What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 September 2022 11:15

ကွန်ပျူတာ အကြည့်များသူအတွက် သိထားသင့်သည့် ကျန်းမာရေး

ကွန်ပျူတာကို နေ့စဉ် နေ့တိုင်း ကြည့်ရှုသူတွေဟာ ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင် စားသောက် တတ်ဖို့ဟာ အထူးပင် အရေးကြီးပါတယ်။ နေထိုင်စားသောက်ပုံ မမှန်ကန်ရင်တော့ မိမိအတွက် များစွာသော ဆိုးကျိုးတွေကို ရရှိလာမှာပါ။


လိုက်နာသင့်သည့် အချက်များ

နေထိုင်မှုမှန်ကန်ပါစေ

- ကွန်ပျူတာ ကြည့်ပြီး အလုပ်တစ်နေကုန် လုပ်ပြီဆိုရင် ခါးကို မတ်မတ်ထားပါ။ ကွန်ပျူတာနှင့် ၄၀ ဒီဂရီကနေ ကြည့်ပါ။ ကွန်ပျူတာ resolution ကို အနည်းငယ်လျော့ ထားပါ။

 

အမြင်အား ကောင်းစေမည့် အစားအစာများ စားဖြစ်ပါစေ

- ကန်စွန်းရွက် ၊ မြင်ခွာရွက် စတဲ့ အရွက်တွေဟာ အမြင်အားကို ကောင်းမွန်စေခြင်းကြောင့် များများစားပေးပါ။

 

ဆေးမှီဝဲပါ

- မိမိမျက်စိဟာ ကွန်ပျူတာ ကြည့်လို့ ကိုက်ခဲခြင်း ၊ ကြည့်ရတာ မကြည်မလင်ခြင်း ဖြစ်လာလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး မျက်စဉ်းခပ်ပါ။ ဆေးသောက်ပါ။ လိုအပ်လျင် မျက်မှန် တပ်ပြီး အလုပ်လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။

 

လေ့ကျင့်ခန်း လုပ်ဖြစ်ပါစေ

- နေတိုင်း ထိုင်နေရတဲ့ အတွက် ခန္ဓာကိုယ်လှုပ်ရှားမှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင် ခန္ဓာကိုယ် လှုပ်ရှား မှုဖြစ်စေမည့် အိမ်မှုကိစ္စ သို့မဟုတ် အခြားသော လှုပ်ရှားမှုတွေကို လုပ်ဖြစ်အောင် လုပ်ပါ။

 

Hmwe.jpg

 

ကွန်ပျူတာကို ဆက်တိုက် မကြည့်သင့်ပါ

- သင်ဟာ အလုပ်တွေ များနေချိန်မှာ မျက်စိအတွက် အနားပေးဖို့ မေ့လျော့နေတတ်ခြင်းဟာ မှားယွင်းတဲ့ အချက်ပါ။ ရေရှည်လုပ်ရမှာ ဖြစ်သည့်အတွက် ၁ နာရီကြည့်ပြီး မိနစ် အနည်းငယ်လောက် မျက်စိအတွက် အနားပေးပါ။

 

မျက်စိထိခိုက်ခြင်းကို ကာကွယ်ရန်

- ကွန်ပျူတာသုံးချိန်မှာ သင့်၏မျက်စိနှင့် ကွန်ပျူတာကို လက်တစ်ပြန်အကွာမှာ ထားပြီး ကွန်ပျူတာကို သုံးခြင်း။ ကွန်ပျူတာကိုင်တွယ်အသုံးပြူနေတဲ့ အခန်းတွင် အလင်းရောင်ပြန့်နေအောင် မီးများ ဖွင့်ပေးထားခြင်း။ ကွန်ပျုတာသုံးပြီးလို့ပဲဖြစ်ဖြစ် အလုပ်ပင်ပန်းချိန်တွေဆိုရင် သင့် မျက်စိ ညောင်းညာခြင်း မရှိစေရန် မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် အကြိမ်နှစ်ဆယ်လောက် လုပ်ပေးခြင်းဖြင့် မျက်စိညောင်းသက်သာစေခြင်း။

 

- စိတ်ညစ်နေတဲ့ အချိန်ဆို ဘာဆိုဘာမှ မလုပ်ချင်တော့ပဲ မျက်စိများ ညောင်းညာနေတာမျိုး ဖြစ်တတ်လာလျှင် ရေအေးနှင့် ခနခန မျက်နှာသစ်ပေးခြင်းဖြင့် မျက်စိအေးစေပြီး စိတ်ညစ်မှုများကို ပြေပျောက်စေနိုင်ခြင်း။ ကွန်ပျူတာ အသုံးပြုတဲ့အခါ အလင်းရောင်ကို မစူးစေတဲ့မျက်မှန် အမျိုးအစားမျိုးကို တပ် ဆင်အသုံးပြုခြင်းဖြင့် သင့်မျက်စိကို အလင်းရောင် ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။

 

- အလုပ်ပင်ပန်းချိန် ၊ မျက်လုံးညောင်းချိန် ၊ အလုပ်ထဲမှာ အိပ်ငိုက်တဲ့ အချိန်တွေမှာဆို မျက်စိကို မျက်စင်းခပ်ပေးခြင်းဖြင့် သက်သာနိုင်ခြင်း။ ကွန်ပျူတာနဲ့သင့်မျက်လုံးကို အတည့်မထားပါနှင့်။ ကွန်ပျူတာတင်တဲ့ စားပွဲကို အနည်းငယ်နိမ့်ပေးပြီး ထိုင်ခုံကိုတော့ အနည်းငယ်မြင့်တဲ့ ခုံနဲ့ ထိုင်ပြီး ကွန်ပျူတာကို အသုံးပြုသင့်ခြင်း။

 

ကွန်ပျူတာအကြည့်များခြင်းကြောင့် ဖြစ်စေသော ရောဂါများ

Decreasing eyesight

- ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာခြင်း ၊ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင့် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်စေခြင်း။

 

Muscle weakening

- ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ခြင်း ၊ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ခြင်း။

 

RSI (Repetitive strain injury)

- ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေရသောကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ခြင်း။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

 

Back Problems

- ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေအတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ်ခြင်း။

 

Myanmar Health Products Guide

Read times
Rate this item
(0 votes)