What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 10 May 2020 22:11

မတ်စ်တပ်ခြင်းနှင့် ယုံမှတ်မှားသော လူ့သဘာဝ

မတ်စ်တပ်ဆင်ခြင်းသည် COVID-19 ကူးစက်ခံရနိုင်ခြေကို လျော့နည်းစေသည်။

သို့သော် မတ်စ်ကို ဝတ်ထားရုံမျှဖြင့် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိချေ။ အစပထမတွင် အာရှသူအာရှသားတို့က မတ်စ် မဖြစ်မနေ တပ်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နေမကောင်းသူများသာ ထပ်ဖို့ လိုသည်။ နေကောင်းသူများ တပ်ဖို့ မလိုဟု အတိအလင်း ပြောဆိုရာ မတ်စ် တပ်သင့်မတပ်သင့် အငြင်းပွားကြသည်။ အရှေ့တိုင်းက နားမယောင်ကြ။ အသက်ကို မတ်စ်ဖြင့် ထုပ်ဖို့ ကျန်းမာရေးအာဏာပိုင်တို့က အတင်းအကျပ် စေခိုင်းခဲ့ကြသည်။
အနောက်တိုင်းသို့ ကိုဗစ်ရောက်ရှိပြီးချိန်တွင် အမေရိကန် သမ္မတက မတ်စ်တပ်ကြဖို့ နိုင်ငံသားတို့ကို တိုက်တွန်းသည့်နောက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂငယ်ကွေ့ ကွေ့လိုက်သည်။ မတ်စ် တပ်ရမည်ဟု ဆိုသည်။
အကယ်စင်စစ် မတ်စ်တပ်ထားလျှင် အကာအကွယ် ရပြီဟု မဆိုနိုင်ပေ။ ကူးစက်ခံရနိုင်ခြေကို လျော့နည်းစေခြင်းမျှသာ ဖြစ်သည်။ သို့သော် လူ့စိတ်သဘာဝသည် လုံခြုံမှုကို အမြဲတောင့်တနေပေရာ မတ်စ် တပ်လိုက်လျှင် လုံပြီဟု အလိုလို မှတ်ယူပြီးသား ဖြစ်နေသည်။ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ ကွာရမည်ကို မေ့ထားလိုက်မည် ဖြစ်သည်။

မတ်စ်သည် ဤမျှအားကြီးသော လုံခြုံစိတ်ချမိစေသည့် စိတ်ခံစားချက်ကို ပေးစွမ်းနိုင်သဖြင့် လူတို့သည် မိမိတို့အား အကြံပြုထားသည့် အခြားနည်းများဖြင့် မိမိကိုယ်ကို ကာကွယ်ရန် အားနည်းလာသည်။


မရည်ရွယ်သော နောက်ဆက်တွဲအကျိုးဆက်များနှင့်
လုံခြုံပြီဟု မှားယွင်းစွာ မှတ်ယူခြင်း
=========
ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Joyce Ehrlinger သည် ဤရာထူးကို မထမ်းဆောင်ခင်က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Robinhood တွင် အပြုအမူဆိုင်ရာထိုးထွင်းသိမြင်မှုကို သုတေသနပြုခဲ့ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခုဖြစ်သော မရည်ရွယ်သော နောက်ဆက်တွဲအကျိုးဆက်များကို စာတမ်းတစ်စောင်တင်ခဲ့သည်။

ဒီဇိုင်းလောကတွင် မျှော်လင့်မထားသောအကျိုးဆက်များ ဖြစ်လေ့ဖြစ်ထရှိသည်။ တစ်ခုခုကို အကောင်းဆုံးရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသည်၊ သို့သော် ၎င်းသည် မမျှော်လင့် ပြဿနာများ နောက်ဆက်တွဲ ဖြစ်ပေါ်စေသည်။
Ehrlinger က“ ဘေးကင်းဖို့ လုပ်ပေးထားတဲ့ အစီအမံတွေက အကောင်းထက်အဆိုးကို ပိုလုပ်နိုင်တဲ့အခါမျိုးတွေရှိတယ်" ဟု ဆိုသည်။

