What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Thursday, 13 February 2020 09:46
ခန္ဓာကိုယ်ကျန်းမာရေးအတွက် ရှောင်ကျဉ်သင့်သော အစားအသောက်များ
တစ်နေ့တာပျော်ရွှင်လန်းဆန်းစွာ လှုပ်ရှားနိုင်ဖို့အတွက် ကျန်းမာရေးကလည်း အရေးကြီးဆုံးကိစ္စတစ်ခု ဖြစ်နေသလို ကျန်းမာဖို့ဆိုရင် နေ့စဉ်စားသောက်နေထိုင် မှုကလည်းအလွန်အရေးပါတယ်။
တစ်ချို့အစားအသောက်များက ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်နိုင်သဖြင့် ကျန်းမာရေးအတွက်မစားသင့် သောအစားအစာများကို ရှောင်ကျဉ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်အဖြစ် ထိန်းသိမ်းနိုင်ပါတယ်။
အငံဓာတ် ၊ အချိုဓာတ် နဲ့ အဆီများစွာပါဝင်သော အစားအစာများ
အငံဓာတ် ၊ အချိုဓာတ် နဲ့ အဆီများစွာပါဝင်သော အစားအစာများကို များများစားသုံးခြင်းက ဆီးချိုသွေးချို ၊ နှလုံးအမောဖောက်တာ နဲ့ သွေးတိုးရောဂါများကို အများဆုံးဖြစ်ပေါ် စေနိုင်ပါတယ်။ ထိုအစားအစာများအစား အသီးအနှံ ၊ အစေ့အဆံများကို များများစားပေးပါ။
ဝက်သား
ဝက်သားတွင်အဆီဓာတ်များစွာ ပါရှိတဲ့အပြင် ရောဂါဖြစ်ပွားနိုင်သော ဘတ်တီးရီးယားပိုးများစွာ ပါဝင်သော အသားတစ်မျိုးလည်းဖြစ်တယ် ။ ဝက်သားစားခြင်းက ကိုလက်စထရော ပမာဏကိုတိုးပွားစေနိုင်ခြင်းဖြင့် သွေးတိုး ၊လေဖြတ်တာ နဲ့ နှလုံးဖောက်ခြင်းကို အများဆုံးဖြစ်ပေါ် စေနိုင်ပါတယ်။
ဆိုဒါ
အချိူဓာတ် နည်းနည်းစာတာပြဿနာ မရှိပေမဲ့ ဆိုဒါတစ်ပုလင်းမှာပါဝင်တဲ့ အချိုဓာတ်က ခန္ဓာကိုယ်အတွင်း တစ်နေ့တာလိုအပ်သော အချိုဓာတ်ပမာဏထက် များစွာပါတဲ့အတွက် အဝလွန်တာ ၊သွေးတိုးတာ ၊ နှလုံး ၊ဆီးချိုသွေးချိုရောဂါများကို အများဆုံးဖြစ်ပွားနိုင်ပါတယ်။
Clinics (ဆေးကုခန်းပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Clinics
အရက်
အရက်သောက်အလွန်အကျွံသောက်သုံးခြင်းက အသည်းခြောက်တာ ၊ အဆုတ် ၊နှလုံး ၊ အာရုံကြောများ နဲ့ အစာအိမ်ရောဂါများကိုဖြစ်ပေါ် စေနိုင်တဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အရက်ပါဝင်သော အရည်များကို အထူးရှောင်ကျဉ်ပါ။
ဒိန်ချဉ်
ဒိန်ချဉ်စစ်စစ်ဆိုရင်တော့ ဒိန်ချဉ်မှာပါဝင်တဲ့ ဘတ်တီရီးယားပိုးများက ခန္ဓာကိုယ်အတွက် လိုအပ်ပါသော်လည်း ဒိန်ချဉ်အလွန်အကျွံစားခြင်းက သွေးတိုးတာ ၊ နှလုံးရောဂါ ၊ ဆီးချိုသွေးချိုများကို အများဆုံးဖြစ်ပေါ် စေနိုင်ပါတယ်။ ဒါအပြင် ဒိန်ချဉ်ဝယ်သောက်မယ်ဆိုရင် အဆီပါဝင်မှုနည်းတာ ၊ အရသာ မသွင်းထားတဲ့ အမျိုးအစားများကို ရွေးဝယ် ။
အသားတု
သတ်သတ်လွတ်စားသုံးသူများအတွက် အသားတုကို စားသုံးလာကြတယ်။ အသားတုကို ပဲ ၊ ဂျုံ များနဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲ Wheat gluten များနှင့်သာ ပြုလုပ်ထားသောကြောင့် ပရိုတင်း ကြီးထွားမှုကို နှောက်နှေးစေပါတယ်။ ဒါအပြင် အသားတုကို ကင်စားတာ ၊ကြော်စားတာ များပြုလုပ်ခြင်းဖြင့် သွေးတိုး ၊ ကင်ဆာ များဖြစ်ပွားမှုကိုလည်း အားပေးရာရောက်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
ဝက်သား
ဆိုဒါ
အချိုဓာတ် နည်းနည်းစာတာပြဿနာ မရှိပေမဲ့ ဆိုဒါတစ်ပုလင်းမှာပါဝင်တဲ့ အချိုဓာတ်က ခန္ဓာကိုယ်အတွင်း တစ်နေ့တာလိုအပ်သော အချိုဓာတ်ပမာဏထက် များစွာပါတဲ့အတွက် အ၀လွန်တာ ၊သွေးတိုးတာ ၊ နှလုံး ၊ဆီးချိုသွေးချိုရောဂါများကို အများဆုံးဖြစ်ပွားနိုင်ပါတယ်။
အရက်
ဒိန်ချဉ်
အသားတု
Read times Last modified on Thursday, 13 February 2020 10:06
Rate this item
(0 votes)