What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 February 2020 13:18

Prudential နှင့် Flexible Pass တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝ ပိုမို တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်မည်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ – အာရှထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့်

Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Ltd. (Prudential Myanmar) ၏ “ဒို့တွေတကယ် ကြိုးပမ်းဆောင်ရွက်ကြတယ်” ဟူသည့် အရင်းခံ စိတ်ထားနှင့်အညီ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ အက်ပလီကေးရှင်းဖြစ်သည့် Flexible Pass နှင့်လက်တွဲကာ မြန်မာနိုင်ငံရှိ မိသားစုနှင့် လူမှုအသိုက်အဝန်းများအကြား ပျော်ရွှင်ကျန်းမာသည့် လူနေမှုဘဝ ပိုမို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး အထူးသီးသန့် ဒစ်ဂျစ်တယ် ဦးစားပေး ပူးပေါင်းဆောင်ရွက်မှုတစ်ခု စတင်လိုက်ပြီ ဖြစ်ပါသည်။

 

Flexible Pass ကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအား ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များရှိ gyms ၊ fitness centres နှင့် hotels ပေါင်း (၁၈၀) တွင် ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ လှုပ်ရှားမှု အမျိုး အစားပေါင်း (၃၀) အထိ ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကိုယ်ကာယကြံ့ခိုင်ရေးစင်တာများတွင် ပေး ရသည့်ပုံမှန်ဈေးထက် ပိုမို သက်သာသော Flexible Pass ပွိုင့်များ အသုံးပြု၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် လစဉ် booking ပေါင်း (၂,၅၀၀) ကျော် ဆောင်ရွက်လျက်ရှိပြီး ပုံမှန် အသုံးပြုသူပေါင်း (၁,၀၀၀) ကျော်အတွက် ဝန်ဆောင်မှု ပေးနေသော ပလက်ဖောင်း တစ်ခုဖြစ်သည်။

 

Prudential Myanmar နှင့် Flexible Pass တို့၏ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝများ ပိုမို တိုးတက်လာစေရေး အလေးထားဆောင်ရွက်သွားမည်ဟူသည့် ကတိကဝတ်နှင့်အညီ Prudential Myanmar ဝန်ဆောင်မှု အသုံးပြုသူများ အတွက် အထူးဈေးနှုန်းဖြင့် ရရှိနိုင်မည့် Flexible Pass ပွိုင့်များ၊ အများပြည်သူ ပါဝင်ဆင်နွှဲနိုင်မည့် ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှု အခမ်းအနားများ အပါအဝင် လက်တွဲဆောင်ရွက်သွားမည့် အစီအစဉ်ကောင်းများစွာကို မကြာမီ အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။

 

Ambulance (လူနာတင်ယာဉ်ကို ဆက်သွယ်နိုင်သော လိပ်စာပေါင်း ၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Ambulance

 

ထို့အပြင် Prudential Myanmar သည် ဝန်ထမ်းများ၏ ကျန်းမာရေးကို အလေးပေး စောင့်ရှောက်သည့် အနေဖြင့် Flexible Pass ၏ လုပ်ငန်းသုံး ပတ်ကေ့ချ်ကိုရယူကာ ဝန်ထမ်းများအားလုံး နှစ်သက်ရာ ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် Flexible Pass ပွိုင့်များ ပေးအပ်ခဲ့သည်။

 

Prudential Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Asit Rath က “မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ အပါအဝင် လူမှုအသိုက်အဝန်းအားလုံး ပိုပြီး ကျန်းမာ၊ ချမ်းသာအောင်၊ ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကူညီပံ့ပိုးပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အဓိက မျှော်မှန်းချက်ပါ။ ဒီ မျှော်မှန်းချက်အတိုင်း ပြည်သူတွေရဲ့ ကျန်းမာရေးကို ဒစ်ဂျစ်တယ် နည်းပညာအကူအညီနဲ့ အလွယ်တကူ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ဆောင်ရွက်ပေးနေတဲ့ Flexible Pass လို အဖွဲ့အစည်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် အထူးပဲ ကျေနပ်အားရ မိပါတယ်။