ယေဘုယျအားဖြင့်ပြောရလျှင် လမ်းလျှောက်၍ သွားလာသူများသည် လမ်းမကူးဘဲ သွားလာခြင်းက လမ်းဖြတ်ကူးပြီး သွားလာခြင်းထက် ယာဉ်အန္တရာယ် ပိုကင်းသည်။ လမ်းကူးသည့်အခါတွင် မျဉ်းကြားမှ ကူးခြင်းက မျဉ်းကြားမသုံးဘဲ ကူးခြင်းထက် ယာဉ်အန္တရာယ် ပိုကင်းသည်။ သို့သော် ယာဉ်အန္တရာယ် ပိုကင်းသည် မကင်းသည်မှာ ယာဉ်မောင်းတို့အပေါ်မှာသာ မူတည်သည်။ မျဉ်းကြားသည် ဘာအမခံချက်မှ မပေးနိုင်ချေ။ သို့သော် ယာဉ်အန္တရာယ် ကင်းအောင် မျဉ်းကြားမှ ကူးပါဟု ဆိုသဖြင့် မျဉ်းကြားမှ ကူးလျှင် ယာဉ်အန္တရာယ် ကင်းပြီဟု လူ့စိတ်က အလိုလို မှတ်ယူပြီး မျဉ်းကြားကို ကူးသည့်အခါ ပေါ့ပေါ့တန်တန်ဖြင့် ဖြတ်လျှောက်သည်။
ညွှန်ကြားချက်ကို လိုက်နာလျှင် ဘေးအန္တရာယ် လျော့နည်းခြင်းကို အပြည့်အဝ ဘေးကင်းပြီဟု အဓိပ္ပာယ် အကောက်မှားသည်။ false sense of security ဘေးကင်းလုံခြုံပြီဟု မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူသည့် နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်သည်။ ဤအချက်ကို မတ်စ် တပ်ခြင်းမှာလည်း တွေ့ရပေသည်။
အဓိပ္ပာယ်အကောက်မှားခြင်းကြောင့် ပိုအတင့်ရဲသွားသည်။ ဆင်ခြင်ရမည့် အခြားအချက်များကို လျစ်လျူပြုသည်။ လမ်းကူးလျှင် ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့် ရှင်းလျှင်ကူးဆိုသည့်အချက်ကို မျဉ်းကြားမှ လမ်းကူးသည့်အခါ ပေါ့ပေါဆဆ ဖြစ်သည်။ မတ်စ် တပ်ထားသောအခါ လူချင်း ခပ်ခွာခွာ ၆ ပေနေရမည်ကို လျစ်လျုပြုသည်။

ယုံချင်တာကို အတည်ပြုခြင်း
===========

သုတေသီ Russo က McKinsey အတွက် သုတေသနစာတမ်းတွင် အချက် နှစ်ချက်ကို တင်ပြခဲ့သည်။ ပထမတစ်ချက်မှာ စိတ်ချလွန်းခြင်း ဖြစ်သည်။ နောက်တစ်ချက်မှာ ဘက်လိုက်ပြီး အတည်ပြုခြင်း ဖြစ်သည်။
စိတ်ချသင့်သည့် အတိုင်းအတာထက် ကျော်လွန်ပြီး စိတ်ချလက်ချဖြစ်နေခြင်းကို အထက်မှာ ရှင်းလင်းတင်ပြခဲ့ပြီးပြီ။ ဘက်လိုက်ပြီး အတည်ပြုခြင်းမှာ မိမိ ထင်မြင်ယူဆထားသည်တို့သည် မိမိဖြစ်စေလိုသည့်အချက်ကို သက်သေထူဖို့ ဘက်လိုက်ထားသည်။ လူတစ်ယောက်ကို အပြစ်မြင်သည့်အခါ အပြစ်များကိုချည်း ပြောဆိုပြီး သက်သေထူမည်။ အချစ်ဖြင့် မြင်သည့်အခါ ကောင်းကွက်များကို ထောက်ပြပြီး သက်သေထူမည်။

