What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 08 March 2020 14:09

ကလေးငယ်များ အဝလွန်ခြင်းကို ဖြစ်ပေါ်စေသော ပေါ်တူဂီ အချိုရည်များအပေါ် အခွန်တိုးကောက်ခြင်းဖြင့် လျော့ချနိုင်ခဲ့

ကမ္ဘာ့အဝလွန်ခြင်းနေ့ (မတ်လ ၄ ရက်)တွင် ပေါ်တူဂီမှ ကလေးငယ်များအဝလွန်ခြင်းကို WHO ၏ ဥရောပဒေသတွင်းရှိ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများတွင် သူတို့၏ သကြားပါဝင်မှုအခွန်ကို ကိုင်တွယ်ရာတွင် အောင်မြင်ခဲ့ခြင်းကို မီးမောင်းထိုးပြခဲ့ကြပါတယ်။

 

ကလေးသူငယ်အဝလွန်ခြင်းသည် ရှုပ်ထွေးသော ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အကြောင်းရင်းများစွာကြောင့် လူမှုစီးပွားရေးအခြေအနေနှင့် များစွာဆက်စပ်နေပါတယ်။ အဝလွန်ခြင်းသည် ငယ်ရွယ်ချိန်တွင် အန္တရာယ်ကျရောက်လွယ်သော အသက်အရွယ်ဖြစ်ပြီး အပြုအမူများကိုတည်ဆောက်နိုင်ခြင်းကြောင့် တိုင်းပြည်ရှိ ကလေးများအား သူတို့၏ဘ၀ တစ်လျှောက်လုံး ကျန်းမာရေးဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်သည့်ဖြစ်ရပ်မှ ကာကွယ်ရန်တာဝန်ရှိပါတယ်။

 

ပေါ်တူဂီတွင် ကျန်းမာရေးနှင့် မညီညွတ်သည့်အဟာရများ ပေါင်းစပ်ထားတာကြောင့် အထိုင်များသည့် လူနေမှုပုံစံများမြင့်တက်လာခြင်းသည် ကလေးဘဝ အဝလွန်မှုနှင့် အတူပြည်သူ့ကျန်းမာရေး ရုန်းကန်မှုကိုအရှိန်မြှင့်တင်းခဲ့ပါတယ်။ ယင်း၏အကျိုးဆက်များသည် ၂၀၃၀ ပြည့်နှစ်တွင် ပေါ်တူဂီတွင်ကူးစက်ရောဂါ မဟုတ်သော ရောဂါများ (NCDs) ကို ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များ အောင်မြင်ရန် သက်ရောက်မှုရှိပါတယ်။

 

ကျန်းမာရေးခေတ်ရေစီးကြောင်းကို စောင့်ကြည့်လေ့လာခြင်း၏ အရေးပါမှု

WHO ဥရောပကလေးသူငယ်အဝလွန်ခြင်းစောင့်ကြည့်လေ့လာရေး (COSI) ၏ စောင့်ကြည့်လေ့လာမှု အစီအစဉ်တစ်ခုသည် ဤပြဿနာကို အခိုင်အမာကိုင်စွဲထားရန်ကြိုးပမ်းခဲ့ပါတယ်။ COSI သည် ကလေးဘ ၀ တွင် အဝလွန်ခြင်းကို ၁၂ နှစ်ကြာ ခြေရာခံခဲ့ပြီး ပေါ်တူဂီနိုင်ငံ၌ ဖြည်းဖြည်းချင်း မှန်မှန်ဆောင်ရွက်ခဲ့ပါတယ်။ COSI သည် ၂၀၀၈ ခုနှစ်မှစ၍ ဥရောပဒေသရှိနိုင်ငံပေါင်း ၄၀ ကျော်တွင် ၂ နှစ်မှ ၃ နှစ်လျှင် တစ်ကြိမ်ကျောင်းနေအရွယ် ကလေးများ၏ အလေးချိန်ကိုစစ်တမ်းကောက်ယူခဲ့ပါတယ်။ ထိုအချိန်က ဒေသတွင်းရှိ အစိုးရများအတွက် တန်ဖိုးမဖြတ်နိုင်သော အချက်အလက်များကိုပေးပို့ခဲ့ကြပါတယ်။

