What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 October 2019 16:16

ဆီးချိုဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တဲ့ နို့ပုံမှန်သောက်သုံးခြင်း

နို့ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ရဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ နေ့စဉ် နို့တစ်ခွက်ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါမှ ၁၂ ရာခိုင်နှုန်း၊ သွေးတိုးရောဂါမှ ၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ မြန်မာနိုင်ငံမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာ လူဦးရေရဲ့ ၁၀.၅ ရာခိုင်နှုန်း (လူဦးရေ ၂.၅ သန်း)၊ ဆီးချိုရောဂါအကြိုအဆင့် ဖြစ်ပွားမှုနှုန်းဟာ ၁၉.၅ ရာခိုင်နှုန်းရှိရာ ဆီးချိုဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများထဲက တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။

 

ဆီးချိုရောဂါဟာ မျိုးရိုးဗီဇ၊ မျိုးရိုးလိုက်ခြင်းနဲ့ အနေအထိုင် ဘ၀ ပတ်ဝန်းကျင် အစရှိတဲ့ အကြောင်းအရင်းကြီး နှစ်ခုကြောင့် ဖြစ်ပွားရတယ်လို့ ရန်ကုန်မြို့ ပါရမီဆေးရုံက ကလေးအထူးကုဆရာဝန် ဒေါက်တာအေးသီတာသန်းက ရှင်းပြပါတယ်။

 ၃ ရက်အတွင်း ၁၀ ပေါင် ကျအောင် လုပ်ကြမယ် ဖတ်ရှုရန် နှိပ်ပါ။

၃ ရက္အတြင္း ၁၀ ေပါင္ က်ေအာင္ လုပ္ၾကမယ္

 

“ပတ်ဝန်းကျင် အကြောင်းအရင်းဆိုတာက လူနေထိုင်မှုပုံစံနဲ့ ချိတ်ဆက်နေပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးနဲ့ မလျော်ညီတဲ့ အစားအစာတွေကို စားသောက်ခြင်းက ဆီးချိုရောဂါ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းထဲက တစ်ခုပါ။ ကလေးတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အသိက မြန်မာနိုင်ငံမှာ အရမ်းနည်းပါသေးတယ်။

 

လူနေမှုအဆင့်အတန်း နိမ့်ကျတာတို့၊ ကျန်းမာရေးအသိ နည်းပါးတာတို့ကြောင့် တစ်ချို့မိဘတွေဆိုရင် ကိုယ့်ကလေး ရေအလွန်အမင်း ဆာနေသလား၊ ဆီးမကြာခဏသွားနေလား၊ ချွေးအလွန်ထွက်နေလား စတဲ့ဆီးချိုရောဂါရဲ့ အခြေခံ လက္ခဏာတွေကိုတောင် သတိမထားမိကြဘူး။

 

ဆီးချိုရောဂါဝေဒနာရှင်ပဲဖြစ်ဖြစ် ဆီးချို အကြိုအဆင့်ရောက်ရှိနေသူပဲဖြစ်ဖြစ် ကာဗွန်ဟိုက်ဒရိတ်နဲ့ ဂလူးကို့စ်စားသုံးမှုကို လျှော့ကိုလျှော့ချရပါမယ်။ ပြီးတော့ အဆီကိုလျှော့စားပြီး အသားဓာတ်ဖြစ်တဲ့ ပရိုတင်းကို ပိုစားပေးရပါမယ်။ ဒါကြောင့်မို့ ကျွန်မတို့ကတော့ လူနာတွေကို နို့သောက်ဖို့ recommend ပေးပါတယ်” လို့ ဒေါက်တာအေးသီတာသန်းက ရှင်းပြပါတယ်။

 

