What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 August 2017 14:20

နေမကောင်းစဉ် အဓိကရှောင်ကြဉ်သင့်သော အစားအစာများ

နေမကောင်းစဉ် အဓိကရှောင်ကြဉ်သင့်သော အစားအစာများ google.com

တုပ်ကွေးမိနေချိန် (သို့မဟုတ်) အစာအိမ်ရောဂါပိုး ၀င်နေချိန်တွင် ရွေးချယ်စားသောက်လိုက်သော အစားအသောက်အချို့က ရောဂါကို ပိုဆိုးရွားစေနိုင်သည်။

အထူးသဖြင့် အစာအိမ်ရောဂါပိုး ၀င်ရောက်နေချိန်တွင် ကော်ဖီမသောက်သင့်ပါ။ ခန္ဓာကိုယ်တွင် ရေဓာတ် ပြည့်ဝနေပါက ရောဂါ တိုက်ဖျက်ရာ၌ ပို၍ထိရောက်မှုရှိသည်။

ကော်ဖီတွင် ပါဝင်သော ကဖိန်းဓာတ်က ဆီးရွှင်စေပြီး ဆီးမကြာခဏသွားရာမှ ရေဓာတ်ခန်း ခြောက်နိုင်သည်။

အော့အန်ခြင်း၊ ၀မ်းလျှောခြင်းတို့ကဲ့သို့ ခန္ဓာကိုယ် မှ အရည်ဓာတ်များ ဆုံးရှုံးစေနိုင်သည့်အခြေအနေများနှင့် ကြုံတွေ့ နေရစဉ် ကော်ဖီမသောက်သင့်ပါ။

ကဖိန်းဓာတ်က အစာချေဖျက်မှု စနစ်ရှိ ကြွက်သားများကိုပို၍ အသက်ဝင်စေသောကြောင့်ဝမ်းလျှော ခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်။

READ - အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုးဆက်များ

ချောင်းဆိုးခြင်း (သို့မဟုတ်) လည်ပင်းနာကျင်ခြင်းနှင့် ကြုံ တွေ့နေရစဉ် လိမ္မော်ရည်ကဲ့သို့ ဆိုက်ထရစ် အက်စစ်ပါဝင်သော ဖျော်ရည်များမသောက်သင့်ပါ။ ယင်းက ရောင်ရမ်းနေသော လည် ပင်းကို ယားယံစေနိုင်ပြီး ရောဂါအခြေအနေကို ပိုမိုဆိုးရွားလာစေနိုင်သည်။

သန့်စင်ထားသော သကြားပါဝင်သည့် ကွတ်ကီးကဲ့သို့ စား စရာများက ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပြီး နာမကျန်းဖြစ် နေစဉ် ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်မှု အားလျော့စေသည်။

ကော်ဖီကဲ့သို့ပင် ကဖိန်းဓာတ်ပါဝင်သော ဆိုဒါကဲ့သို့ဖျော်ရည် များကို အစာအိမ်မကောင်းဖြစ်နေစဉ် မသောက်သင့်ပါ။

ယင်းဖျော် ရည်များအစား အုန်းရည်ကဲ့သို့သော သောက်စရာများဖြင့် ရေဓာတ် ဖြည့်တင်းသင့်သည်။ အစာအိမ်ပြဿနာကြုံနေစဉ် ဆိုဒါသောက်ပါ က အခြေအနေပိုဆိုးလာစေနိုင်သည်။

ချောင်းဆိုးနေချိန်နှင့် လည်ပင်းနာကျင်နေချိန်တို့တွင် အာလူး ကြော်ကဲ့သို့ စားစရာများကို ရှောင်ရှားသင့်သည်။ ယင်းအစားအစာ များက လည်ချောင်းကို ယားယံစေနိုင်ပြီး ရောဂါပျောက်ကင်းရန် အချိန်ကြာမြင့်စေနိုင်သည်။

နာမကျန်းဖြစ်နေချိန်တွင် အရက်သောက်ခြင်းကို လုံးဝရှောင် ရှားသင့်သည်။

ကော်ဖီကဲ့သို့ပင် အရက်သည် ဆီးရွှင်စေသဖြင့် ရေ ဓာတ်ခန်းခြောက်မှုနှင့် ဆက်စပ်သောရောဂါများကို ပိုမိုဆိုးလာစေ နိုင်သည်။

ရောဂါအခြေအနေကြောင့် ရေဓာတ်ခန်းခြောက်နေချိန် တွင် အရက်ကြောင့် ရေဓာတ်ခန်းခြောက်မှုနှုန်း ပိုမိုမြန်ဆန်လာနိုင် သည်။

ထို့အပြင် ဆီဖြင့်ကြော်ထားသော အစားအစာများနှင့် အဆီ များသော အစားအစာများကိုလည်း ရှောင်ရှားသင့်သည်။

အဆီများသော စားစရာများသည် အစာချေဖျက်မှုစနစ်မှ ရှင်းထုတ်ရန် အချိန် ပိုကြာသောကြောင့် အစာအိမ်ပြဿနာကို ပိုဆိုးလာစေနိုင်သည်။

နေမကောင်းဖြစ်နေချိန်တွင် ငရုတ်သီးကဲ့သို့ ပူစပ်သော စား စရာများကိုလည်း ရှောင်ရှားသင့်သည်။ နေမကောင်းဖြစ်နေစဉ် ပူစပ်သော အစားအစာများစားပါက အခြေအနေပိုဆိုးလာနိုင်သည်။

READ - နံနက်ပိုင်း ခေါင်းကိုက်တတ်သူများ ရှောင်ရှားနိုင်မည့် နည်းလမ်းများ

Source: 7 day daily

Read times
Rate this item
(1 Vote)