What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 March 2019 17:47

လေဖြတ်ခြင်း နှင့် သွေးခဲခြင်းကို ကာကွယ်ပေးနိုင်တဲ့ ကီဝီဖျော်ရည်

ယခုတစ်ပတ် တင်ဆက်ပေးချင်တာက သွေးခဲတာတွေ၊ လေဖြန်းတာတွေကို ကာကွယ်ပေးနိုင်တဲ့ ကီဝီသီး ဖျော်ရည်လေးအကြောင်းပါ။

ဒီဖျော်ရည်လေးကို သောက်ခြင်းအားဖြင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဘာတစ်ခုမှ ဆိုးကျိုးမဖြစ်စေဘဲ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဖျော်ရည်လေးပဲ ဖြစ်ပါတယ်။

 

ဒီဖျော်ရည်လေးမှာ ပိုတက်ဆီယမ်ဓာတ် (Potassium) နဲ့ အမျှင်ဓာတ် မြောက်များစွာ ပါဝင်ပါတယ်။ ပြီးတော့ ဒီဖျော်ရည်လေးရဲ့ မြောက်များစွာသော အကျိုးကျေးဇူးတွေနဲ့ ဖျော်ရည်လေးမှာ ထည့်ရမယ့် ပါဝင်ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ကီဝီဖျော်ရည်လေးကို သောက်သင့်တဲ့ အချက်တွေကတော့…

– ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။

– ခန္ဓာကိုယ်ကို ပိုပြီး ရောဂါဘယ ကင်းစေတယ်။

 

– နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေလည်း ကာကွယ်ပေးတယ်။

– ဆဲလ်တွေ ရှင်သန်ဖို့ အတွက် အထောက်အကူပေးတယ်။

– သွေးကြောထဲမှာ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်။

 

– ခွဲစိတ်တာဖြစ်စေ၊ အနာပေါက်တာဖြစ်စေ အနာကျက်မြန်စေတယ်။

– ခန္ဓာကိုယ်မှာ အဆီစုတာကိုလည်း ကာကွယ်ပေးပါတယ်။

– မျက်စိအားလည်း ကောင်းစေပြီး မျက်စိနဲ့ ပတ်သတ်တဲ့ ရောဂါတွေလည်း ကာကွယ်ပေးပါတယ်။

 

– မှတ်ဥာဏ်ကောင်းစေပြီး ပိုပြီး မှတ်သားလွယ် စေပါတယ်။

– အကြောပြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

– အသားအရေကိုလည်း ကျန်းမာလှပစေပါတယ်။

 

– မွေးကင်းစ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်လည်း သင့်တော်ပါတယ်။

 

Souurce: gandawin

Health Products Directory

 

Read times
Rate this item
(1 Vote)