 

Flexible Pass က မိုဘိုင်းဖုန်း သုံးတဲ့သူတိုင်း ကိုယ်လက်လှုပ်ရှားမှု ပုံစံတွေ အများကြီးကို အလွယ်တကူ ချိတ်ဆက်လုပ်ဆောင်နိုင်အောင် ဝန်ဆောင်ပေးနေတဲ့အတွက် သူတို့နဲ့ ပူးပေါင်းပြီး ပြည်သူတွေ ပိုပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ နေထိုင်နိုင်အောင် ကူညီအားပေးမယ့် အစီအစဉ်ကောင်းတွေ ပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

 

 

Flexible Pass သည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဖန်တီးရာ၏ ကမ္ဘာ့ဦးဆောင် နည်းပညာအိုင်ဒီယာ accelerator နှင့် လုပ်ငန်းတည်ထောင်နိုင်ရေး ပရိုဂရမ်ဖြစ်သော Founder Institute မှ ပံ့ပိုးမှုရရှိခဲ့သည့် လုပ်ငန်း တစ်ခု ဖြစ်ပါသည်။ Flexible Pass သည် ၂၀၁၇ ခုနှစ်တွင် Startup of the Year ဆု၊ Myanmar Rice Bowl Startup Awards မှ ပေးအပ်သည့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွက် Best HealthTech Startup of the Year ဆု၊ ၂၀၁၉ ခုနှစ် အတွက် Founder Of the Year ဆုများကို ရရှိခဲ့သည့် ထိပ်တန်း နည်းပညာပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။

 

“ကမ္ဘာ့ထိပ်တန်း အာမခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Prudential နဲ့ အခုလို ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ကျွန်တော်တို့ အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုစလုံးက လူတွေကို ပိုပြီး ကျန်းမာတက်ကြွတဲ့ လူနေမှု ဘဝတွေရအောင် ကူညီပေးချင်တဲ့ ရည်ရွယ်ချက်ချင်းတူညီတာကြောင့် အခု ပူးပေါင်းမှုကနေ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝ ရရှိအောင် အားပေးမယ့် အစီအစဉ်တွေ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တွေမှာ Flexible Pass အနေနဲ့ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့ပြီး အခုလို Prudential Myanmar နဲ့ လက်တွဲလုပ်ကိုင်နေပြီ ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝကို ဆက်လက် အကျိုးပြုနိုင်အောင်၊ နိုင်ငံရဲ့ ကျန်းမာရေးနဲ့ ကာယကြံ့ခိုင်ရေး လုပ်ငန်းနယ်ပယ်ကို ပိုမို တိုးချဲ့မြှင့်တင်နိုင်အောင် ကြိုးစားသွားပါမယ်” Flexible Pass ၏ Founder and CEO ဖြစ်သူ Sully Bholat က ပြောသည်။

 

လာမည့် လအနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး ကျန်းမာရေး စောင့်ရှောက်မှုများကို ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူ ချိတ်ဆက်ရယူနိုင်ရန် ရည်ရွယ်၍ Prudential Myanmar ၏ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်နည်းပညာသုံး ကျန်းမာရေးဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် “Pulse by Prudential” ကို စတင်မိတ်ဆက်မည် ဖြစ်ပါသည်။ အဆိုပါ အက်ပလီကေးရှင်းဖြင့် (လူသားဉာဏ်ရည်တု) AI နည်းပညာအသုံးချ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် တစ်ကိုယ်ရေ ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

 

(Zawgyi)

=====

Prudential ႏွင့္ Flexible Pass တို႔ ပူးေပါင္း၍ ျမန္မာႏိုင္ငံတြင္ က်န္းမာႀကံ့ခိုင္ေသာ လူေနမႈဘဝ ပိုမို တိုးတက္ျမင့္မားလာေစရန္ ေဆာင္႐ြက္မည္

