What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 November 2022 15:26

သင်၏ဆီးက ဖော်ပြနေသော ကျန်းမာရေးအခြေအနေများ

သင်ဆီးသွားသောအခါ ဆီးကို လေ့လာစောင့်ကြည့်လေ့မရှိပါက ယခုအချိန်မှစ၍ လေ့လာစောင့်ကြည့်လိုက်ပါ။ အဘယ် ကြောင့် ဆိုသော် ဆီး၏ အရောင်၊ အနံ့ဆိုးနှင့် ပျစ်ခဲမှု၊ ဆီးသွားသည့် အကြိမ်အရေအတွက် စသည်တို့က သင့်ခန္ဓာကိုယ်၏ ကျန်းမာရေး အခြေအနေများစွာကို ဖော်ပြနိုင်သည်။ ထို့ကြောင့် ဆီးသွားစဉ် သတိထားစောင့်ကြည့်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါ သည်။

 

ဆီးမှ ချိုသောအနံ့များ ထွက်နေခြင်းမှာ ဆီးချိုရောဂါရှိနေပြီဆို သော လက္ခဏာတစ်ခု ဖြစ်နိုင်ကြောင်း နယူးယောက်စီးတီးမြိုရှိ CBS သတင်းဌာနမှ အမျိုးသမီးကျန်းမာရေး ကျွမ်းကျင်သူ ဒေါက် တာဟိုလီဖီးလစ်က ပြောသည်။ ဆီးချိုရောဂါဖြစ်နေသည်ကို သိ ထားသူများအတွက်မှာမူ ဆီးမှ ချိုသောအနံ့များ ထွက်နေခြင်းမှာ ၎င်းတို့၏ သွေးထဲ သကြားပါဝင်မှုမှာ သာမန်ထက် ပိုများနေပြီ (ဆီးချိုတက်နေပြီ) ဆိုခြင်းကို ဖော်ပြနေခြင်းဖြစ်သည်။

 

ဆီးပျစ်ပျစ်သွားပါက ဆီးလမ်းကြောင်းရောဂါ (UTI) ရှိ ကြောင်း ဖော်ပြနိုင်သည့် ဘက်တီးရီးယားများ ရှိနေပြီဆိုခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ဆီးပျစ်ပျစ်သွားခြင်းမှာ ရောဂါပိုးမွှားများကို တိုက်ဖျက်သည့် ဆဲလ်များဖြစ်သည့် ဘက်တီးရီးယားများနှင့် သွေးဖြူဥတို့၏ အညစ်အကြေးစွန့်ထုတ်မှုတို့ကြောင့် ဖြစ်သည်ဟု ဒေါက်တာဖီးလစ်က ပြောသည်။

 

UTI ရောဂါလက္ခဏာများ မရှိ သော်လည်း ယင်းအချက်မှာ ရောဂါကူးစက်ခံနေရပြီဆိုသော လက္ခ ဏာဖြစ်နိုင်သဖြင့် သတိထားသင့်သည်။ ပန်းရောင် (သို့မဟုတ်) အနီရောင်ဆီးများသွားခြင်းမှာ ဆီးတွင် သွေးပါနေသော လက္ခဏာတစ်ရပ်ဖြစ်ပြီး UTI ရောဂါ၊ ကျောက် ကပ် ကျောက်တည်ခြင်း (သို့မဟုတ်) ဆီးအိတ် (သို့မဟုတ်) ကျောက်ကပ် ကင်ဆာ ဖြစ်နေပြီဆိုသော လက္ခဏာတစ်ရပ်ဖြစ်နိုင်သည်ဟု ဒေါက်တာ ဖီးလစ်က ပြောသည်။

 

ဆီး၏အနံ့မှာ ကောင်းမွန်ရမည်ဟု မဆိုလိုသော်လည်း အနံ့ ဆိုးဆိုးရွားရွား ထွက်နေပါက သင်၏ ဆီးအိမ်တွင် ရောဂါပိုးဝင်နေပြီဆိုခြင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ဆီးသွားချိန် ပူစပ်ခြင်း၊ နာကျင်ခြင်းတို့မှာ ဂနိုရောဂါ (သို့မ ဟုတ်) ကပ်ပါးကောင်တစ်မျိုး ဝင်ရောက်ခြင်းကဲ့သို့ UTI ရောဂါ (သို့မဟုတ်) လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သောရောဂါ (STD) ကြောင့် ဖြစ်ခြင်း ဖြစ်သည်။

 

အမြဲဆီးသွားချင်နေခြင်းမှာလည်း UTI ရောဂါ ရင့်နေခြင်းကြောင့် ဆီးအိတ်နှင့် ဆီးပြွန်ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒေါက်တာဖီးလစ်က ပြော သည်။ ယင်းမှာ ဆီးအိမ်ကို ပြင်းထန်သော ဖိအား (သို့မဟုတ်) နာကျင်မှုဖြစ်စေသည့် ရောဂါရှာဖွေရခက်ခဲသော အခြေအနေတစ်ခုဖြစ် သည့် ဆီးအိမ်ရောဂါပိုး ဝင်ရောက်ခြင်း၊ လက္ခဏာတစ်ခုလည်း ဖြစ် နိုင်သည်။

 

ပုံမှန်ဆီးသွားလေ့ရှိသော အကြိမ်ရေထက် ပိုသွားနေရပါ က ကိုယ်ဝန်ရှိနေခြင်းဖြစ်နိုင်သည်။ ကျောက်ကပ်များမှ သွေးများစီးဆင်းမှု လျင်မြန်လာစေသည့် ဟိုမုန်းပြောင်းလဲမှုများ၏ စောစောပိုင်း လက္ခဏာတစ်ခုဖြစ်သည်ဟု ဒေါက်တာဖီးလစ်က ပြောသည်။ အရက် (သို့မဟုတ်) ကဖိန်းပါဝင်သော ဖျော်ရည်များသောက်ခြင်းကြောင့်လည်း မကြာခဏ ဆီးသွားလေ့ရှိသည်။ သာမန်ထက် ဆီးပိုသွားနေရပါက ဆရာဝန်နှင့်ပြပါ။ ယင်းမှာ ဆီးချိုရောဂါ (သို့မဟုတ်) အကျိတ်ရှိနေခြင်းကို အချက်ပြမှုဖြစ်နိုင်သည်။

Read times
Rate this item
(0 votes)