What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 October 2022 13:55

ကြံရည်သောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွှတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။

 

၁. ကျန်းမာကြံ့ခိုင်စေပါတယ်။

ကြံရိုးမှာ Glycemic Index နည်းတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

 

၂. အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

၃. ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။

ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

၄. စွမ်းအင်ရရှိစေပါတယ်။

ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ်တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သိုလှောင်ထားပါတယ်။

 

၅. ရေဓာတ် ပြည့်ဝစေပါတယ်။

ပူပြင်းတဲ့ရာသီဒဏ်ခံရရင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ကြာကြာလုပ်ရင် ကြံရည်ကို သောက်သင့်ပါတယ်။

 

၆. ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ချို့ကို သန်စွမ်းစေတယ်။

ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေကို သန်စွမ်းစေပါတယ်။

 

၇. ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်

ကြံရိုးဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်တွေကို လုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ ကြံရိုးဟာ ဂနိုဆီးပူ ညောင်းကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့် ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါတယ်။

 

၈. သက်လုံကောင်းစေပါတယ်။

ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေ ပါတယ်။

 

၉. ဝမ်းမှန်မှန်သွား စေပါတယ်။

ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

Read times
Rate this item
(1 Vote)