What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 August 2020 14:20

ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် ယနေ့အထိ ဝက် ၁၃၆၀ ကောင် သေဆုံး

ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် ယနေ့အထိ ဝက် ၁၃၆၀ ကောင် သေဆုံး MOI

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများအပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်များ Porcine Circovirus Type-2 (PCV-2)ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်(၁၃၆၀)ကောင် သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၏ စာရင်းကောက်ယူချက်အရသိရသည်။

 

ထန်တလန်မြို့ပေါ်တွင် Porcine Circovirus Type-2 (PCV-2)ရောဂါအခြေအနေနှင့် ပတ်သက်၍ ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ရောဂါတိတိကျကျ သိရှိနိုင်ရန်အတွက် ကျန်းမာရေးမကောင်းသည့် အိမ်မွေးဝက်(၃)ကောင်၏ သွေးနမူနာ(Blood Sample) များရယူပြီး မန္တလေး တိစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာ နမူနာပစ္စည်းများအား Real Time PCR နည်းဖြင့် ဝက်ဗိုင်းရပ်စ်ရောဂါစစ်ဆေးခဲ့ကာ Porcine Circovirus Type 2 (PCV-2) ရောဂါဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာရုံးမှ သိရသည်။

 

Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် အိမ်မွေးဝက်နှင့် တောဝက်များတွင် အဖြစ်များပြီး ရောဂါလက္ခဏာအနေဖြင့် အစာမစားခြင်း၊ အသဲရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါများဝင်ရောက်၍ သေဆုံးခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးခြင်း စသည့်ရောဂါလက္ခဏာများတွေ့ရပြီး အဆိုပါ သေဆုံးလျက်ရှိသည့်ဝက်များသည် ထန်တလန်မြို့နှင့် (၁)မိုင်ခန့်အကွာသို့ သုံးဘီးယာဉ်ဖြင့် လည်းကောင်း၊ အခြားသောယာဉ်များဖြင့် သယ်ဆောင်၍ စနစ်တကျ မြေမြှပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ Porcine Circovirus Type-2 (PCV-2)ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူရေးတိစ္ဆာန်များကို လုံခြုံသောခြံဖြင့် သီးခြားထားရှိခြင်း၊ ခြံအတွင်းသို့ လူ၊ ယာဉ်၊ ပစ္စည်း အဝင်/အထွက် ထိန်းချုပ်ခြင်း၊ သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်းစသည့် အပိုင်း(၃)ပိုင်းဖြင့် အဓိကထား ဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ ထန်တလန်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးထံမှ သိရသည်။

 

MOI.GOV

Read times
Rate this item
(0 votes)