What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 15 June 2019 17:13
သွေးတိုး ရောဂါ ထိန်းသိမ်း နည်း(၇)ချက်
သွေးတိုး ရောဂါသည် တိတ်တစ်စိတ်လာ၍ လူကို သတ်နိုင်သော ရောဂါကြီး တစ်ခုဖြစ်သော်လည်း ကမ္ဘာ့လူသားများအားလုံး သွေးတိုးရောဂါ ရှိမှန်း မသိပဲ ရုတ်တရက် ရုတ်တရက် အသတ်ခံခဲ့ကြရ သည့် တိတ်တစိတ် လူသတ်သမားဟု ခေါ်ဝေါ်သုံးစွဲနေရ သော ရောဂါကြီး၊ မဆန်းသော ရောဂါ ပင်ဖြစ်သည်။
များသော အားဖြင့် အစား အသောက်၊ အနေအထိုင် မဆင်ခြင်ရာမှ ရုတ်တရက် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ် ၍သေဆုံးခြင်း တို့ကြောင့် အဖြစ်များ အသေများသည်။ ထို့ကြောင့် မည်သည့်အသက် အရွယ်တွင်မဆို မိမိသွေးတိုးရောဂါ ရှိမရှိ ဂရုစိုက် ဆရာဝန်နှင့် စစ်ဆေးကာ အဖြစ်ဆိုးမျိုး ကာကွယ် သင့်သည်။ မိမိခန္ဓာ ကိုယ်တွင်း သွေးဖိအား Blood Pressure အားလျှော့ချရန် နည်းလမ်း (၇) လမ်းကို ဖော်ပြပေးပါမည်။
၁။ နေ့စဉ်လမ်းလျှောက်ထွက်ခြင်း
မနက်စောစော အိပ်ယာထပါက နေမပူခင် ၁၅ မိနစ်ခန့် လမ်းလျှောက် ပေးရပါသည်။ အမှန်တကယ် တော့ Exercise ကို ပြင်းထန်စွာ လုပ်ရန်မလိုအပ် ချေ။ သင်၏ Blood Pressure ကို Exercise ပြင်းထန်စွာလုပ်ခြင်းဖြင့် ပို၍သွေးတိုးစေသည်။ Japan သုတေသီများက လူနာ ၁၆၈ဦးအား စမ်းသပ်ချက်အရ တစ်ပတ်လျှင် မိနစ် ၃၀ မှ ၉၀ အတွင်းသာ လမ်းလျှောက်ခြင်း၊ မပြင်းထန်သော Exercise လုပ်ခြင်းပြုလုပ်သော လူနာများ သည် တစ်ပတ်လျှင် မိနစ် ၉၀ ထက်ပို၍ လမ်းလျှောက်သော လူနာများထက် ပို၍ သွေးပေါင်ချိန်လျော့ နည်းစွာ ထိန်းထားနိုင်သည်ကို တွေ့ရသည်။ “တန်ဆေး၊ လွန်ဘေး” စကားပုံ ကဲ့သို့ပင် ဖြစ်နေသည်ကို တွေ့ရ ပေသည်။
၂။ ဆေးမှန်မှန်သောက်ခြင်း
ဆရာဝန်ပေးထားသောဆေး သောက်ဖို့မမေ့ရန် သင်၏ ပြက္ခဒိန်တွင် နေ့စဉ်အမှတ်အသား လုပ်ထား ပြီး မှန်မှန်ဆေးသောက်ပါ။ နေ့တစ်နေ့၏ ၂၅ ရာခိုင် နှုန်းအချိန် (ဥပမာ တစ်နေ့ ၆ နာရီ) သည် သွေးပေါင် ချိန်များနေပါက သင်ဆေးသောက်ရန် မေ့နေကြောင်း သိရှိရမည်။ သွေးတိုးရာဂါ ဖြစ်ပြီး သွားပါက သွေး ပေါင်ချိန်ထိန်းညှိဆေးကို မိမိဘဝတစ်လျှောက်လုံး သောက်သွားရ မည်ဖြစ်ရာ ဆေးဖြတ်၍ မရနိုင်တော့ ပါ။ ဆေးသောက်ရန် မမေ့သင့်ပဲ မှန်မှန် သောက်ပေး မှသာ သင်၏ Blood Pressure ကို Normal Range အတွင်း ထိန်းထားနိုင်မည်ဖြစ်သည်။
၃။ Monitor Your Blood Pressure