သုတေသီ Russo က လူအများတို့ မတ်စ်တပ်သည့်အခါ ဖြစ်ပေါ်သည့် လူ့စိတ်သဘာဝကို ပြောပြသည်။
"လူတွေက သူတို့ ဘာကို ယုံချင်သလဲဆိုတာကို ယုံကြတယ်။ သူတို့က အရင်လို ပုံမှန်ပြန်ဖြစ်ချင်နေတယ်။ မတ်စ်တပ်ပြီး အပြင်ထွက်ရင် အရင်အတိုင်း ပြန်နေလို့ ရမယ်။ လူတွေနဲ့ သွားသွားလာလာ လုပ်လို့ရမယ်။ ဈေးဝယ်ထွက်လို့ရမယ်။ ဘတ်စ်ကား စီးလို့ရမယ်။ မြေအောက်ရထား စီးလို့ရမယ်။ လူတွေနဲ့ စကားပြောဆိုလို့ ရမယ်"
ပိုးကူးခံထားရပြီ ဖြစ်သော်လည်း လက္ခဏာ မပြသေးသည့်အချိန် သို့မဟုတ် လက္ခဏာ မပြသသည့်သူများသည် သူတစ်ပါးကို မိမိထံမှ ပိုးကူးစေသည်။ လူကောင်းထင်ပြီး ပူးပူးကပ်ကပ် အချိန်ကြာကြာနေမည်ဆိုပါက မတ်စ်သည် လုံလောက်သော အကာအကွယ်ကို မပေးနိုင်ချေ။
သုတေသီ Russo က " နောက်တစ်ပိုင်း ရှိသေးတယ်။ အဲဒါကလည်း အရေးပါတယ်။ ပထမတစ်ပိုင်းက လူတွေက သူတို့ ဘာကို ယုံချင်သလဲဆိုတာကို ယုံကြတယ်။ ဒုတိယတစ်ပိုင်းက လူတွေက သူတို့ သိလိုတာကိုပဲ သိကြတယ်။ အဲဒီလို ကွက်ကွက်ကလေး သိတဲ့အသိဖြင့် စဉ်းစားဆုံးဖြတ်ကြတဲ့အခါ ကိုယ်လိုရာကို ဆွဲယူပြီး အတည်ပြုပေးလိုက်ကြတယ်"
ထိုအခါ လူချင်း ခပ်ခွာခွာ နေဖို့ ဂရုမစိုက်တော့ချေ။ လက်ဆေးဖို့ကိုလည်း အရေးမလုပ်တော့ချေ။ ဝတ်ကြေတန်းကြေ လိုက်နာခြင်းမျှသာ ဖြစ်ကုန်တော့သည်။