 

ရန္ကုန္၊ ျမန္မာ၊ ၂၀၂၀ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ – အာရွထိပ္တန္း အသက္အာမခံလုပ္ငန္းႀကီးျဖစ္သည့္ Prudential Corporation Asia လက္ေအာက္ရွိ အပိုင္လုပ္ငန္းခြဲျဖစ္ေသာ Prudential Myanmar Life Insurance Ltd. (Prudential Myanmar) ၏ “ဒို႔ေတြတကယ္ ႀကိဳးပမ္းေဆာင္႐ြက္ၾကတယ္” ဟူသည့္ အရင္းခံ စိတ္ထားႏွင့္အညီ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးေသာ က်န္းမာေရးႏွင့္ ကာယႀကံ့ခိုင္ေရးဆိုင္ရာ အက္ပလီေကးရွင္းျဖစ္သည့္ Flexible Pass ႏွင့္လက္တြဲကာ ျမန္မာႏိုင္ငံရွိ မိသားစုႏွင့္ လူမႈအသိုက္အဝန္းမ်ားအၾကား ေပ်ာ္႐ႊင္က်န္းမာသည့္ လူေနမႈဘဝ ပိုမို တိုးတက္ျမင့္မားလာေစရန္ ရည္႐ြယ္ၿပီး အထူးသီးသန႔္ ဒစ္ဂ်စ္တယ္ ဦးစားေပး ပူးေပါင္းေဆာင္႐ြက္မႈတစ္ခု စတင္လိုက္ၿပီ ျဖစ္ပါသည္။

 

 

Flexible Pass ကို ၂၀၁၇ ခုႏွစ္တြင္ စတင္မိတ္ဆက္ခဲ့ၿပီး အသုံးျပဳသူမ်ားအား ရန္ကုန္၊ မႏၲေလးႏွင့္ ျပင္ဦးလြင္ၿမိဳ႕မ်ားရွိ gyms ၊ fitness centres ႏွင့္ hotels ေပါင္း (၁၈၀) တြင္ က်န္းမာေရးႏွင့္ ကာယႀကံ့ခိုင္ေရးဆိုင္ရာ လႈပ္ရွားမႈ အမ်ိဳး အစားေပါင္း (၃၀) အထိ ျပဳလုပ္ႏိုင္ရန္ ဝန္ေဆာင္မႈေပးလ်က္ရွိပါသည္။ ကိုယ္ကာယႀကံ့ခိုင္ေရးစင္တာမ်ားတြင္ ေပး ရသည့္ပုံမွန္ေဈးထက္ ပိုမို သက္သာေသာ Flexible Pass ပြိဳင့္မ်ား အသုံးျပဳ၍ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ရန္ လစဥ္ booking ေပါင္း (၂,၅၀၀) ေက်ာ္ ေဆာင္႐ြက္လ်က္ရွိၿပီး ပုံမွန္ အသုံးျပဳသူေပါင္း (၁,၀၀၀) ေက်ာ္အတြက္ ဝန္ေဆာင္မႈ ေပးေနေသာ ပလက္ေဖာင္း တစ္ခုျဖစ္သည္။

 

