What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 November 2018 17:59

အူအတက်နှင့် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ချေ

အူအတက်ဟာ ဦးနှောက်အာရုံကြောတွေရဲ့ ဆက်သွယ်ရေးစနစ်တွေ ယိုယွင်းပျက်စီးစေတဲ့ ပါကင် ဆန်ရောဂါ ဖြစ်နိုင်ချေနဲ့ ဆက်စပ်နေတဲ့အကြောင်း ဆွီဒင်နိုင်ငံမှာ လူ ၁ သန်းခွဲကျော်ကို အခြေခံလေ့ လာချက်တခုကနေ တွေ့ရှိခဲ့ပါတယ်။

အဲဒီတွေ့ရှိချက်နဲ့ ပတ်သက်လို့ ဒီတပတ်ထုတ် Journal Science Translational Medicine စာစောင် မှာ ဖော်ပြထားပါတယ်။

အူမကြီးအောက်ခြေပိုင်းမှာ ဆက်စပ်နေတဲ့ အစိတ်အပိုင်းငယ်လေးဖြစ်တဲ့ အူအတက်ဟာ ပါကင် ဆန်ရောဂါ ဦးနှောက်ထဲကို မရောက်ခင် ရောဂါပိုးတွေ အစပျိုးဖွံ့ဖြိုးလာစေတဲ့ နေရာတွေထဲက တခုဖြ စ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ပါကင်ဆန်ရောဂါဟာ ခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်များစွာကို ထိခိုက်ပျက်စီးစေပါတယ်။ လူအချို့မှာတော့ ဦးနှောက်ထဲမှာ ရောဂါစတင်ဖြစ်ပေါ်စေပြီး အခြားအင်္ဂါအတော်များများမှာလည်း ရောဂါစတင်ဖြစ်ပေါ်ေ စတာတွေလည်း ရှိနိုင်တဲ့ထဲမှာ အူအတက်ဟာလည်း တခုအပါအ၀င်ဖြစ်ပါတယ်။

ပါကင်ဆန်ရောဂါဟာ ရှုတ်ထွေးတဲ့ဖြစ်စဉ်တခုဖြစ်ပြီး သူ့ရဲ့လက္ခဏာတွေထဲမှာ လက်ချောင်းတွေ လက်ေ တွ ခြေထောက်တွေ တုန်ရင်နေတာတွေ၊ တောင့်တင်းနေတာတွေ၊ စိတ်ကျရောဂါဖြစ်တာတွေ၊ ၀မ်း ချုပ်ရောဂါအပါအ၀င် အစာလမ်းကြောင်းနဲ့ ဆက်စပ်ဝေဒနာ ခံစားမှုတွေလည်း ပါဝင်နေပါတယ်။

ပါကင်ဆန်ရောဂါရှင်တွေရဲ့ ဦးနှောက်ထဲမှာ တွေ့ရတတ်တဲ့ Alpha-synuclein အယ်လ်ဖာ စင်ညူက လီအင် ပရိုတိန်းဓာတ်ဟာ အူအတက်ထဲမှာလည်းတည်ရှိပြီး အာရုံကြောမျှင်တွေထဲမှာ သွားလာပျံ့နှံ့ေ စနိုင်တယ်လို့ ပညာရှင်တွေက ယူဆပါတယ်။

ဆွီဒင်နိုင်ငံက ပါကင်ဆန် လူနာ ၈၄၉ ယောက်ရဲ့ မှတ်တမ်းတွေကို လေ့လာချက်အရ အူအတက်ဖြတ် ထုတ်ခြင်းဟာ ပါကင်ဆန်ရောဂါ အခြေအနေ ဆိုးရွားမလာအောင် ၃ နှစ်ခွဲလောက် နှေးကွေးစေနိုင် တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

Source:DVB TV News

တန်ဆေးလွန်ဘေး ဆိုတဲ့ ဘာမီတွန်

တန်ဆေးလွန်ဘေး ဆိုတဲ့ ဘာမီတွန်

Read times Last modified on Friday, 09 November 2018 18:04
Rate this item
(0 votes)