What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 September 2022 13:46

သေဆုံးမှု ၅ ခုမှာ ၁ ခုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာ စားသုံးခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိ

ကမ္ဘာမှာ သေဆုံးမှု ၅ ခုမှာ ၁ ခုက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ စားသုံးခြင်းကြောင့် သေဆုံးကြောင်း၊ သကြား၊ ဆား နဲ့ အသားတွေ လိုအပ်တာထက်ပိုစားသုံးတဲ့အတွက် သန်းချီတဲ့လူတွေ နှစ်စဉ်သေဆုံးကြောင်း ပညာရှင်တွေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ တစ်ဘီလီယံနီးပါး လူများဟာ အစာအဟာရဓာတ် ချို့တဲ့နေပေမယ့် နှစ်ဘီလီယံနီးပါး ကတော့ အစာအဟာရ လိုအပ်တာထက်ပိုနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ သုတေသနအတွက် နိုင်ငံပေါင်း ၁၉၅ နိုင်ငံက လူတွေရဲ့ စားသောက်ပုံကို လေ့လာရာ ကျန်းမာရေးညီညွတ်တဲ့ အစားအစာ စားသုံးခြင်းထက် မှားယွင်းတဲ့ ပုံစံရှိတဲ့ အစားအစာတွေကို စားသုံးနေပါတယ်။

My_yangon1.jpg

ဥပမာအားဖြင့် သတ်မှတ်ထားတဲ့ သကြားအချိုပမာဏထက် ၁၀ ဆလောက် သကြားဓာတ်ပါတဲ့ အချိုရည်သောက်သုံးခြင်း ဖြစ်သည်။ ၁၉၉၀ -၂၀၁၇ အထိ လူတွေရဲ့ အစားအသောက်နဲ့ ရောဂါလက္ခဏာတွေကို လေ့လာရာ လူအများစုဟာ ကျန်းမာရေးညီညွတ်စေတဲ့ အစေ့၊ အဆန်၊ သစ်သီး သစ်နှံ စားသုံးခြင်း လျော့နည်းတာကို တွေ့ရပါတယ်။

 

ကျန်းမာရေးနဲ့ မညီတဲ့အစာအစား စာသုံးခြင်းကြောင့် အဝလွန်ခြင်းဖြစ်ပွားစေသလို အဝလွန်ခြင်းကို ပိုပြီး အဝလွန်စေတာမျိုးကြောင့် လူပေါင်း ၁၁ မီလီယံ သေဆုံးကြောင်း သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။ ကျန်းမာရေးညီညွတ်တဲ့အစားအစာ စားသောက်ရေးအတွက် နိုင်ငံတော်တော်များများမှာ စီးပွားရေး ဝင်ငွေနဲ့လည်း ဆက်နွယ်နေဆိုတာ သတိပြုမိကြောင်း ဒါပေမယ့် တစ်နေ့လျှင် သစ်သီးနှင့် အသီးအရွက် ၅ မျိုး စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

 

MDN

Myanmar Health Products Guide

My_yangon.jpg

Read times
Rate this item
(0 votes)