What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 May 2020 16:12

ကျန်းမာရေးဝန်ထမ်းတွေကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးမယ်

ကျန်းမာရေးဝန်ထမ်းတစ်သိန်းကျော်ကို ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးသွားမယ်လို့

အမျိုးသားအဆင့် ကာကွယ်ဆေးဆိုင်ရာအကြံပေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာစောဝင်းက ပြောပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးဟာ တစ်နှစ်ကို တစ်ခါထိုးနှံရတာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိမှာ ပြည်သူအားလုံးကို မထိုးပေးနိုင်သေးဘဲ ရာသီတုပ်ကွေးကူးစက်နိုင်ခြေရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးဖို့ စီစဉ်ထားတာပါ။
ဒီလိုထိုးနှံပေးဖို့အတွက် ကာကွယ်ဆေးတွေကို အလုံအလောက်မှာ ထားပြီးဖြစ်ကာ မကြာခင် ရောက်ရှိတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ယခု အစီအစဉ်မှာတော့ ကျန်းမာရေးဝန်ထမ်း ၅ဦးကို ကာကွယ်ဆေး တစ်လုံးနှုန်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီ ဖြန့်ဝေပေးမယ်လို့ သိရပါတယ်။
ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားမှု များပြားခဲ့တဲ့ (H1N1) အပြင် အခြားတုပ်ကွေးရောဂါ နှစ်မျိုးကိုလည်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ရာသီတုပ်ကွေးရောဂါ (H1N1) ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မေလမှအောက်တိုဘာလအထိ ဖြစ်ပွားသူ ရှစ်ရာနီးပါးရှိခဲ့ပြီး သေဆုံးသူကတော့ ၁၁၈ ဦး အထိရှိခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ တုပ်ကွေးရောဂါကူးစက်ခံရပါက ရောဂါပိုမိုပြင်းထန်နိုင်တဲ့ ဒါမှမဟုတ် နောက်ဆက် တွဲဆိုးကျိုးတွေ သက်ရောက်လွယ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက် ၆ လ မ ှ၅ နှစ်အထိကလေးတွေ ကိုကာကွယ်ဆေးထိုးဖို့ အကြံပြုထားတာပါ။
ဒါ့အပြင် သက်ကြီးရွယ် အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းနေတဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
Source : 7Day News Journal

Read times Last modified on Thursday, 21 May 2020 16:14
Rate this item
(0 votes)