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ကဲ့သို့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆီးချိုနဲ့ သွေးတိုးရောဂါမှ လျှော့ချကာကွယ်ပေးနိုင်ပါတယ်။ သတ္တုဓာတ်တွေကခန္ဓာကိုယ် ရဲ့ ဟော်မုန်းဓာတ်တစ်ခုဖြစ်တဲ့ အင်ဆူလင်ထွက်နှုန်းကို တိုးမြှင့်စေပြီး သွေးတွင်းသကြားဓာတ် ပါဝင်မှုကို ထိန်းညှိပေးနိုင်ပါတယ်။

 

ကလေးတွေမှာ နို့ဟာ အဆိုပါသကြားဓာတ်ကို ထိန်းညှိ ပေးနိုင်ရုံသာမက အရိုးှ်နဲ့ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေပြီး ကလေးတွေရဲ့ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တစ်ခုလုံးကို အထောက်အကူပြုပေးပါတယ်။

 

(Zawgyi)

-----------

ဆီးခ်ိဳျဖစ္ပြားမႈႏႈန္းကုိ ေလွ်ာ့ခ်ေပးႏိုင္တဲ့ ႏို႕ပံုမွန္ေသာက္သံုးျခင္း

 

ႏို႔ကုိပုံမွန္ေသာက္သုံးေပးျခင္းျဖင့္ ျမန္မာႏုိင္ငံမွာ ျဖစ္ပြားေနတဲ့ ဆီးခ်ိဳေရာဂါ ျဖစ္ပြားမႈႏႈန္းကုိ ေလွ်ာ့ခ်ေပးႏိုင္တယ္လုိ႔ သိရပါတယ္။ စင္ကာပူအမ်ိဳးသားတကၠသိုလ္ (NUS) ရဲ႕ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ ေန႕စဥ္ ႏို႕တစ္ခြက္ပံုမွန္ေသာက္ျခင္းျဖင့္ ဆီးခ်ိဳေရာဂါမွ ၁၂ ရာခိုင္ႏႈန္း၊ ေသြးတိုးေရာဂါမွ ၆ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္တယ္လုိ႔ သိရပါတယ္။

 

က်န္းမာေရး၀န္ၾကီးဌာနရဲ႕ ၂၀၁၄ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ ျမန္မာႏိုင္ငံမွာ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္းဟာ လူဦးေရရဲ႕ ၁၀.၅ ရာခိုင္ႏႈန္း (လူဦးေရ ၂.၅ သန္း)၊ ဆီးခ်ိဳေရာဂါအၾကိဳအဆင့္ ျဖစ္ပြားမႈႏႈန္းဟာ ၁၉.၅ ရာခိုင္ႏႈန္းရွိရာ ဆီးခ်ိဳျဖစ္ပြားမႈႏႈန္း ျမင့္မားလ်က္ရွိတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားထဲက တစ္ခုအပါအ၀င္ျဖစ္လာခဲ့ပါတယ္။ ဆီးခ်ိဳေရာဂါဟာ မ်ိဳးရိုးဗီဇ၊ မ်ိဳးရိုးလိုက္ျခင္းနဲ႔ အေနအထိုင္ ဘ၀ ပတ္၀န္းက်င္ အစရွိတဲ့ အေၾကာင္းအရင္းၾကီး နွစ္ခုေၾကာင့္ ျဖစ္ပြားရတယ္လုိ႔ ရန္ကုန္ျမိဳ႕ ပါရမီေဆးရံုက ကေလးအထူးကုဆရာ၀န္ ေဒါက္တာေအးသီတာသန္းက ရွင္းျပပါတယ္။

 

“ပတ္၀န္းက်င္ အေၾကာင္းအရင္းဆိုတာက လူေနထိုင္မႈပံုစံနဲ႕ ခ်ိတ္ဆက္ေနပါတယ္။ ဥပမာအားျဖင့္ က်န္းမာေရးနဲ႕ မေလ်ာ္ညီတဲ့ အစားအစာေတြကို စားေသာက္ျခင္းက ဆီးခ်ိဳေရာဂါ ျဖစ္ပြားရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းထဲက တစ္ခုပါ။ ကေလးေတြအေနနဲ႔ က်န္းမာေရးနဲ႕ ညီညြတ္ေအာင္ ဘယ္လိုေနထိုင္ရမယ္ဆိုတဲ့ အသိက ျမန္မာႏိုင္ငံမွာ အရမ္းနည္းပါေသးတယ္။