zawgyi

မတ္စ္တပ္ဆင္ျခင္းသည္ COVID-19 ကူးစက္ခံရႏိုင္ေျခကို ေလ်ာ့နည္းေစသည္။ သို႔ေသာ္ မတ္စ္ကို ဝတ္ထား႐ုံမွ်ျဖင့္ အျပည့္အဝ ကာကြယ္ေပးႏိုင္ျခင္း မရွိေခ်။ အစပထမတြင္ အာရွသူအာရွသားတို႔က မတ္စ္ မျဖစ္မေန တပ္ၾကသည္။ ကမာၻ႔က်န္းမာေရးအဖြဲ႕က ေနမေကာင္းသူမ်ားသာ ထပ္ဖို႔ လိုသည္။ ေနေကာင္းသူမ်ား တပ္ဖို႔ မလိုဟု အတိအလင္း ေျပာဆိုရာ မတ္စ္ တပ္သင့္မတပ္သင့္ အျငင္းပြားၾကသည္။ အေရွ႕တိုင္းက နားမေယာင္ၾက။ အသက္ကို မတ္စ္ျဖင့္ ထုပ္ဖို႔ က်န္းမာေရးအာဏာပိုင္တို႔က အတင္းအက်ပ္ ေစခိုင္းခဲ့ၾကသည္။
အေနာက္တိုင္းသို႔ ကိုဗစ္ေရာက္ရွိၿပီးခ်ိန္တြင္ အေမရိကန္ သမၼတက မတ္စ္တပ္ၾကဖို႔ ႏိုင္ငံသားတို႔ကို တိုက္တြန္းသည့္ေနာက္တြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ဂငယ္ေကြ႕ ေကြ႕လိုက္သည္။ မတ္စ္ တပ္ရမည္ဟု ဆိုသည္။
အကယ္စင္စစ္ မတ္စ္တပ္ထားလွ်င္ အကာအကြယ္ ရၿပီဟု မဆိုႏိုင္ေပ။ ကူးစက္ခံရႏိုင္ေျခကို ေလ်ာ့နည္းေစျခင္းမွ်သာ ျဖစ္သည္။ သို႔ေသာ္ လူ႔စိတ္သဘာဝသည္ လုံၿခဳံမႈကို အၿမဲေတာင့္တေနေပရာ မတ္စ္ တပ္လိုက္လွ်င္ လုံၿပီဟု အလိုလို မွတ္ယူၿပီးသား ျဖစ္ေနသည္။ တစ္ဦးႏွင့္ တစ္ဦး ေျခာက္ေပ ကြာရမည္ကို ေမ့ထားလိုက္မည္ ျဖစ္သည္။

မတ္စ္သည္ ဤမွ်အားႀကီးေသာ လုံၿခဳံစိတ္ခ်မိေစသည့္ စိတ္ခံစားခ်က္ကို ေပးစြမ္းႏိုင္သျဖင့္ လူတို႔သည္ မိမိတို႔အား အႀကံျပဳထားသည့္ အျခားနည္းမ်ားျဖင့္ မိမိကိုယ္ကို ကာကြယ္ရန္ အားနည္းလာသည္။

 

မရည္႐ြယ္ေသာ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားႏွင့္

လုံၿခဳံၿပီဟု မွားယြင္းစြာ မွတ္ယူျခင္း
=========
ဝါရွင္တန္ျပည္နယ္တကၠသိုလ္မွ လက္ေထာက္ပါေမာကၡ Joyce Ehrlinger သည္ ဤရာထူးကို မထမ္းေဆာင္ခင္က ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ Robinhood တြင္ အျပဳအမူဆိုင္ရာထိုးထြင္းသိျမင္မႈကို သုေတသနျပဳခဲ့ၿပီး စိတ္ဝင္စားဖြယ္ အေၾကာင္းအရာတစ္ခုျဖစ္ေသာ မရည္႐ြယ္ေသာ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားကို စာတမ္းတစ္ေစာင္တင္ခဲ့သည္။

ဒီဇိုင္းေလာကတြင္ ေမွ်ာ္လင့္မထားေသာအက်ိဳးဆက္မ်ား ျဖစ္ေလ့ျဖစ္ထရွိသည္။ တစ္ခုခုကို အေကာင္းဆုံးရည္႐ြယ္ခ်က္ျဖင့္ တည္ေဆာက္ထားသည္၊ သို႔ေသာ္ ၎သည္ မေမွ်ာ္လင့္ ျပႆနာမ်ား ေနာက္ဆက္တြဲ ျဖစ္ေပၚေစသည္။
Ehrlinger က“ ေဘးကင္းဖို႔ လုပ္ေပးထားတဲ့ အစီအမံေတြက အေကာင္းထက္အဆိုးကို ပိုလုပ္ႏိုင္တဲ့အခါမ်ိဳးေတြရွိတယ္" ဟု ဆိုသည္။

