What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 October 2018 13:42

သံဓာတ်များခြင်းသည် လေဖြတ်နိုင်ခြေများ

နှလုံးမှထွက်လာသော သွေးစီးဆင်းရာလမ်းကြောင်း၌ သွေး ခဲ (သို့မဟုတ်) အခြားအတားအဆီးများကြောင့် ဖြစ်ပေါ်တဲ့ လေဖြတ်ခြင်းကို သံဓာတ်ပမာဏမြင့်မားသူများတွင် ပို၍ကြုံတွေ့ရကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်ကောလိပ်မှ သုတေသီများ၏ လေ့လာချက်အရ မျိုးရိုးလိုက်၍ သံဓာတ်ပမာဏမြင့်မားသူများသည် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်းသိရပါတယ်။ နှလုံးမှလာသော သွေးစီးဆင်းရာလမ်းကြောင်းတွင် အတားအဆီးတစ်ခုကြောင့် ဦးနှောက်သို့ သွေးစီးဆင်းမှုပိတ်ဆို့ပါက လေဖြတ်နိုင်ပါတယ်။

သို့သော် ယခုလေ့လာမှုရလဒ်ကြောင့် လူအများအနေဖြင့် သံဓာတ်လျှော့ချရန် မကြိုးစားသင့်ကြောင်း သုတေသီများက အကြံပြုထားပါတယ်။ ယခုလေ့လာမှုသည် အစောပိုင်းအခြေအနေသာရှိသေးပြီး နောက်ထပ်လေ့လာမှုများပြုလုပ်ရန် လိုအပ်ကြောင်း လန်ဒန်ကောလိပ် ပြည်သူ့ကျန်းမာရေးကျောင်းမှ ဒေါက်တာဒီပန်ဒါ ဂီးလ်ကပြောထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဖော်ပြချက်အရ လူ ၁၅ သန်းတွင် နှစ်စဉ်လေဖြတ်ခြင်းနှင့် ကြုံတွေ့နေရကြောင်း ဖော်ပြထားပါတယ်။ ၎င်းတို့အနက် ငါးသန်းခန့်သည် လေဖြတ်ခြင်းကြောင့် ကျန်ဘ၀တစ်လျှောက်လုံးတွင် မသန်စွမ်းဖြစ်ပြီး နောက်ထပ်လူငါးသန်းမှာ အသက်ဆုံးရှုံးကြောင်း သိရပါတယ်။

အမေရိကန်တွင် နှစ်စဉ် လေဖြတ်သူ ၇၉၅,၀၀၀ ကျော်ရှိပြီး လူ ၁၄၀,၀၀၀ သေဆုံးနေသဖြင့် လူ ၂၀ သေဆုံးမှုတွင် တစ်မှုမှာ လေဖြတ်ခြင်းကြောင့် ဖြစ်နေပါတယ်။ သံဓာတ်သည် ခန္ဓာကိုယ်တွင် လုပ်ဆောင်ချက်များစွာအတွက် အသုံးဝင်ပြီး အဓိကတစ်ချက်သည် သွေးနီဥများအတွင်း အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါတယ်။

ယခုလေ့လာမှုကနေ၍ ဖြစ်နိုင်ခြေရှိသော ကုထုံးနှင့် လေဖြတ်နိုင်သည့်အန္တရာယ် လျှော့ချရေး နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်ခြေရှိသည်ဟု ဖော်ပြကြောင်း သုတေသီများကပြောထားပါတယ်။

သို့သော် သံဓာတ်ပမာဏနှင့် လေဖြတ်ခြင်းကြား ဆက်စပ်သည်ဟု ဖော်ပြသော လေ့လာမှုများရှိသလို မဆက်စပ်ဟု ဖော်ပြထားသော လေ့လာမှုများလည်းရှိကြောင်း သိရပါတယ်။

Source:7daydaily

အသက် ၇ဝ ကျော်လာရင် အက်စ်ပါရင်သောက်တာ အန္တရာယ်ရှိ

အသက် ၇ဝ ကျော်လာရင် အက်စ်ပါရင်သောက်တာ အန္တရာယ်ရှိ

Read times
Rate this item
(1 Vote)