What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 January 2020 09:47

ခရီးသွားအကြံပြုချက် (၈) ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန် မြို့မှစတင်ဖြစ်ပွားခဲ့သော 2019-nCoV (2019 Novel Coronavirus) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံ အချို့၌ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသည်များအနေဖြင့် ဖျားခြင်း ၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ လက်ရှိဖြစ်ပွားလျက်ရှိပါက(သို့မဟုတ်) လွန်ခဲ့သော(၁၄)ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက(သို့မဟုတ်)ပြန်လည်ရောက်ရှိပြီး(၁၄)ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားပါက အခမဲ့ကုသပေးနိုင်ရေးအတွက် လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပေးပို့ဆောင်ရွက်ပါရန်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါ၍ ယင်းသတိပေးချက်ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြပါရန် အကြံပြုပါသည်။

a.jpg

အဆိုပါ ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်စဉ် သံသယဖြစ်ဖွယ်လက္ခဏာများ မရှိခဲ့သော်လည်း ရောဂါပျိုးချိန်မှာ ရက် သတ္တပတ် (၂) ပတ်ခန့်ရှိသည်ဖြစ်သဖြင့် အဆိုပါကာလအတွင်း ရောဂါဖြစ်ပွားမှုများ ရှိနိုင်၍ သံသယ ခရီးသည်များ တွေ့ရှိပါက အဆိုပါလူနာမှတစ်ဆင့် အခြားလူများသို့ ရောဂါကူးစက်ခြင်းအား ထိန်းချုပ် နိုင်ရန်အတွက် နိုင်ငံတကာခရီးသည်များထံတွင် ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် အဆုပ်ရောင်ရောဂါလက္ခဏာများ ဖြစ်ပွားပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ချက်ချင်း သတင်းပေးပို့နိုင်ပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို ပူးတွဲဖော်ပြအပ်ပါသည်။

b.jpg

c.jpg

Dht Upper Myanmar

 

(Zawgyi)

=====

ခရီးသြားအႀကံျပဳခ်က္ (၈) ခရီးသြားမ်ားအတြက္ က်န္းမာေရးဆိုင္ရာ အႀကံျပဳခ်က္


ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ား ေဘးကင္းလုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္ ရည္႐ြယ္ခ်က္ထား ေဆာင္႐ြက္လ်က္ရွိရာ လတ္တေလာအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ ၿမိဳ႕မွစတင္ျဖစ္ပြားခဲ့ေသာ 2019-nCoV (2019 Novel Coronavirus) ေရာဂါပိုးသည္ ကမာၻ႔ႏိုင္ငံ အခ်ိဳ႕၌ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိေသာေၾကာင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာသည့္ ခရီးသည္မ်ားအေနျဖင့္ ဖ်ားျခင္း ၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္း စသည့္ တုပ္ေကြးဆန္ေသာ ေရာဂါလကၡဏာမ်ား လက္ရွိျဖစ္ပြားလ်က္ရွိပါက(သို႔မဟုတ္) လြန္ခဲ့ေသာ(၁၄)ရက္ အတြင္း ေရာဂါလကၡဏာမ်ား ျဖစ္ပြားခဲ့ပါက(သို႔မဟုတ္)ျပန္လည္ေရာက္ရွိၿပီး(၁၄)ရက္အတြင္း အဆိုပါ ေရာဂါလကၡဏာမ်ား ျဖစ္ပြားပါက အခမဲ့ကုသေပးႏိုင္ေရးအတြက္ ေလဆိပ္က်န္းမာေရးဌာနႏွင့္ နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ အျမန္ဆုံးသတင္းေပးပို႔ေဆာင္႐ြက္ပါရန္က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနမွ သတိေပးခ်က္ထုတ္ျပန္ထားပါ၍ ယင္းသတိေပးခ်က္ကို အေလးထားလိုက္နာ ေဆာင္႐ြက္သြားၾကပါရန္ အႀကံျပဳပါသည္။

a.jpg

အဆိုပါ ေရာဂါျဖစ္ပြားရာေဒသမ်ားမွ ဝင္ေရာက္လာေသာ ခရီးသည္မ်ားသည္ ျမန္မာႏိုင္ငံ အတြင္းသို႔ ဝင္ေရာက္စဥ္ သံသယျဖစ္ဖြယ္လကၡဏာမ်ား မရွိခဲ့ေသာ္လည္း ေရာဂါပ်ိဳးခ်ိန္မွာ ရက္ သတၱပတ္ (၂) ပတ္ခန႔္ရွိသည္ျဖစ္သျဖင့္ အဆိုပါကာလအတြင္း ေရာဂါျဖစ္ပြားမႈမ်ား ရွိႏိုင္၍ သံသယ ခရီးသည္မ်ား ေတြ႕ရွိပါက အဆိုပါလူနာမွတစ္ဆင့္ အျခားလူမ်ားသို႔ ေရာဂါကူးစက္ျခင္းအား ထိန္းခ်ဳပ္ ႏိုင္ရန္အတြက္ ႏိုင္ငံတကာခရီးသည္မ်ားထံတြင္ ဖ်ားျခင္း၊ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္း စသည့္ အဆုပ္ေရာင္ေရာဂါလကၡဏာမ်ား ျဖစ္ပြားပါက က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ ခ်က္ခ်င္း သတင္းေပးပို႔ႏိုင္ပါရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္ မ်ားကို ပူးတြဲေဖာ္ျပအပ္ပါသည္။

b.jpg

c.jpg


Dht Upper Myanmar

Read times Last modified on Monday, 03 February 2020 21:17
Rate this item
(1 Vote)