What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 September 2022 15:13

ရောဂါပေါင်းများစွာကိုပါ သက်သာစေတဲ့ ကျောက်ဖရုံသီး

ကျောက်ဖရုံသီးမှာ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် C ၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ သံဓါတ် နှင့် ကယ်ဆီယမ်တို့ ပါဝင်ပြီး သွေးတိုးရောဂါ ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

ကျောက်ဖရုံသီးက ကျောက်ကပ်ဝေဒနာရှင်များ အတွက်လည်း အထူး သင့်တော်ပါတယ်။ ကျောက်ဖရုံသီးက ကျောက်ကပ်ရောဂါသည်တွေအတွက် အကောင်းဆုံး သဘာဝဆေးလည်းဖြစ်ပါတယ်။  ခန္ဓာကိုယ် အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေတဲ့ အသီးအနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ အသည်း ၊ အဆုတ်နှင့် နှလုံး နှင့် ခုခံအားစနစ်တို့၏ လုပ်ဆောင်မှုတို့ကို တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

 

ဆီး ကျောက်တည်ခြင်း၊ ကျောက်ကပ်ရောင်ရမ်းခြင်းနဲ့ ဆီးကျိတ်ရောဂါကို သက်သာစေသလို၊ အဆုတ်၊ အူမကြီးကို အားကောင်းစေတာကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို တန်ဖိုးထားစား သုံးကြပါတယ်။ အများအားဖြင့် ကြော်စား၊ ချက်စား၊ ဟင်းချိုချက်သောက် လေ့ရှိကြပါတယ်။ ကျောက်ဖရုံသီးထဲတွင် ဗီတာမင် C ဓာတ်ပါသောကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်စေရန် ကာကွယ်ပေးပါတယ်။

telegram1.jpg

ဆီးသွားခြင်းကို ကောင်းကျိုးပြုပေးနိုင်မည်။ အဆုတ်ကို စိုစွတ်စေမယ့်အပြင် အူမကြီးအတွင်းရှိ အဆိပ်များကို ရှင်းလင်းပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ အစာကြေရန် ကူညီပေးနိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။

 

ကျောက်ဖရုံသီး ကျန်းမာရေးကောင်းကျိုးများကတော့ အစာအိမ်အနာတွေသက်သာစေခြင်းနှင့် အူတွင်းပိုးမွှားများကို ရှင်းစေခြင်း ၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးခြင်း ၊ ဝမ်းချုပ်သက်သာစေခြင်း ၊ ဆီးရွှင်စေခြင်း ၊ အနာရောဂါများကို ပျောက်ကင်းစေခြင်း ၊ ရောင်ရမ်းမှုကို လျော့ကျစေခြင်း ၊ အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးခြင်း နှင့် ရောဂါပိုးမွှားများဒဏ်ကို ကာကွယ်ပေးခြင်း စတာတွေ ဖြစ်ပါတယ်။

 

Myanmar Health Products Guide

telegram.jpg

Read times
Rate this item
(0 votes)