What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 September 2022 15:21

ကြက်သွန်ဖြူကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို လူတိုင်းသိ ထား ပြီးဖြစ်မှာပါ။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ယားယံတာ၊ ရောဂါပိုးဝင်တာနဲ့ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။

 

ကြက်သွန်ဖြူကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး နဲ့အလှအပရေး ရာဆိုင်ရာ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆံပင်ကျွတ်ခြင်းကိုသက်သာစေ

အခွံခွာပြီးဖြစ်တဲ့ ကြက်သွန်ဖြူအမြွှာကို ဦးရေပြားအား ပွတ်ပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေကာ ဆံပင်အမြစ်ကို ပိုမိုသန်မာစေပါတယ်။

 

အအေးမိ၊ချောင်းဆိုးခြင်းကို သက်သာစေ

ကြက်သွန်ဖြူ ရေနွေးကြမ်းက အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းတွေကို သက်သာစေ ပါတယ်။ ကြက်သွန်ဖြူရေနွေးကြမ်းကို ပြုလုပ်ပုံကတော့ ကြက်သွန်ဖြူနှစ်မြွှာကို ပွတ်ပွတ်ဆူနေတဲ့ ရေနွေးထဲကို မိနစ်အနည်းငယ်ကြာထည့်ပါ။ အရသာကောင်းစေချင်တယ်ဆိုရင်တော့ ဂျင်းနဲ့ပျားရည်ကို ထပ်ထည့် ပေးလို့ ရပါတယ်။ ကြက် သွန်ဖြူရေနွေးကြမ်းကို သောက်ပေးခြင်းအားဖြင့် အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းကို (၁၀) မိနစ်လောက်အတွင်း သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

 

အရေပြား အဖုအပိန့်ထွက်ခြင်းကို သက်သာစေ

ကြက်သွန်ဖြူဆီကို အဖုအပိန့်ထွက်တဲ့နေရာတွေမှာ အစက်အနည်းငယ် ချပေးခြင်းအားဖြင့် အရေပြားမှာ ထွက်နေတဲ့ အဖုအပိန့်တွေ သက်သာပျောက်ကင်းကာ နူးညံ့သွားစေမှာဖြစ်ပါတယ်။

 

Myittar-Mon.jpg

 

နားယားခြင်းကို သက်သာစေ

အခွံခွာပြီး ကြက်သွန်ဖြူတစ်မြွှာကို နားထဲမှာ တစ်ညလောက် ထည့်ပေးခြင်း အားဖြင့် (နားအတွင်းထဲကို မဝင်အောင် သတိပြုပါ) နောက်တစ်နေ့ အိပ်ယာက နိုးရင် နားယားတာတွေ သိသိသာသာ သက်သာသွားစေမှာဖြစ်ပါတယ်။

 

ဆီးချိုရောဂါကို သက်သာစေ

ကြက်သွန်ဖြူဟာ သွေးထဲက သကြား levels ကို ထိန်းညှိပေးနိုင်တဲ့ အင်ဆူ လင်ဓာတ်ထုတ်မှုကို အထောက်အကူဖြစ်စေပြီး ဆီးချိုရောဂါရှင်များအနေနဲ့ ကြက်သွန်ဖြူကို ဒီတိုင်း သို့မဟုတ် ကြက်သွန်ဖြူရေနွေး ကြမ်းကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။

 

သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်

နေ့စဉ် ကြက်သွန်ဖြူ နှစ်မြွှာ သုံးမြွှာကို စားသုံးပေးခြင်းအားဖြင့် blood pressure (သွေးပေါင်ချိန်) ကို ပုံမှန် levels ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။

 

အဆစ်နာတာတွေကို သက်သာစေ

အဆစ်အမြစ်နာကျင်တာတွေအတွက်လည်း ကြက်သွန်ဖြူက အစွမ်းထက်ဆေး တစ်လက်ဖြစ်ပါတယ်။ ကြက်သွန်ဖြူဆီက အဆစ်အမြစ်နာကျင်တာတွေကို သက် သာစေပါတယ်။ အရိုးအဆစ်ယောင်ယမ်းတာနဲ့အဆစ်ရောင်နာရောဂါတို့ကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေအတွက် ကြက်သွန်ဖြူဆီကို နေ့စဉ် လိမ်းပြီး နှိပ်နယ်ပေးခြင်းအားဖြင့် သက်သာစေမှာဖြစ်ပါတယ်။

 

Myanmar Health Products Guide

Read times
Rate this item
(0 votes)