What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 November 2017 10:15

လည်ချောင်းမှာ ငါးရိုးစူးနေရင်

လည်ချောင်းမှာ ငါးရိုးစူးနေရင် google.com

ငါးစားတဲ့အခါ အခန့်မသင့်ရင် လည်ချောင်းမှာ ငါးရိုးစူးမိတာမျိုး ကြုံဖူးကြမှာပါ။

ဘာလိုဖြေရှင်းရ မယ်ဆိုတာကို မသိတဲ့သူလည်း ရှိ နိုင်တာမို့ အမြန်ဆုံးသက်သာရာရဖို့ နည်းလမ်းလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။

- သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ စားပွဲဇွန်းတစ်ဇွန်းအပြည့် သောက်ပေးတာကလည်း ငါးရိုးကို တိုက်စားသွားပြီး ငါးရိုးစူး သက်သာစေပါတယ်။

- ပန်းသီးဗီနီဂါတစ်ဇွန်းသောက်တာမျိုး လုပ်နိုင်သလို အရသာ ပြင်းတယ်ထင်ရင်လည်း ရေဖန် ခွက်နဲ့ရောပြီး သောက်နိုင်ပါတယ်။

- မြေပဲထောပတ်တစ်ဇွန်းခန့် မျိုချပစ်တာကလည်း စေးစေးကပ်သပ် ထောပတ်တွေနဲ့အတူ ငါးရိုးပါသွားစေပါတယ်။

- ငှက်ပျောသီးမှည့်ကို မ၀ါးဘဲ မျိုးချပြီး ရေသောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။

- ပေါင်မုန့်ကို နို့ ဒါမှမဟုတ် ရေစိမ်ပြီးတော့ မျိုချတာမျိုးလုပ်နိုင်သလို ထမင်းဖြူကိုလည်း မ၀ါးဘဲ မျိုချပေးရင်လည်း ငါးရိုးစူးသက်သာစေပါတယ်။

Source: 7day daily

Read times Last modified on Monday, 27 November 2017 10:21
Rate this item
(2 votes)