ေယဘုယ်အားျဖင့္ေျပာရလွ်င္ လမ္းေလွ်ာက္၍ သြားလာသူမ်ားသည္ လမ္းမကူးဘဲ သြားလာျခင္းက လမ္းျဖတ္ကူးၿပီး သြားလာျခင္းထက္ ယာဥ္အႏၲရာယ္ ပိုကင္းသည္။ လမ္းကူးသည့္အခါတြင္ မ်ဥ္းၾကားမွ ကူးျခင္းက မ်ဥ္းၾကားမသုံးဘဲ ကူးျခင္းထက္ ယာဥ္အႏၲရာယ္ ပိုကင္းသည္။ သို႔ေသာ္ ယာဥ္အႏၲရာယ္ ပိုကင္းသည္ မကင္းသည္မွာ ယာဥ္ေမာင္းတို႔အေပၚမွာသာ မူတည္သည္။ မ်ဥ္းၾကားသည္ ဘာအမခံခ်က္မွ မေပးႏိုင္ေခ်။ သို႔ေသာ္ ယာဥ္အႏၲရာယ္ ကင္းေအာင္ မ်ဥ္းၾကားမွ ကူးပါဟု ဆိုသျဖင့္ မ်ဥ္းၾကားမွ ကူးလွ်င္ ယာဥ္အႏၲရာယ္ ကင္းၿပီဟု လူ႔စိတ္က အလိုလို မွတ္ယူၿပီး မ်ဥ္းၾကားကို ကူးသည့္အခါ ေပါ့ေပါ့တန္တန္ျဖင့္ ျဖတ္ေလွ်ာက္သည္။
ၫႊန္ၾကားခ်က္ကို လိုက္နာလွ်င္ ေဘးအႏၲရာယ္ ေလ်ာ့နည္းျခင္းကို အျပည့္အဝ ေဘးကင္းၿပီဟု အဓိပၸာယ္ အေကာက္မွားသည္။ false sense of security ေဘးကင္းလုံၿခဳံၿပီဟု မွားယြင္းစြာ အဓိပၸာယ္ေကာက္ယူသည့္ ေနာက္ဆက္တြဲဆိုးက်ိဳး ျဖစ္ေပၚသည္။ ဤအခ်က္ကို မတ္စ္ တပ္ျခင္းမွာလည္း ေတြ႕ရေပသည္။
အဓိပၸာယ္အေကာက္မွားျခင္းေၾကာင့္ ပိုအတင့္ရဲသြားသည္။ ဆင္ျခင္ရမည့္ အျခားအခ်က္မ်ားကို လ်စ္လ်ဴျပဳသည္။ လမ္းကူးလွ်င္ ဘယ္ၾကည့္ ညာၾကည့္ ဘယ္ျပန္ၾကည့္ ရွင္းလွ်င္ကူးဆိုသည့္အခ်က္ကို မ်ဥ္းၾကားမွ လမ္းကူးသည့္အခါ ေပါ့ေပါဆဆ ျဖစ္သည္။ မတ္စ္ တပ္ထားေသာအခါ လူခ်င္း ခပ္ခြာခြာ ၆ ေပေနရမည္ကို လ်စ္လ်ဳျပဳသည္။

