What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 August 2020 16:04

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင် များအား ကျပ်ငွေ ၃,၀၀၀၀ ထောက်ပံ့မည်

ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCT အစီအစဉ် ဆောင်ရွက်လျက်ရှိသော ဒေသများတွင် ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုရှိ ကိုယ်ဝန်ဆောင်မိခင် များအား ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့်ပတ်သက်၍ အသိပေးခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မှ ကျင်းပ ပြုလုပ်ခဲ့သည်။

 

အဆိုပါ သတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက " ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင် များအား “ငွေဗိုက်” Application အသုံးပြု၍ ကိုယ်ဝန်ဆောင်ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဩဂုတ် ၁၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေး ငွေကျပ် ၃၀၀၀၀ တစ်ကြိမ် ထောက်ပံ့ခြင်းကို ဧရာဝတီဘဏ်၊ က‌မ္ဘောဇဘဏ်၊ Wave Money၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စက်တင်ဘာ ၂၀ ရက်နောက်ပိုင်းတွင် ထောက်ပံ့ကြေးများပေးအပ်သွားမည်ဖြစ်ကြောင်း " ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ အစီစဉ်တွင် အကျုံးဝင်သူများ

ကိုယ်ဝန်ဆောင်များအတွက် စာရင်းကောက်ယူမည့်ကာလကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ (၁၅) ရက်နေ့အထိ ကနဦး သတ်မှတ်ထားသည်။ အဆိုပါ ကာလအတွင်း ကိုယ်ဝန်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ ၊ ကျန်းမာရေးဌာနများ၏ အထောက်အထား (သို့မဟုတ်) တရားဝင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ဆေးရုံး၊ ဆေးခန်းများ၏ အထောက်အထားရှိသူ ကိုယ်ဝန်ဆောင်မိခင်များအားလုံး အကျုံးဝင်သည်။

 

 

405 Medi Power Co

 

အကျိုးခံစားမှု

အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် ထောက်ပံ့ကြေး ပမာဏ (၃,၀၀၀၀) ကျပ်အား တစ်ကြိမ် ခံစားနိုင်မည်။

 

ထောက်ပံ့မှု နည်းလမ်း

ထောက်ပံ့မှုကြေးအား ကိုယ်ပိုင်ဘဏ်စာရင်း (သို့မဟုတ်) နီးစပ်ရာ ဘဏ်ခွဲများ (သို့) မိုဘိုင်းငွေလွဲစနစ်ဖြင့် လွှဲပို့ထောက်ပံ့ခြင်း (သို့) သက်ဆိုင်ရာရပ်ကွက် / ကျေးရွာများရှိ စုရပ်နေရာများ၌ ထောက်ပံ့ခြင်းကို ဆောင်ရွက်ပေးမည်။

 

ဆက်သွယ်စုံစမ်းရန်

လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ

၀၆၇-၃၄၀၄၅၈၃၊ ၀၆၇-၃၄၀၄၀၇၈၊ ၀၆၇-၃၄၀၄၂၂၂၊ ၀၆၇-၄၃၀၄၉၉၉။

Additional Info

  • Top Banner: Hyper-Pacific
Read times Last modified on Thursday, 13 August 2020 11:09
Rate this item
(1 Vote)