What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 15:49

butterfly pea flower (ခေါ်) အောင်မဲညိုပန်း၏ အသုံးဝင်ပုံ

အောင်မဲညိုပန်းဟာ များသောအားဖြင့် အညာဒေသတွေမှာ အလေ့ကျပေါက်လေ့ရှိတဲ့ နွယ်ပင်တစ်မျိုးဖြစ်ပာတယ်။

 

တချို့တွေကလည်း အိမ်ရှေ့ခြံစည်းရိုးမှာ အလှအနေနဲ့ စိုက်ထားကြတာမျိုးတွေရှိပါတယ်။ မြန်မာပြည်တွင် အလေ့ကျပေါက်လေ့ရှိပြီး ပွင့်ဖက်တစ်ဖက်သာ ပါဝင်ပါသည်။ ထိုင်းမျိုးစိတ်တွေကတော့ ပွင့်ဖက်လေးဖက်အထိပါဝင်တယ်လို့ကြားဖူးပါတယ်။ ပွင့်ဖက်များလေ ဈေးကောင်းရလေပါ။

 

ကလေးဘဝတုန်းကတော့ ပန်းပွင့်ပြီဆို ခူးတယ်၊ သီတယ်၊ ကစားလို့ရတယ်လောက်ပဲ သိထားတာပါ။ အခုနောက်ပိုင်းမှ ဒီအောင်မဲညိုပန်းလေးတွေရဲ့ အသုံးဝင်ပုံတွေကို အကျယ်တဝင့် သိလာရတာပါ။ အားလုံးလည်း သိရအောင် မျှဝေပေးလိုက်ပါတယ်နော်။

 

အသုံးဝင်ပုံ

အောင်ပန်းညိုပန်းသည် အဓိကအားဖြင့် ဆံပင် နှင့် မျက်လုံးအတွက် အထူးကောင်းမွန်ပြီး အမျိုးသမီးများအတွက် သွေးအားကောင်းစေသော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။

ဆံပင်ကျွတ်ခြင်း၊ စောစီးစွာ ဆံပင်ဖြူခြင်းတို့ကို ကာကွယ်ပေးပါသည်။ မျက်လုံးတိမ်ဖြစ်ခြင်းမှကာကွယ်ပေးပြီး မျက်စိအမြင်ကြည်လင်စေပါသည်။

 

အသုံးပြုပုံများ

(၁)ပန်းပွင့်ရည်သောက်နည်း

အပွင့်လေးများကို သန့်စင်စွာဆေးကြောပြီး ဖန်ခွက်ထဲသို့ထည့်ပါ။ ရေနွေးလောင်းထည့်ပေးပါ။ အရောင်ထွက်လာလျှင် ပွင့်ဖက်များကို ဆယ်ထုတ်လိုက်ပြီး သောက်သုံးနိုင်ပါပြီ။ သံပုရာသီး (သို့) ပျားရည် ရောပြီးလည်း သောက်သုံးနိုင်ပါသည်။

ထိုဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် သွေးတိုးကျစေခြင်း၊ ပန်းနာရင်ကြပ် နှင့် ကင်ဆာကဲ့သို့သောရောဂာများကိုကာကွယ်ပေးခြင်း၊ စိတ်ဖိစီးမှုကင်းစေခြင်း၊ နားကြင်မှုတို့ကို သက်သာရာ ရစေသည်ဟုဆိုထားပါသည်။

 

(၂)ထမင်း (သို့) ကောက်ညှင်းနှင့်ချက်နည်း

အပွင့်များကိုအရင်ပြုတ်ပြီး ဆယ်ထုတ်လိုက်ပါ။ ထိုအပွင့်ပြုတ်ရည်ဖြင့်သာ ထမင်း (သို့) ကောက်ညှင်း တို့ကိုချက်ပါ။ အရသာမပြောင်းလဲပဲ အနံ့မွှေးမွှေးလေးနဲ့ ပိုစားကောင်းပါသည်။ ဓာတုဆိုးဆေးမပါသော အပြာရေင်ဖျော်ရည်၊ အပြာရောင်ကိတ်များ၊ ကွတ်ကီးမုန့်များ၊ အပြာရောင်ထမင်းတို့ဟာ အမြင်ဆန်းစေရုံသာမက ကျန်းမာရေးနှင့်လည်း ညီညွတ်လှပါသည်။

 

အားလုံးအတွက်လည်း တစ်နည်းမဟုတ်တစ်နည်းနဲ့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

Credit

Read times Last modified on Wednesday, 29 July 2020 15:55
Rate this item
(0 votes)