ယုံခ်င္တာကို အတည္ျပဳျခင္း
===========

သုေတသီ Russo က McKinsey အတြက္ သုေတသနစာတမ္းတြင္ အခ်က္ ႏွစ္ခ်က္ကို တင္ျပခဲ့သည္။ ပထမတစ္ခ်က္မွာ စိတ္ခ်လြန္းျခင္း ျဖစ္သည္။ ေနာက္တစ္ခ်က္မွာ ဘက္လိုက္ၿပီး အတည္ျပဳျခင္း ျဖစ္သည္။
စိတ္ခ်သင့္သည့္ အတိုင္းအတာထက္ ေက်ာ္လြန္ၿပီး စိတ္ခ်လက္ခ်ျဖစ္ေနျခင္းကို အထက္မွာ ရွင္းလင္းတင္ျပခဲ့ၿပီးၿပီ။ ဘက္လိုက္ၿပီး အတည္ျပဳျခင္းမွာ မိမိ ထင္ျမင္ယူဆထားသည္တို႔သည္ မိမိျဖစ္ေစလိုသည့္အခ်က္ကို သက္ေသထူဖို႔ ဘက္လိုက္ထားသည္။ လူတစ္ေယာက္ကို အျပစ္ျမင္သည့္အခါ အျပစ္မ်ားကိုခ်ည္း ေျပာဆိုၿပီး သက္ေသထူမည္။ အခ်စ္ျဖင့္ ျမင္သည့္အခါ ေကာင္းကြက္မ်ားကို ေထာက္ျပၿပီး သက္ေသထူမည္။

သုေတသီ Russo က လူအမ်ားတို႔ မတ္စ္တပ္သည့္အခါ ျဖစ္ေပၚသည့္ လူ႔စိတ္သဘာဝကို ေျပာျပသည္။
"လူေတြက သူတို႔ ဘာကို ယုံခ်င္သလဲဆိုတာကို ယုံၾကတယ္။ သူတို႔က အရင္လို ပုံမွန္ျပန္ျဖစ္ခ်င္ေနတယ္။ မတ္စ္တပ္ၿပီး အျပင္ထြက္ရင္ အရင္အတိုင္း ျပန္ေနလို႔ ရမယ္။ လူေတြနဲ႔ သြားသြားလာလာ လုပ္လို႔ရမယ္။ ေဈးဝယ္ထြက္လို႔ရမယ္။ ဘတ္စ္ကား စီးလို႔ရမယ္။ ေျမေအာက္ရထား စီးလို႔ရမယ္။ လူေတြနဲ႔ စကားေျပာဆိုလို႔ ရမယ္"
ပိုးကူးခံထားရၿပီ ျဖစ္ေသာ္လည္း လကၡဏာ မျပေသးသည့္အခ်ိန္ သို႔မဟုတ္ လကၡဏာ မျပသသည့္သူမ်ားသည္ သူတစ္ပါးကို မိမိထံမွ ပိုးကူးေစသည္။ လူေကာင္းထင္ၿပီး ပူးပူးကပ္ကပ္ အခ်ိန္ၾကာၾကာေနမည္ဆိုပါက မတ္စ္သည္ လုံေလာက္ေသာ အကာအကြယ္ကို မေပးႏိုင္ေခ်။
သုေတသီ Russo က " ေနာက္တစ္ပိုင္း ရွိေသးတယ္။ အဲဒါကလည္း အေရးပါတယ္။ ပထမတစ္ပိုင္းက လူေတြက သူတို႔ ဘာကို ယုံခ်င္သလဲဆိုတာကို ယုံၾကတယ္။ ဒုတိယတစ္ပိုင္းက လူေတြက သူတို႔ သိလိုတာကိုပဲ သိၾကတယ္။ အဲဒီလို ကြက္ကြက္ကေလး သိတဲ့အသိျဖင့္ စဥ္းစားဆုံးျဖတ္ၾကတဲ့အခါ ကိုယ္လိုရာကို ဆြဲယူၿပီး အတည္ျပဳေပးလိုက္ၾကတယ္"
ထိုအခါ လူခ်င္း ခပ္ခြာခြာ ေနဖို႔ ဂ႐ုမစိုက္ေတာ့ေခ်။ လက္ေဆးဖို႔ကိုလည္း အေရးမလုပ္ေတာ့ေခ်။ ဝတ္ေၾကတန္းေၾက လိုက္နာျခင္းမွ်သာ ျဖစ္ကုန္ေတာ့သည္။

Read times
Rate this item
(0 votes)