What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 July 2017 10:29

ကျန်းမာသော ဘ၀အတွက် ညဘက်မှာရှောင်သင့်တဲ့အချက် ၆ ချက်

ကျန်းမာသော ဘ၀အတွက် ညဘက်မှာရှောင်သင့်တဲ့အချက် ၆ ချက် google.com

နေ့အချိန်မှာ အလုပ်အတွက် အချိန်ပေးကြပြီးနောက် ညဘက်အိမ်ရောက်တာနဲ့ အေးအေးချမ်းချမ်း နားနေချင်ကြပါတယ်။

ညအချိန်တွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ အမူအကျင့်တွေ လုပ်မိတတ်တာကြောင့် ဘာတွေကို သတိထားပြီး ရှောင်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁. လုံလောက်သော အစားမစားခြင်း

ကိုယ်အလေးချိန်တက်မှာစိုးလို့ အစားအသောက်တွေကို ကန့် သတ်စားသောက်ရာကနေ လုံ လောက်တဲ့ အသားဓာတ်နဲ့ တခြား အာဟာရဓာတ်တွေ မရဘဲ အမြဲ ဆာလောင်နေစေပါတယ်။ ဒီလို နဲ့ အစား သေသေချာချာ မစားရတဲ့အတွက် ပေါ့ပေါ့ပါးပါးဆိုပြီး သကြားလုံးတွေ၊ ရေခဲမုန့်တွေစတဲ့အချိုစာ တွေကို ညဘက်မှာအလိုလို စားမိ စေပါတယ်။

READ - ဗိုက်ထဲ အစားလုံးဝမရှိတဲ့အချိန်မှာ မစားသင့်တာတွေ

၂. ပမာဏအများကြီးစားသောက်ခြင်း

အစာနည်းနည်းလေး စားတာ မကောင်းသလို တရားလွန်အများကြီးစားတာကိုလည်း ရှောင်ဖို့ လိုပါတယ်။ အကယ်၍ အချဉ် ဓာတ်ပါတဲ့ အစားအစာတွေပါရင် အစာချေဖျက်မှုကို ဒုက္ခပေးနိုင်ပါ တယ်။

၃. ကစီဓာတ်ပါသော အစာအများ ကြီးစားခြင်း

ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်နဲ့ ကျန်းမာသောအနေအထားကို ဆိုးကျိုးဖြစ်စေပါတယ်။ ညဘက်တွေမှာ ကယ်လိုရီလောင် ကျွမ်းမှုနည်းတဲ့အတွက် ခန္ဓာကိုယ် ထဲမှာ အဆီတွေစုထားသလို ဖြစ် စေပါတယ်။

၎. အစားစားနေစဉ် ယမကာသောက် ခြင်း

အရက်ဟာ ခန္ဓာကိုယ်ကို ရေဓာတ်ကုန်ခန်းစေသလို ဇီဝဖြစ် စဉ်လုပ်ငန်းစဉ်တွေကိုလည်း နှေးကွေးစေပါတယ်။ လူကို ဖောင်းပွပွ ဖြစ်စေသလို မနက်မိုးလင်းအိပ်ရာ နိုးတဲ့အခါမှာလည်း နှေးကွေးလေး လံနေစေပါတယ်။

၅. လေ့ကျင့်ခန်းလုပ်ပြီး အကိုက်အခဲ ပျောက်ဆေးသောက်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးလို့ ကိုယ်လက်နာတာ သက်သာအောင်ဆိုပြီး အကိုက်အခဲပျောက်ဆေးတွေကို နေ့ရောညပါ သောက်တာဟာ ခန္ဓာ ကိုယ်ရည်စွမ်းရည်တွေကို ကျဆင်းစေသလို ကြွက်သားတွေ သန်မာ မှုကိုလည်း လျော့ကျစေပါတယ်။ နာကျင်ကိုက်ခဲရင်လည်း ရေခဲ အိတ်ကပ်ပေးတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်း လုပ်ချိန် အပြောင်းအလဲ လုပ်တာပဲဖြစ်ဖြစ် လုပ်သင့်ပါ တယ်။

၆. အရမ်းပူတဲ့ ပတ်ဝန်းကျင်မှာ အိပ်စက်ခြင်း

ပူလောင်နေတဲ့ အခန်းထဲမှာ အိပ်တာဟာ ချွေးထွက်များစေရုံသာမက အိပ်စက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ အပူက ဇီဝဖြစ်စဉ် လည်ပတ်မှုကို နှေးကွေးစေတဲ့အတွက် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေ ပါတယ်။

www.healthproducts.com.mm

Source: 7 day daily

Read times
Rate this item
(1 Vote)