What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 June 2020 11:44

နဂါးမောက်သီးရဲ့ အံ့ဖွယ်ကောင်းကျိုး ၇ ချက်

နဂါးမောက်သီးဆိုတာနဲ့ အရာသာ ဖန်ဖန် ၊ သိပ်လည်းမချိူဘူး၊ ဝါးလိုက်ရင် ပါလာတဲ့ အစေ့လေးတွေကို သတိထားမိမှာပါ။ အခုလိုရာသီများ နဂါးမောက်သီးကို နေရာတော်တော်များများမှာ တွေ့ရပါတယ်။ ရန်ကုန်မှာတော့ အတွင်းသားဖြူဖြူနဲ့ နဂါးမောက်သီးတွေကို အများတွေ့နိုင်ပါတယ်။

အရသာမှာ သိပ်ပြီး ထူးခြားမှုမရှိဘဲ နဂါးမောက်သီးရဲ့ အာနိသင်ကတော့ အံ့မခန်းနိုင်အောင် ထူးခြားမှု ရှိနေတယ်ဆိုရင် ဘာပြောမလဲ။ ကဲ လေ့လာကြည့်လိုက်အောင်..........။

 

နဂါးမောက်သီးမှာ ဗီတာမင် စီ အမြင့်ဆုံး ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို စွမ်းဆောင်ရည်မြင့်တင်ပေးါပတယ်။ ခဏခဏ ဖျားနားခြင်းကနေ ကာကွယ်ပေးနိုင်တာမို့လို့ နဂါးမောက်သီးကို များများ စားသုံးပေးနိုင်ပါတယ်။

 

နဂါမောက်သီးတွင် ဗီတာမင် စီ အပြင် အခြားသောဗီတာမင် ဓာတ်များကြွပ်ဝစွာ ပါဝင်တာကြောင့် သွေးပေါင်ချိန် ကို မှန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ကိုလက်ထရောများကိုလည်း လျော့ချပေးနိုင်ပါတယ်။

 

နဂါးမောက်သီးဟာ အချိန်တိုအတွင်း ခန္ဓာကိုယ်ထဲက အဆီပိုတွေကို ချပေးနိုင်တာကြောင့် Diet လုပ်တဲ့အခါမှာ အထောက်အကူပြုပေးနိုင်ပါတယ်။ ဝိတ်ချလိုသူများ အနေဖြင့် များများ စားသုံးပေးသင့်ပါတယ်။

 

နဂါးမောက်သီးက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားနိုင်ပြီး ၊ သွေးတွင်းက သကြားဓာတ် အဆီဓာတ် ဖိအားတွေကို ကျဆင်းစေနိုင်ပါတယ်။

 

နဂါးမောက်သီးမှာ ဓာတ်တိုးဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိများ ပါဝင်တာကြောင် အိုမင်ရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး အရေပြားကို ချောမွေ့လှပစေပါတယ်။ ခန္ဓာကိုယ်ရှိ အမည်းစက်တွေကိုလည်း ကုသရာမှာလည်း နဂါးမောက်သီးကို အသုံးပြုလို့ ရပါတယ်။

 

နဂါးမောက်သီးမှာ အမျှင်ဓာတ်များ ပါဝင်တာကြောင့် အစာခြေစနစ်ကောင်းမွန်စေလို့ ဝမ်းချုပ်မှာကို ပူစရာ မလိုပါဘူး။ နဂါးမောက်သီးကို ပုံမှန်စားပေးမယ်ဆိုရင် အူမကြီး ကင်ဆာကိုတောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

 

ကင်ဆာရောဂါကို တိုက်ဖျက်တဲ့ အပိုင်းမှာတော့ နဂါးမောက်သီးက နာမည်အတော်ကြီးပါတယ်။ သူ့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်စေတဲ့ ကယ်ရိုတင်းဓာတ်ဟာဆိုရင် ကင်ဆာအကြိတ်တွေတောင် သေးငယ်သွားစေပါတယ်။ ပုံမှန်စားသုံးမယ်ဆိုရင် ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးမှုကို လျှော့ချပေးနိုင်ပါတယ်။

HPD.png

Read times
Rate this item
(0 votes)