Prudential Myanmar ႏွင့္ Flexible Pass တို႔၏ က်န္းမာႀကံ့ခိုင္ေသာ လူေနမႈဘဝမ်ား ပိုမို တိုးတက္လာေစေရး အေလးထားေဆာင္႐ြက္သြားမည္ဟူသည့္ ကတိကဝတ္ႏွင့္အညီ Prudential Myanmar ဝန္ေဆာင္မႈ အသုံးျပဳသူမ်ား အတြက္ အထူးေဈးႏႈန္းျဖင့္ ရရွိႏိုင္မည့္ Flexible Pass ပြိဳင့္မ်ား၊ အမ်ားျပည္သူ ပါဝင္ဆင္ႏႊဲႏိုင္မည့္ က်န္းမာႀကံ့ခိုင္ေရး လႈပ္ရွားမႈ အခမ္းအနားမ်ား အပါအဝင္ လက္တြဲေဆာင္႐ြက္သြားမည့္ အစီအစဥ္ေကာင္းမ်ားစြာကို မၾကာမီ အသိေပး ေၾကညာသြားမည္ ျဖစ္ပါသည္။ ထို႔အျပင္ Prudential Myanmar သည္ ဝန္ထမ္းမ်ား၏ က်န္းမာေရးကို အေလးေပး ေစာင့္ေရွာက္သည့္ အေနျဖင့္ Flexible Pass ၏ လုပ္ငန္းသုံး ပတ္ေက့ခ်္ကိုရယူကာ ဝန္ထမ္းမ်ားအားလုံး ႏွစ္သက္ရာ က်န္းမာေရးႏွင့္ ကာယႀကံ့ခိုင္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ား ျပဳလုပ္ႏိုင္ရန္ Flexible Pass ပြိဳင့္မ်ား ေပးအပ္ခဲ့သည္။

 

Prudential Myanmar ၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Mr. Asit Rath က “ျမန္မာႏိုင္ငံမွာ ေနထိုင္တဲ့ ျပည္သူတစ္ဦး တစ္ေယာက္ခ်င္းစီ အပါအဝင္ လူမႈအသိုက္အဝန္းအားလုံး ပိုၿပီး က်န္းမာ၊ ခ်မ္းသာေအာင္၊ ဘဝရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ေအာင္ ကူညီပံ့ပိုးေပးဖို႔ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ အဓိက ေမွ်ာ္မွန္းခ်က္ပါ။ ဒီ ေမွ်ာ္မွန္းခ်က္အတိုင္း ျပည္သူေတြရဲ႕ က်န္းမာေရးကို ဒစ္ဂ်စ္တယ္ နည္းပညာအကူအညီနဲ႔ အလြယ္တကူ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးေနတဲ့ Flexible Pass လို အဖြဲ႕အစည္းမ်ိဳးနဲ႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့အတြက္ အထူးပဲ ေက်နပ္အားရ မိပါတယ္။

 

Flexible Pass က မိုဘိုင္းဖုန္း သုံးတဲ့သူတိုင္း ကိုယ္လက္လႈပ္ရွားမႈ ပုံစံေတြ အမ်ားႀကီးကို အလြယ္တကူ ခ်ိတ္ဆက္လုပ္ေဆာင္ႏိုင္ေအာင္ ဝန္ေဆာင္ေပးေနတဲ့အတြက္ သူတို႔နဲ႔ ပူးေပါင္းၿပီး ျပည္သူေတြ ပိုၿပီး ကိုယ္က်န္းမာ၊ စိတ္ခ်မ္းသာစြာ ေနထိုင္ႏိုင္ေအာင္ ကူညီအားေပးမယ့္ အစီအစဥ္ေကာင္းေတြ ျပဳလုပ္ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။” ဟု ေျပာသည္။

 

Flexible Pass သည္ ျမန္မာႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့သည့္ ဖန္တီးရာ၏ ကမာၻ႔ဦးေဆာင္ နည္းပညာအိုင္ဒီယာ accelerator ႏွင့္ လုပ္ငန္းတည္ေထာင္ႏိုင္ေရး ပ႐ိုဂရမ္ျဖစ္ေသာ Founder Institute မွ ပံ့ပိုးမႈရရွိခဲ့သည့္ လုပ္ငန္း တစ္ခု ျဖစ္ပါသည္။ Flexible Pass သည္ ၂၀၁၇ ခုႏွစ္တြင္ Startup of the Year ဆု၊ Myanmar Rice Bowl Startup Awards မွ ေပးအပ္သည့္ ၂၀၁၇ ႏွင့္ ၂၀၁၈ ခုႏွစ္အတြက္ Best HealthTech Startup of the Year ဆု၊ ၂၀၁၉ ခုႏွစ္ အတြက္ Founder Of the Year ဆုမ်ားကို ရရွိခဲ့သည့္ ထိပ္တန္း နည္းပညာပလက္ေဖာင္းတစ္ခု ျဖစ္ပါသည္။