မိမိအိမ်၌ Home Blood Pressure Kit ကို သိမ်းထားသင့်သည်။ မိမိအိမ်၌ ပုံမှန်မိမိ၏ သွေးဖိ အားကို တိုင်းတာ၍မှတ်တမ်းတင်ကြည့်ရှုမှတ်သား ထားခြင်းသည် ဆရာဝန်နှင့် တွေ့ပြီးတိုင်းတာခြင်းမှ ရသော အဖြေထက်ပို၍ အကျိုးရှိသည်ကိုတွေ့ရ ကြောင်း U.S.A မှ သုတေသီများက ဆိုသည်။ အမေရိကန် သုတေသီများက ဆိုရာတွင်ဆရာဝန်၏ ဆေးခန်းတွင် Blood Pressure တိုင်းတာရာတွင် လူနာများ၏ ၁၃ ရာခိုင်နှုန်းမှာ Blood Pressure မြင့်မား နေပြီး အိမ်တွင် သွေးတိုးမရှိဘဲ ကျနေသည်ကို လေ့လာတွေ့ရှိသဖြင့် ထို Result အရ ဆေးပေး မိလျှင်သွေးပိုကျကာ အန္တရာယ်ရှိသည်ဟု ဆိုသည်။
ဆရာဝန်နှင့် တွေ့စဉ် စိတ်လှုပ်ရှားမှု ကြောင့် သွေးတိုးတတ်ပြီး ၎င်းကို ''White-Coat Hypertension" ဟုခေါ်သည်။ အလားတူပင်လူနာများ၏ (၉) ရာခိုင်နှုန်း မှာ ဆရာဝန်၏ ဆေးခန်းတွင် တိုင်းတာစဉ် သွေးကျနေ သော်လည်း အိမ်တွင် သွေးတိုးနေတတ်သည်ကိုလည်း သိရှိရသည်။ ၂၀ဝ၄ ခုနှစ်က ဥရောပ ဆရာဝန်များ သမ္မဂ သုတေသန အစည်းအဝေးတွင် အိမ်တွင် မိမိ၏ သွေးပေါင်ချိန်ကို ပုံမှန်စစ်ထားသော လူနာများသည် ဆရာဝန်၏ ဆေးခန်းရောကမှ သွေးတိုင်း သော လူနာများထက် ပို၍ သွေးပေါင်ချိန်ကို ထိန်းညှိနိုင် ကြောင်း တွေ့ရသဖြင့် ဒေါ်လာ ၁၀ဝ အောက်မျှသာ ရှိသော "Home Blood Pressure Kit" ကို အိမ်၌ ဆောင်ထားသင့်သည်ဟု ပြောဆိုခဲ့သည်။
၄။ Eat More Fiber
Omega -3 Fatty Acids များ ပါဝင်သော အမျှင်ဓာတ်များသော အစား အစာများစားပေးခြင်း၊ အသီးအနှံများများ စားပေးခြင်း၊ ကောက်ပဲသီးနှံမှ ထုတ်လုပ် သော အစားအစာ များများ စားပေးခြင်းသည် သွေးဖိအား လျှော့ချ ပေးသည်။ အမြှင်ဓာတ်ပါဝင်မှုများ သော အစားအစာများတွင် Flaxseed များစွာ ပါဝင်ပြီး ၎င်းဆေး အား ထမင်းစားဇွန်း ၂ ဇွန်းခန့် သင်စားမည်။ ဒိန်ချဉ်၊ ရေခဲမုန့်၊ Spaghetti, Sauce နှင့် တခြားအစား အစာများနှင့် ရောနှောထားသော သွေးဖိအား ကျအောင်ထိနူ်းပေးနိုင်သည်။ အထူး သဖြင့် နှလုံးရောဂါသည်များတွင် တွေ့ရသော Systolic Blood Pressure ကို ကျအောင် စွမ်း ဆောင်နိုင်သည်။
၅။ ကော်ဖီသောက်သုံးမှုလျှော့ချခြင်း
ကော်ဖီ သောက်သုံးခြင်းကို လျော့ချပြီး သွေးတိုး နှလုံးရှိသောသူများအနေဖြင့် ကောဖီသောက်ခြင်းဖြင့် ပို၍ရောဂါ တိုးစေသည်။ ကော်ဖီအစား ွှနေ ကို အစားထိုး၍ သောက်သုံးရန် သုတေသီ များက အကြံပြုထားသည်။ လက်ဖက် ရည် (နို့ဆီသကြားမပါ) ကြမ်းကို ပိုသောက်သုံးခြင်းဖြင့် သွေးတိုးရောဂါ ရှင်များ၏ Systolic Blood Pressure (အပေါ်သွေး) ၂ မှတ်မှ ကြာစေပြီး Diastolic Blood Pressure အား One Point မှ ကျဆင်းစေသည်ကို တွေ့ရှိရ သည်ဟု သုတေသီများကဆိုခဲ့ပြီး လက်ဖက်ရည်ကြမ်း ကို တနေ့လေးခွက်ထက်ပိုသောက်လျှင်တော့ အဆိုပါ ကျေးဇူးများ မရနိုင်တော့ချေ။