 ၃ ရက္အတြင္း ၁၀ ေပါင္ က်ေအာင္ လုပ္ၾကမယ္ ဖတ္ရႈရန္ ႏွိပ္ပါ။

၃ ရက္အတြင္း ၁၀ ေပါင္ က်ေအာင္ လုပ္ၾကမယ္

 

လူေနမႈအဆင့္အတန္း နိမ့္က်တာတို႕၊ က်န္းမာေရးအသိ နည္းပါးတာတို႕ေၾကာင့္ တစ္ခ်ိဳ႕မိဘေတြဆိုရင္ ကိုယ့္ကေလး ေရအလြန္အမင္း ဆာေနသလား၊ ဆီးမၾကာခဏသြားေနလား၊ ေခၽြးအလြန္ထြက္ေနလား စတဲ့ဆီးခ်ိဳေရာဂါရဲ႕ အေျခခံ လကၡဏာေတြကိုေတာင္ သတိမထားမိၾကဘူး။

 

ဆီးခ်ိဳေရာဂါေ၀ဒနာရွင္ပဲျဖစ္ျဖစ္ ဆီးခ်ိဳ အၾကိဳအဆင့္ေရာက္ရွိေနသူပဲျဖစ္ျဖစ္ ကာဗြန္ဟိုက္ဒရိတ္နဲ႕ ဂလူးကို႕စ္စားသံုးမႈကို ေလွ်ာ့ကိုေလွ်ာ့ခ်ရပါမယ္။ ျပီးေတာ့ အဆီကိုေလွ်ာ့စားျပီး အသားဓာတ္ျဖစ္တဲ့ ပရိုတင္းကို ပိုစားေပးရပါမယ္။ ဒါေၾကာင့္မို႔ ကၽြန္မတို႕ကေတာ့ လူနာေတြကို ႏို႕ေသာက္ဖို႕ recommend ေပးပါတယ္” လုိ႔ ေဒါက္တာေအးသီတာသန္းက ရွင္းျပပါတယ္။

 

ႏို႕နဲ႔ႏို႕ထြက္ပစၥည္းေတြမွာ ကယ္လ္စီယမ္ကဲ့သို႕ သတၱဳဓာတ္ေတြ ၾကြယ္၀စြာပါ၀င္တဲ့အတြက္ ဆီးခ်ိဳနဲ႔ ေသြးတိုးေရာဂါမွ ေလွ်ာ့ခ်ကာကြယ္ေပးႏိုင္ပါတယ္။ သတၱဳဓာတ္ေတြကခႏၶာကိုယ္ ရဲ႕ ေဟာ္မုန္းဓာတ္တစ္ခုျဖစ္တဲ့ အင္ဆူလင္ထြက္ႏႈန္းကို တိုးျမွင့္ေစျပီး ေသြးတြင္းသၾကားဓာတ္ ပါ၀င္မႈကို ထိန္းညွိေပးႏိုင္ပါတယ္။

 

ကေလးေတြမွာ ႏို႕ဟာ အဆိုပါသၾကားဓာတ္ကို ထိန္းညွိ ေပးႏိုင္ရံုသာမက အရိုးွ္နဲ႔ၾကြက္သားေတြကို ၾကံ႕ခိုင္သန္မာေစျပီး ကေလးေတြရဲ႕ ခႏၶာကုိယ္ ၾကီးထြား ဖြံ႕ျဖိဳးမႈ လုပ္ငန္းစဥ္တစ္ခုလံုးကုိ အေထာက္အကူျပဳေပးပါတယ္။

Read times Last modified on Friday, 07 February 2020 15:40
Rate this item
(1 Vote)