အစာအိမ်ရောဂါခံစားရသူများသည် မကြာခဏ ဗိုက်ဆာတတ်သည့်အတွက် အစားစာလောင်ခြင်း မဖြစ်စေရန် စားစရာများကို သွားလေရာနေတာတိုင်း ကိုယ့်နှင့်မကွာ ဆောင်ထားရပါတယ်။
အစားအိမ်ရောဂါသမားများ၏ မကြာခဏဆာလောင်ခြင်း၊ စားစရာများသယ်သွားခြင်းများကို ကင်းဝေးစေနိုင်ဖို့အတွက် လွယ်ကူပြီး ထိရောက် တဲ့ ကုသနည်းများရှိပါတယ်။
အစာအိမ်ရောဂါဖြစ်သူများသည် ဆန်ဆေးရည်ကို နေ့စဉ်ပုံမှန်သောက်သုံးမည်ဆိုပါက အစာအိမ်အောင့်ခြင်း၊ နာခြင်းများကို သက်သာစေတဲ့အတွက် အစားအစာများ ယူဆောင်သွားရခြင်းမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ဆန်ဆေးရည်ကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းကြောင့် အစာအိမ်ရောဂါ ပျောက်ကင်းသွားကြတဲ့သူများစွာလည်း ရှိတာကြောင့် အစာအိမ်အောင့်ခြင်း၊ နာခြင်းဝေဒနာများ ခံစားနေရသူများအတွက် အကောင်းဆုံးနဲ့ အစွမ်းထက်ဆုံး ဆေးတမျိုးလည်းဖြစ်ပါတယ်။
အစာအိမ်ဝေဒနာခံစားရသူများ ဆန်ဆေးရည်ကို သောက်သုံးမည်ဆိုပါက၊ မနက်အိပ်ယာထထခြင်း ဆန်ဆေးရည်ကို မတ်ခွက်တခွက်လောက်ကို နေ့စဉ်သောက်ပေးပါ။ အစာအိမ်ရောဂါ ပေါ်မှုတည်ပြီး လနည်းငယ်အထိ မနက်တိုင်း သောက်ပေးရန်လိုအပ်ပါသည်။
အစာအိမ်ရောဂါဖြစ်သူများသည် အစာအိမ်အောင့်ခြင်း၊ နာခြင်းများကို ပျောက်ကင်းစေရန်အတွက် ဆန်ဆေးရည် ကို သောက်မည်ဆိုပါ မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို ဆန်တွင် ကပ်ပါတတ်သည့် သဲအမှုန့်များ ကင်းရှင်းသွားစေရန်အတွက် အလျှင်အမြန်ဆေးရမှာဖြစ်ပြီး ဒုတိယအကြိမ်တွင် ဆန်ကို ရေဖြင့် သေသေချာချာ ပွတ်သတ်ဆေးကြောပြီး ရရှိလာတဲ့ ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက် တခွက်စာ နေ့စဉ် သောက်သုံးသွားပါက အစာအိမ်ရောဂါကြောင့် ဖြစ်ပွားတတ်သည့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း ဝေဒနာများ ကင်းရှင်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
Source:myanmarnews24