 

Ambulance (လူနာတင္ယာဥ္ကို ဆက္သြယ္ႏိုင္ေသာ လိပ္စာေပါင္း ၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Ambulance

 

“ကမာၻ႔ထိပ္တန္း အာမခံလုပ္ငန္းတစ္ခုျဖစ္တဲ့ Prudential နဲ႔ အခုလို ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔ အရမ္းကို ဝမ္းသာဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္တို႔ ကုမၸဏီႏွစ္ခုစလုံးက လူေတြကို ပိုၿပီး က်န္းမာတက္ႂကြတဲ့ လူေနမႈ ဘဝေတြရေအာင္ ကူညီေပးခ်င္တဲ့ ရည္႐ြယ္ခ်က္ခ်င္းတူညီတာေၾကာင့္ အခု ပူးေပါင္းမႈကေန က်န္းမာႀကံ့ခိုင္တဲ့ လူေနမႈဘဝ ရရွိေအာင္ အားေပးမယ့္ အစီအစဥ္ေတြ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ Flexible Pass အေနနဲ႔ သိသိသာသာ တိုးတက္ေျပာင္းလဲလာခဲ့ၿပီး အခုလို Prudential Myanmar နဲ႔ လက္တြဲလုပ္ကိုင္ေနၿပီ ျဖစ္တဲ့အတြက္ ေရွ႕ဆက္ၿပီး ျမန္မာႏိုင္ငံက ျပည္သူေတြရဲ႕ ဘဝကို ဆက္လက္ အက်ိဳးျပဳႏိုင္ေအာင္၊ ႏိုင္ငံရဲ႕ က်န္းမာေရးနဲ႔ ကာယႀကံ့ခိုင္ေရး လုပ္ငန္းနယ္ပယ္ကို ပိုမို တိုးခ်ဲ႕ျမႇင့္တင္ႏိုင္ေအာင္ ႀကိဳးစားသြားပါမယ္” Flexible Pass ၏ Founder and CEO ျဖစ္သူ Sully Bholat က ေျပာသည္။

 

လာမည့္ လအနည္းငယ္အတြင္း ျမန္မာႏိုင္ငံရွိ ျပည္သူမ်ားအားလုံး က်န္းမာေရး ေစာင့္ေရွာက္မႈမ်ားကို ေဈးႏႈန္း သက္သာစြာျဖင့္ အလြယ္တကူ ခ်ိတ္ဆက္ရယူႏိုင္ရန္ ရည္႐ြယ္၍ Prudential Myanmar ၏ ပထမဦးဆုံးေသာ ဒစ္ဂ်စ္တယ္နည္းပညာသုံး က်န္းမာေရးဆိုင္ရာ မိုဘိုင္းအက္ပလီေကးရွင္းတစ္ခုျဖစ္သည့္ “Pulse by Prudential” ကို စတင္မိတ္ဆက္မည္ ျဖစ္ပါသည္။ အဆိုပါ အက္ပလီေကးရွင္းျဖင့္ (လူသားဉာဏ္ရည္တု) AI နည္းပညာအသုံးခ် က်န္းမာေရးဆိုင္ရာ အခ်က္အလက္မ်ားႏွင့္ တစ္ကိုယ္ေရ က်န္းမာေရး ဝန္ေဆာင္မႈမ်ားကို ေပးအပ္သြားမည္ ျဖစ္ပါသည္။

Read times Last modified on Thursday, 27 February 2020 09:38
Rate this item
(0 votes)