What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 August 2017 14:19

အစာအိမ်ရောင်ရမ်းနေစဉ် ရှောင်ရှားရမည့် အစားအစာများ

အစာအိမ်ရောင်ရမ်းနေစဉ် ရှောင်ရှားရမည့် အစားအစာများ google.com

အစာအိမ်ရောင်ရမ်းမှုဒဏ် ကြာရှည်စွာ ခံစားနေရပြီး အစား အသောက်ရှောင်ရှားခြင်း မရှိပါက အစာအိမ် ကင်ဆာကဲ့သို့ ရှုပ်ထွေး မှုများ ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် အစာအိမ်ရောင်ရမ်းနေစဉ် စားရမည့် အစားအစာနှင့် ရှောင်ရှားရမည့် အစားအစာများကို သိရှိမှတ်သား ထားရန် အလွန်အရေးကြီးသည်။

အဓိကရှောင်ရှားရမည့် အစားအစာများမှာ အစာချေဖျက်မှု စနစ်ကို ဆိုးရွားစေသည့် ပူစပ်သော အစားအစာများဖြစ်သည်။

အစာအိမ်လမ်းကြောင်း လုပ်ဆောင်ချက် ကျန်းမာရေးနှင့် ညီစေ ရန် အမျှင်ဓာတ်မြင့်မားစွာပါသော အစားအစာများကို စားပေးရန် လိုအပ်သည်။

READ - အစာအိမ် အနာရှိသူများ စားသင့်သည့် အစားအစာများ

အစာအိမ် ရောင်ရမ်းနေစဉ် စားသောက်သင့်သည့် အစားအသောက်များအတွက် စီစဉ်နေစဉ် အောက်ပါလမ်းညွှန် ချက်များအတိုင်း လိုက်နာရန်လည်း အရေးကြီးပါသည်။

အစာအိမ် ရောင်ရမ်းနေစဉ် အစားအသောက် မစားမီ အောက်ပါအချက် အလက်များကို မှတ်သားထားပါ။

အဆီများသော အစားအစာများ၊ ဆီများများနှင့် ကြော်ထား သော အစားအစာများကို မဖြစ်မနေ ရှောင်ရှားကြရမည်ဖြစ်သည်။

ဆားအလွန်များသော အစားအစာများ၊ ပူစပ်သော အစားအ စာများ၊ ငရုတ်ကောင်းနှင့် သနပ်အမျိုးမျိုးကို မစားပါနှင့်။

ဗီနီဂါနှင့် ဗီနိုဂါရည်ပါဝင်သော အစားအစာများကို ရှောင်ရှား ပါ။

ကဖိန်း၊ အရက်ပါသော ဖျော်ရည်များ၊ စီးထရစ်အက်စစ်ပါ သော ဖျော်ရည်များနှင့် မုန်ညင်းနက်အဆီတို့ စားသုံးခြင်းကို ရှောင် ပါ။

အအေးများသောက်ခြင်းက အစာအိမ်ရောင်ရမ်းမှုအတွက် အ ထောက်အကူဖြစ်စေသည်ဟု တလွဲထင်မှတ်ထားကြသော်လည်း အမှန်တကယ်မှာ အထောက်အကူမဖြစ်စေနိုင်ပါ။

ပန်းသီး၊ ကရန်ဘယ်ရီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကဲ့သို့ ရောဂါကာကွယ်ပေးသော ဓာတ်များမြင့်မားစွာပါဝင်သည့် အစား အသောက်များကိုစားပါ။

ယင်း အစားအသောက်များက အစာအိမ် ရောင်ရမ်းမှုဖြစ်ပေါ်စေသော ဘက်တီးရီးယားများ ပွားများခြင်းကို တားဆီးပေးနိုင်သည်။

အမဲသား၊ ငါးကြော်နှင့် ၀က်သားတို့ကဲ့သို့ အသားများကို အ လွန်အကျွံစားသောက်ခြင်း ရှောင်ပါ။

နွားနို့ပါသော ဖျော်ရည်၊ ချဉ်အောင်လုပ်ထားသော ခရင်မ် များ၊ ချိစ်နှင့် ရေခဲမုန့်တို့ကဲ့သို့ နို့ထွက်ထုတ်ကုန်များကို ရှောင်ပါ။

ချောကလက်များစွာပါသော ကွတ်ကီးများ၊ ထောပတ်ဘီစ ကွတ်၊ ကိတ်မုန့်များ၊ ဒိုးနပ်စ်များ၊ ချောကလက်ကိတ်မုန့်များနှင့် အခြားဖုတ်ထားသော အစားအစာများကို ရှောင်ပါ။

ဗိုက်အလွန်တင်းအောင် မစားပါနှင့်။ ကျက်အောင်ချက်ထား သော ဟင်းသီးဟင်းရွက်များ စားပေးခြင်းက သင်၏ အစာအိမ် ရောင်ရမ်းမှုအတွက် အထောက်အကူပြုပါလိမ့်မည်။

READ - အစာအိမ် အက်စစ်ဓာတ်လျော့ပါးစေသော ဆေးများကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်

Source: 7 day daily

Read times
Rate this item
(3 votes)