What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 August 2017 14:21

နို့သောက်ပေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး ဖြစ်ပွားနှုန်း လျော့ကျစေနိုင်

နို့သောက်ပေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး ဖြစ်ပွားနှုန်း လျော့ကျစေနိုင် google.com

နေ့စဉ်နို့တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး ရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်း စေနိုင်ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ လေ့လာတွေ့ရှိမှုအရ သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော အဆိုပါလေ့လာတွေ့ရှိချက်အရ နေ့စဉ်နို့်တစ်ခွက်ပုံမှန် သောက်သုံးခြင်းဖြင့် ဆီးချိုရောဂါ ၁၂ ရာခိုင်နှုန်း၊ သွေးတိုးရောဂါ ၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင် ကြောင်း ဆိုသည်။

နို့နှင့်နို့ထွက်ပစ္စည်းများသည် ကယ်လ်ဆီယမ်ကဲ့သို့ သတ္တုဓာတ်များကြွယ်ဝစွာပါဝင်ရာ ဆီးချိုနှင့် သွေးတိုးရောဂါမှ လျှော့ချကာ ကွယ်ပေးနိုင်ခြင်းဖြစ်သည်။

သတ္တု ဓာတ်များသည် ခန္ဓာကိုယ်၏ ဟော်မုန်းဓာတ်တစ်ခုဖြစ်သည့် အင်ဆူ လင်ထွက်နှုန်းကို တိုးမြင့်စေပြီး သွေးတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးနိုင်သည်။

READ - နွားနို့ ပုံမှန်သောက်သူများ ရနိုင်တဲ့ ကောင်းကျိုး (၆) မျိုး

ကလေးများ၌ နို့သည် အဆိုပါသကြားဓာတ်ကို ထိန်းညှိပေးနိုင်ရုံသာမက အရိုး နှင့်ကြွက်သားများကို ကြံ့ခိုင်သန်မာစေပြီး ကလေးများ၏ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တစ်ခုလုံးကို အထောက်အကူပြုပေး သည်။

‘‘ကလေးတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့အသိက မြန်မာနိုင်ငံမှာ အရမ်းနည်းပါသေးတယ်။

လူနေမှုအဆင့်အတန်းနိမ့် ကျတာတို့၊ ကျန်းမာရေးအသိနည်း ပါးတာတို့ကြောင့် တချို့မိဘတွေ ဆို ကိုယ့်ကလေးအလွန်အမင်း ဆာ နေလား၊ ဆီးမကြာခဏသွား နေလား၊ ချွေးအထွက်လွန်နေလား စတဲ့ဆီးချိုရောဂါရဲ့ အခြေခံလက္ခ ဏာတွေကိုတောင် သတိမထားမိ ကြဘူး။

ပြီးတော့ ဆီးချိုလူနာပဲဖြစ် ဖြစ်၊ ဆီးချိုအကြိုအဆင့်ရောက်ရှိ နေသူပဲဖြစ်ဖြစ် ကာဗွန်ဟိုက်ဒရိတ် နဲ့ ဂလူးကိုစ့်စားသုံးမှုကို လျှော့ကို လျှော့ချရပါမယ်။

အဆီကို လျှော့ စားပြီး အသားဓာတ်ဖြစ်တဲ့ ပရို တင်းကို ပိုစားပေးရပါမယ်။ ကျွန်မတို့ကတော့ လူနာတွေကို နို့သောက်ဖို့ မှတ်ချက်ပေးပါတယ်’’ ဟု ပါရမီဆေးရုံမှ ကလေးအထူးကုဆရာ ဝန် ဒေါက်တာအေးသီတာသန်းက ပြောသည်။

၂၀၁၆ နိုဝင်ဘာက Friesland Campina မှ ပြုလုပ်ခဲ့ သော လေ့လာမှုအရ မြန်မာနိုင်ငံ တွင် ကလေးငယ်ဆယ်ဦး လျှင် တစ်ဦးသာ နေ့စဉ် နို့သောက်သုံးမှု ရှိသည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ၂၀၁၄ က ပြုလုပ်ခဲ့ သော စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း သည် လူဦးရေ၏ ၁၀ ဒသမ ၅ သန်း နှင့် ဆီးချိုအကြိုအဆင့်ဖြစ်ပွားမှု နှုန်းသည် ၁၉ ဒသမ ၅ ရာခိုင်နှုန်းရှိ ပြီး ဆီးချိုဖြစ်ပွားမှုနှုန်း မြင့်မားနေ သည့် အရှေ့တောင်အာရှနိုင်ငံများ ၌ တစ်ခုအပါအဝင် ဖြစ်သည်။

READ - နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

Source: 7 day daily

Read times
Rate this item
(0 votes)