What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 February 2020 17:00

ဗိုက်အဆီချနည်း

အဆီများနေခြင်းကြောင့် အလှအပကို ထိခိုက်ယုံသာမက ကျန်းမာရေးအတွက်ပါ ထိခိုက်နိုင်ပါတယ်။

အဆီအများစုက ခန္ဓာကိုယ်အခြားနေရာများထက် ဝမ်းဗိုက်နားတစ်ဝှိုက်တွင် အများဆုံးစုပုံပြီး ထွက်ပေါ်လေ့ရှိပါတယ်။ ဗိုက်အဆီများခြင်းကြောင့် စိတ်မအီမသာဖြစ်တာ ၊မောပန်းလွယ်တာ နဲ့ သွားလာလှုပ်ရှားရခက်ခဲတာများ ဖြစ်ပေါ်စေနိုင်တဲ့အပြင် အဝလွန်ခြင်းက ဆီးချိုသွေးချို ၊ နှလုံးရောဂါ ၊ အသည်းအဆီဖုံးတာ ၊ သွေးတိုးတာစတဲ့ နောက်ဆက်တွဲ ကိစ္စများဖြစ်ပေါ်လာတတ်ပါတယ်။ ဗိုက်အဆီများခြင်းကြောင့် စိတ်ညစ်နေရသူများအတွက် အဆီချနည်းများကို ဖော်ပြပေးလိုက်တယ်။

 

သံပုရာသီး

သံပုရာသီးက အဆီချတဲ့နေရာမှာဆိုရင် အလွန်အသုံးဝင်တဲ့ သဘာဝဆေးလည်း ဖြစ်တဲ့အပြင် သံပုရာမှာပါတဲ့ အက်စစ်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သံပုရာသီးကို ဆားဖြင့်ပွတ်ဆေးပြီး အဝိုင်းပုံစံ လှီပေးထားပါ ။ ပြီးနောက် ပျားနည်းသုံးဇွန်း နဲ့ ဂျင်း တစ်လက်မလောက်ပါးပါးလှီးပြီး ရေနွေးလီတာဝက်ခန့် ထဲတွင် ပျားရည် ၊ ဂျင်း ၊သံပုရာ များကိုရောစပ်ကာ ၁၀ မိနစ်လောက်စိမ်ပြီး သောက်ပေးခြင်းဖြင့် ဗိုက်အဆီများကို လျော့ချနိုင်ပါတယ်။ ထိုနည်းအတိုင်း တစ်ရက်ကို ၁ နှစ်ကြိမ် နှုန်းနဲ့ လိုအပ်သည်အထိ သောက်သုံးပေးနိုင်ပါတယ်။

 

သခွားသီး

သခွားသီးဆိုရင်လူတိုင်း အစိမ်းစားတာ ၊ ချက်စားတာ နဲ့ သုတ်စားတာများကို နေစဉ်ပြုလုပ်စားသုံးနေတဲ့ အစားအစာတစ်ခုလည်းဖြစ်တဲ့အပြင် ဈေးနှုန်းကလည်း ချို တဲ့အတွက် လူတိုင်းဝယ်ယူစားသုံးနေကြပါတယ်။ သခွားသီးကိုပါးပါးလှီး၊ ဂျင်းကိုလက်မခန့် ပါးပါးလှီး ၊ သံပုရာသီးနှစ်လုံး (သို့) သုံးလုံးကို အဝိုင်းပုံစံ ပါးပါးလှီးထားပြီး ရေသန့် ၁ လီတာ ထဲတွင် ပါးပါးလှီးထားတဲ့ သခွားသီး ၊ ဂျင်း ၊ သံပုရာသီး နဲ့ ပူစီနံ ၁၅ ရွက်လောက်ထည့်ကာ ၁၂ နာရီခန့် စိမ်ထားပြီး တစ်ရက်အတွင်း ကုန်အောင်သောက်သုံးပေးခြင်းဖြင့် ဗိုက်အဆီကို ချနိုင်ယုံသာမက ဝမ်းနဲ့ ပတ်သက်သော ရောဂါများကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။ ထိုနည်းအတိုင်း ၅ ရက်ဆက်တိုက် သောက်သုံးပေးပါ။

 

Dentists & Dental Clinics (သွား နှင့် ခံတွင်း ဆေးကုခန်းပေါင်း ၇၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dentists & Dental Clinics

 

ပန်းသီး

ပန်းသီးကိုလူတိုင်းကြိုက်သလို ပန်းသီးက အရည်ရွှမ်းအသီး တစ်မျိုးဖြစ်တဲ့အတွက် အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်လိုအပ်သော ရေဓာတ်ကိုလည်း ဖြည့်စီးပေးနိုင်ပါတယ်။ ပန်းသီးဖော်ရည်ကို ၄ ရက်ဆက်တိုက် မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာ သောက်သုံးပေးခြင်းဖြင့် ဗိုက်အဆီများကို လျော့ချနိုင်ပါတယ်။

 

မုန်လာဥနီ

မုန်လာဥနီကို အစိမ်းစားသုံးလို့ရသလို ဖျော်ရည်အနေဖြင့်လည်း သောက်သုံးနိုင်ပါတယ် ။ မုန်လာဥနီကို သကြားနဲ ရောစပ်ပြီး စားသုံးပေခြင်းဖြင့် မျက်ရိုးကိုက်တာ ၊မျက်လုံးကြိမ်းတာ နဲ့ မျက်လုံးေ၀ဝါးခြင်းကို သက်သာစေနိုင်တဲ့အပြင် မုန်လာဥဖျော်ရည်ကို တစ်နေ့ ၁ကြိမ် ၅ ရက်ဆက်တိုက်သောက်သုံးခြင်းဖြင့် ဗိုက်အဆီများကို လျှော့ချနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====

ဗိုက်အဆီချနည်း


 

သံပုရာသီး


 

သခွားသီး


 




 

ပန်းသီး


 

မုန်လာဥနီ



Read times Last modified on Wednesday, 19 February 2020 17:03
Rate this item
(1 Vote)