What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 13:25

ငှက်ပျော်သီးစားခြင်းရဲ့ ကောင်းကျိုး

ငှက်ပျောသီးက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ယုံသာမက ကောင်းမွန်သောအရသာလည်းရှိတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

ငှက်ပျောသီးကို တစ်နေ့တစ်လုံး အစာစားပြီးချိန်များတွင် စားပေးခြင်းဖြင့် အစာချေစနစ် အူလမ်းကြောင်ကို ကောင်းမွန်စေပြီး ၊ ဆီး ၊ဝမ်းလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

 

ဒါကြောင့်ငှက်ပျော သီးကိုပုံမှန်စားပေးခြင်ဖြင့် ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ငှက်ပျောသီးက ခန္ဓာကိုယ်အတွက် အလွန်အရေးပါသော အာဟာရဓာတ်များစွာပါပြီး အမျှင်ဓာတ်လည်းအနည်းပါဝင်ပါတယ်။

 

ပိုတယ်စီယမ် ၉ ရာခိုင်နှုန်း ၊ ဗီတာမင် B6 ၃၃ ရာခိုင်နှုန်း ၊ဗီတာမင် စီ ၁၁ ရာခိုင်နှုန်း ၊ မက္ကနီဆီယမ် ၈ ရာခိုင်နှုန်း ၊ ကောပါး ၁၀ ရာခိုင်နှုန်း ၊ မက္ကနင် ၁၄ ရာခိုင်နှုန်း ၊ အမျှင်ဓာတ် ၃.၁ ကရမ် ၊ ပရိုတင်း ၁.၃ ကရမ်၊ အဆီဓာတ် ဝ.၄ ကရမ် တို့ပါဝင်သောကြောင့် ငှက်ပျောသီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် လိုအပ်နေသော အာဟာရဓာတ်များကို ဖြည့်စီးနိုင်ပါတယ်။

 

Dental (သွားနှင့် ခံတွင်း ဆေးခန်းသုံးပစ္စည်း ရောင်းချသော် ဆိုင်ပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dental

 

ငှက်ပျောသီးတွင် sucrose , fructose နဲ့ glucose စတဲ့သာဘ၀ စွမ်းအင်များပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရှိ အဆီဓာတ် နဲ့ ကိုလက်စထရော ဓာတ်များကို လျော့ချနိုင်ပါတယ်။ ငှက်ပျောသီးကို ကလေးငယ်များ နဲ့ အားကစားသမားများ အစာစားပြီးချိန် ၊ အားကစား မလေ့ကျင့်ခင် နဲ့ လေ့ကျင့်ပြီး အချိန်များတွင် စားသုံးနိုင်ပါတယ်။

 

ဒါအပြင် ငှက်ပျောသီးက အစာချေစနစ်ကို ပိုမိုကောင်းမွန်စေပြီး Pectin ၊ Resistant starch စတဲ့ အမျှင်ဓာတ် အမျိုးအစား နှစ်မျိုးပါဝင်ပါတယ်။ နှလုံးကျန်းမာစေတာ ၊ အင်ဆူလင်များကို တတ်ကြွက်စေတာ၊ ကျောက်ကပ်ကျန်းမာစေတာ ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 


 


 



 


 



Read times Last modified on Friday, 06 March 2020 17:54
Rate this item
(1 Vote)