၆။ ထောပတ်သီးစားသုံးခြင်း
မြန်မာနိုင်ငံတွင် များစွာရနိုင်သော Avocados ထောပတ်သီးတွင် Blood Pressure ကို ကျစေသော Potassium ဓာတ် ပိုမိုပါဝင်သည်ကိုတွေ့ရှိရသည်။ လူ၏ ခန္ဓာကိုယ်တွင် Potassium ဓာတ် တစ်နေ့ (၄.၅) ဂရမ် လိုအပ်ပြီး အမေရိ ကန် သုတေသီများ၏ သုတေသန လုပ်ချက်များအရ သိရှိရပြီး ၎င်း Postassium ဓာတ်က သွေးဖိအား ကျဆင်းစေ ကြောင်း တွေ့ရသည်။ အဆိုပါဓာတ်သည် ထောပတ် သီး သာမကဘဲ တခြားသော အသီးအနှံများ ဟင်း သီးဟင်းရွက်များနှင့် ငှက်ပျောသီးတွင်လည်း ပါရှိ ပေသည်။
၇။ ချောကလက်အမည်းစားသုံးခြင်း
ယနေ့ကမ္ဘာတွင် ခေတ်စားလာ သော Cocoa ပါဝင်သော Dark Chocolate ကို ပုံမှန်စားသုံးနိုင်ပါက သင်၏သွေးဖိအားကို လျှော့ချပေးနိုင်ကြောင်းတော့ ရှိရသည်။ ချောကလက်ဟု ဆိုရာတွင် နွားနို့နှင့် သကြားများစွာပါဝင် သော ချောက လက်ကို မဆို လိုပဲ ဃသခသေ တစ်မျိုးတည်းဖြင့် သီးသန့်ပြုလုပ်ထား သော ခါးသော အရသာ ရှိသည့် ညိုမဲရောင်ရှိချောက လက်ကို ဆိုလိုသည်။ Dark Chocolate သည် Flavonoids ဓာတ်များပါဝင်ပြီး သင်၏သွေးကြော များ ကိုပျော့ပြောင်း စေပြီး မာကြော သောသွေး ကြောများကြောင့် ဖြစ်ပွားရသော သွေးဖိအားမြင့်မား မှုကို လျော့ချပေးသည်။ ပနားမားရှိ အင်ဒီးယန်း လူမျိုးများမှ ဆားငန်သော အစားအစာများ သော် လည်း Dark Chocolate များများစားပေးခြင်းဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်နေစေရန် ထိန်းသိမ်းပေးထား နိုင်သည်ကိုတွေ့ရသည်။
အမေရိကန် ဆေးပညာ သုတေသီများ၏ တွေ့ ရှိချက်အရ တစ်နေ့လျှင် Dark Choclolate (၃) အောင်စမျှ စားပေးခြင်းဖြင့် "Isolated Systolic Hypertension" ရောဂါဖြင့် အသက်ရှင် နေသူလူကြီး များတွင် (အပေါ်သွေးအ တက်များသောသွေးတိုး ရောဂါရှင်များ) ပေါ်သွေးကို ကျဆင်းစေရန် စွမ်း ဆောင်နိုင် ကြောင်းတွေ့ရသည်။ "Flavonoids" ဓာတ်ကို လက်ဖက်ရည်ကြမ်း "Tea" နှင့် Wine များတွင်လည်းကောင်း၊ သီးနှံမျိုးစုံနှင့် ဟင်းသီး ဟင်းရွက်များ တွင်လည်း ပါဝင်ပေသည်။ သွေးတိုး ရောဂါရှင်များ သွေးမတက်အောင် ထိန်းသိမ်းနေ တတ်ရန်ရည်ရွယ်လျက်။
Source : ဒေါက်တာကောင်း (U.S.A)
(zawgyi)
========
၎။ Eat More Fiber
Read times Last modified on Thursday, 26 December 2019 11:57
Rate this item
(3 votes)