ ရေကူးခြင်း၊ အလေးအပင်မခြင်း၊ ခါးအောက်ပိုင်းထိ ခေါင်းငုံ့ခြင်းစတာတွေ မပြုလုပ်ရပါဘူး။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် ပြန်ရစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ လူအများစုဟာတော့ မျက်စိရေတိမ်ခွဲစိတ်မှုအပြီးမှာ ပိုပြီး ကောင်းမွန်သွားကြပါတယ်။

Read times
Rate this item
(0 votes)