What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 15 February 2020 14:07
သွေးတိုးဝေသနာရှင်များ စားသုံးသင့်သော အစားအစာများ
သွေးတိုးရောဂါဝေသနာရှင်များအနေဖြင့် အစားအစာကို အလွန်ဂရုစိုက်သင့်တယ်ဆိုတာ အားလုံးသိထားပြီး ဘယ်လိုအစားအစာများ စားသုံးသင့်လည်းဆိုတာ ရွေးချယ်ရခက်နေလိမ့်မယ်။
“အစားမတော်တစ်လုတ် အသွားမတော်တစ်လှမ်း “ စကားပုံဆိုရိုးအတိုင်း သွေးတိုးရောဂါကလည်း အစားအသောက် မှားသွားရင် အသက်အန္တရာယ်ကိုယ်ပါ ထိခိုက်လာနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
အခုဖော်ပြသွားမှာက သွေးတိုးဝေသနာရှင်များ အနေဖြင့် စားသုံးသင့်တဲ့ အစားအစာများဖြစ်ပါတယ်။ ယနေ့တိုင် သွေးတိုးရောဂါကို ပျောက်ကင်းနိုင်တဲ့ဆေးဝါးများ မရှိသေးတဲ့အတွက် သွေးတိုးဝေသနာရှင်များအနေဖြင့် စားအသောက်ကို ရှောင်ကျဉ်တာ ၊ သွေးပေါင်ကျစေတဲ့အစားအစာများ စားပေးခြင်းဖြင့် သွေးတိုးရောဂါကို လျော့ချထိန်းသိမ်း နိုင်ပါတယ်။
ငှက်ပျော်သီး
ငှက်ပျောသီးမှာ ပိုတတ်စီယမ်ဓာတ် ပါဝင်တဲ့အတွက်ကြောင့် တစ်နေ့တစ်လုံးစားခြင်းဖြင့် သွေးတိုးခြင်းကို လျော့ချနိုင်ယုံသာမက ဝမ်းဗိုက်အတွင်းရှိ အညစ်အကြေးများကိုလည်း ရှင်းထုတ်နိုင်ပါတယ်။
အဆီပါဝင်မှုနည်းတဲ့ နို့ နဲ့ ဒိန်ချဉ်
အဆီနည်းတဲ့ နို့ နဲ့ ဒိန်ချဉ်များမှာ ကယ်လ်ဆီယမ်ဓာတ်များ ကြွယ်ဝပြီး အဆီဓာတ်နည်းသောကြောင့် သွေတိုးဝေသနာရှင်များအတွက် အလွန်ကောင်းမွန်တဲ့အပြင် Granola ဂျုံ ၊ almond စေ့နဲ့ အသီးများကို ဒိန်ချဉ်ထဲ ထည့်စားပေးခြင်းက နှလုံးကို ကျန်းမာစေနိုင်ပါတယ်။
ချောကလက်အခါး
ချောကလက်အခါးကို တစ်နေ့ ၁၀၀ ဂရမ်နီးပါး စားခြင်းက နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို လျော့နိုင်တဲ့အတွက် သွေးတိုးဝေသနာရှင်များအနေဖြင့် စားသုံးပေးသင့်ပါတယ်။
Pest Control Services (ပိုးမွှားနှိမ်းနင်းရေးလုပ်ငန်းပေါင်း ၁၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for pest control services
အသီးအရွက်များ
မုန်ညုင်း ၊ မုန်လာ ၊ ကိုက်လန် ၊ ဂေါ်ဖီ ၊ မုန်လာဥနီ ၊ ပဲသီး ၊နေကြာစေ့ ၊ ထောပတ်သီး ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်ဖြူ ၊ လိမ္မော်သီး ၊ ပန်းသီး ၊ ခရမ်းချဉ်သီး တို့မှာ ပိုတတ်ဆီယမ်ဓာတ် များစွာပါဝင်တဲ့ အတွက်ကြောင့် းပေါင်ကျ စေပါတယ်။ ဒါအပြင် အသားဆိုရင်တော့ လတ်ဆတ်ပြီး အဆီပါဝင်မှုနည်းသော အသားများကိုသာရွေးချယ် စားသုံးသင့်ပါတယ်။
နှမ်းဆီ
နှမ်းဆီတွင် နိုက်ထရိတ်ဓာတ်ပါဝင်တဲ့အတွက် သွေးကြောလှုပ်ရှားမှုများကို ပိုမိုသန်မာလာစေခြင်းကြောင့် သွေးတိုးခြင်းမှ လျော့ချနိုင်ပါတယ်။
အစေ့အဆံ
အငံဓာတ်ထည့်မထားတဲ့ အစေ့အဆံ လှော်များမှာ ပိုတတ်ဆီယမ် ၊ မဂ္ဂနီဆီယမ် နှင့် အခြားသတ္တုဓာတ် များပါဝင်ခြင်းကြောင့် တစ်ရက်ကို အနည်းငယ်စီ စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျ စေနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
ငှက်ပျော်သီး
ချောကလက်အခါး
အသီးအရွက်များ
နှမ်းဆီ
အစေ့အဆံ
Read times Last modified on Thursday, 27 February 2020 09:30
Rate this item
(0 votes)