What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 July 2017 11:47

တုပ်ကွေးကူးစက်မှု မရှိစေရန် သတိထားရမည့် အချက်များ

တုပ်ကွေးကူးစက်မှု မရှိစေရန် သတိထားရမည့် အချက်များ google.com

တုပ်ကွေးရောဂါရာသီတွင် နေအိမ်၌ တုပ်ကွေးရောဂါသည်ရှိပါက အခြားသူများသို့လည်း အလျင်အမြန် ကူးစက်နိုင်သည်။ အခြား သူများသို့ တုပ်ကွေးမကူးစက်စေရန် ကြိုတင်ပြင်ဆင်နိုင်သော အချက်များရှိသည်။

အိမ်တွင် တုပ်ကွေးဖြစ်သူရှိပါက သုံးရက်မကြာမီပင် အခြား လူများသို့ ကူးစက်နိုင်သည်ဟု လေ့လာမှုများက ဖော်ပြထားပြီး ကိုယ်ခံအားစနစ် အားကောင်းအောင်လုပ်ခြင်းအပြင် သန့်ရှင်းမှုများ လည်းအရေးပါသည်။

နှာချေ၊ ချောင်းဆိုးမှုများကနေ၍ တုပ်ကွေးကူးစက်တတ်သဖြင့် တုပ်ကွေးရှိသူက လက်အုပ်ထားခြင်းထက် တံတောင်ဆစ်ကွေးခံ၍ နှာချေ၊ ချောင်းဆိုးပါက အိမ်သာများ၊ လက်ဖြင့်ကိုင်သောနေရာများ မှတစ်ဆင့် ရောဂါပိုးကူးစက်မှု သက်သာစေသည်။ နှာချေ၊ ချောင်း ဆိုးပါက ခြောက်ပေအကွာထိ ရောဂါပိုးပျံ့နှံ့ ကူးစက်တတ်သည်ကို သတိထားသင့်သည်။

READ -ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို သိထားရန်လိုအပ်

ကောင်းမွန်သော အလေ့အထများမှာ တစ်ရှူးများဆောင်ထား ပြီးနှာချေ၊ ချောင်းဆိုးချိန် ဖုံးအုပ်၍ အလျင်အမြန်စွန့်ပစ်ခြင်းဖြစ် သည်။ တုပ်ကွေးဖြစ်နေသူအတွက် ခေါင်းအုံးနှင့်စောင်များ သီးသန့် ထားရန်လိုအပ်သည်။

ကလေးငယ်များဆိုလျှင် ကစားစရာများကို အခြားကလေး များနှင့် မျှဝေကစားခြင်း မပြုလုပ်ရန် အရေးကြီးသည်။

နေအိမ်၌လေဝင်လေထွက်ကောင်းမွန်ရန် အရေးကြီးပြီး နေ သာသော နေ့ရက်များတွင် ပြတင်းပေါက်များ ဖွင့်ထားသင့်သည်။

တုပ်ကွေးရာသီတွင် အိပ်ရာခင်း၊ ခေါင်းအုံးစွပ်များကို မကြာ ခဏလဲလှယ်ပေးခြင်းသည် ဗိုင်းရပ်စ်များ ရှင်သန်ခွင့်မပေးရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

အိမ်သာနှင့်ရေချိုးခန်းအသုံးပြုပြီးပါက ဆပ်ပြာနှင့်လက်ကို ဆေးကြောခြင်းသည် အိမ်သားအားလုံး လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပြီး တုပ်ကွေးရာသီတွင် ထိုသို့လုပ်ရန် ပိုအရေးကြီးသည်။

မျက်နှာသုတ် ပဝါများကို မျှဝေအသုံးမပြုပါနှင့်။ တုပ်ကွေးရာသီမှာ သွားတိုက်တံ များလဲလှယ်သုံးစွဲရန် အချိန်အခါကောင်းဖြစ်သည်။

တုပ်ကွေးမိနေသူကို ချက်ပြုတ်ခိုင်းရန် မသင့်တော်သလို အိုး ခွက်ပန်းကန်များကိုလည်း သေချာစွာ ဆေးကြောထားသင့်သည်။ ဆေးကြောပြီးမှ သုံးစွဲသင့်သည်။ အစိုပြန်သောနေရာတွင် ပိုးမွှား များ ရှိတတ်သောကြောင့်ဖြစ်သည်။

READ - ဗိုက်အောင့်၊ ဗိုက်နာခြင်းများအတွက် ကုသရမယ့်နည်းလမ်းများ

www.healthproducts.com.mm

Source: 7 day daily

Read times
Rate this item
(0 votes)