 

ဒေါက်တာ Ana Rito, ပေါ်တူဂီ၏ COSI အတွက်အဓိကစုံစမ်းစစ်ဆေးသူသည် ဤအရေးပါသောစောင့်ကြည့် လေ့လာမှု၏ အစိတ်အပိုင်းများမှ တစ်ဆင့် ကျွန်ုပ်တို့ကိုလေ့လာတဲ့အခါ “ ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း [ပေါ်တူဂီတွင်] အဝလွန်သောကလေးများ ၃၇.၉% မှ ၃၀.၇% နှင့် ၁၅.၃% မှ ၁၁.၇% သို့ ကျဆင်းသွားသည်ကိုတွေ့ရပါတယ်။ ဒါက ဥရောပတွင် အမြင့်ဆုံးနှုန်းထားတွင် ရှိနေဆဲဖြစ်ပါတယ်။ အသေးစိတ်လေ့လာဆန်းစစ်မှုအရ အဝလွန်မှုနှုန်းကျဆင်းလာသော်လည်း အစားအသောက်ပုံစံများ ပြောင်းလဲမှုကို ပြည်သူများအနေဖြင့် ပြောင်းလဲ အသုံးပြုနိုင်ကြသည်ကို တွေ့ရပါတယ်။

 

ကျန်းမာသောဘဝပုံစံ

အချိုရည်ပုံမှန်သောက်သောကလေးအရေအတွက်သည်ကိုယ်အလေးချိန်တိုးခြင်းအပေါ်များစွာအကျိုးသက်ရောက်သည် - ၂၀၁၆ တွင် ၆ နှစ်မှ ၈ နှစ်အတွင်းရှိကလေး ၈၀.၁% ကျော်အထိရောက်ရှိလာခဲ့တယ်လို့ ” Ana ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခွန်ကောက်ခံခြင်းသည် အပြုအမူပြောင်းလဲခြင်းကို ထိရောက်စွာဖယ်ရှားပေးပြီး ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

ခြေလှမ်းများ

ရလဒ်များအပေါ် ကုမ္ပဏီများအနေဖြင့် အကျိုးသက်ရောက်မှုအပေါ် ကုမ္ပဏီအတော်များများက သူတို့ရဲ့ ထုတ်ကုန်များကို သကြားပမာဏ သိသိသာသာလျှော့ချသွားပြီး သကြားအချိုရည်များ ရောင်းအားကျဆင်းသွားတာကို တွေ့ရပါတယ်။ COSI ပေါ်တူဂီလေ့လာမှု၏ အနာဂတ်စစ်တမ်းများသည် ကလေးသူငယ်များစားသုံးမှုပုံစံအပေါ်အပြည့်အ၀ သက်ရောက်မှုကို ခြေရာခံနိုင်လိမ့်မည်ဖြစ်သော်လည်း သကြားမြင့်မားသောအဖျော်ယမကာရောင်းအားနှင့် ထုတ်ကုန်များ သိသိသာသာပြုပြင်ပြောင်းလဲမှုသည် ကနဦး ကျဆင်းမှုဖြစ်ပေါ်ခဲ့ပါတယ်။

 

ဒေါက်တာ Francisco Goiana Silva သည် သကြားရည်အခွန်ကို အကောင်အထည်ဖော်စဉ် ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာနတွင် ဝင်ရောက်ခဲ့ပြီး အခွန်အပေါ်ယုံကြည်မှုအရ“ ဤမူဝါဒ ဝင်ရောက်စွက်ဖက်မှုသည် ပညာရေးထက် လူဦးရေ၏ အာဟာရအပေါ်များစွာ သက်ရောက်မှုရှိသည် ဟု ခန့်မှန်းရသည်။ ဒါက ကျန်းမာရေးအချိုးအစားမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရန်ဖို့အတွက် အခွန်ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

 

Written By Health Products Directory

Ref;WHO

 

(Zawgyi)

======


 


 


 


 


 


 


 

ကျန်းမာသောဘဝပုံစံ


 

ခြေလှမ်းများ


 


 


Ref;WHO

Read times
Rate this item
(0 votes)