What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 January 2019 13:33

လေပူပေးစက်ကိုအသုံးပြုခြင်းက အန္တရာယ်ဖြစ်စေနိုင်လား

ဆောင်းရာသီတွေမှာ ကျွန်ုပ်တို့ ရေချိုးပြီးသွားတဲ့အခါ ပထမဆုံးလုပ်မိကြတာကတော့ အအေးဓာတ်ကို ရင်ဆိုင်ဖို့ လျှပ်စစ်လေပူပေးစက်ကို အသုံးပြုကြမယ်ထင်ပါတယ်။

လေပူလေအေးစက်ရှေ့ထိုင်နေရတဲ့ခံစားချက်ကို လူတော်တော်များများကြိုက်နှစ်သက်ကြပြီး လေပူလေအေးစက်ဖွင့်ပြီး အိပ်ကြတဲ့သူတွေတောင်ရှိပါတယ်။ ဆောင်းရာသီမှာဆိုရင် အခန်းတွင်းနွေးထွေးနေဖို့ဆိုရင် လေပူလေအေးစက်ကို မှီတည်နေကြတဲ့သူတွေအတွက် မကောင်းတဲ့သတင်းတချို့ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ဒီနေရာမှာ ပြောပြမှာဖြစ်ပါတယ်။

 

လေထဲက အစိုဓာတ်ကို စုပ်ယူခြင်း

လျှပ်စစ်လေပူပေးစက်ကို ဖွင့်လိုက်တဲ့အခါ ထိုကနေထုတ်လွှတ်လိုက်တဲ့လေက သင့်အနီးအနားမှာရှိတဲ့လေထဲက အစိုဓာတ်ပမာဏကို ကုန်ခန်းစေပါတယ်။ လေကို ခြောက်သွေ့သွားစေပြီး အပြန်အလှန်အနေနဲ့ သင့်အသားရေခြောက်သွေ့ခြင်းကြောင့် ယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ခြောက်သွေ့တဲ့လေက နူးညံ့တဲ့အရေပြားအတွက် တကယ်ကို ဆိုးပါတယ်။

 

မွန်းကြပ်ခြင်း

လေပူပေးစက်က လေတွေကို ခြောက်သွေ့သွားစေတဲ့အတွက် အသက်ရှုရောဂါကိုခံစားနေရတဲ့သူတွေက မွန်းကြပ်ခြင်းနဲ့ အသက်ရှုမဝခြင်းတွေကို ခံစားလာနိုင်ပါတယ်။ သင်လုပ်လို့ရမည့်အရာကတော့ ရေပုံးတစ်ပုံးကို ယူထားပြီး လေပူပေးစက်အသုံးပြုနေစဉ်မှာ လေဝင်လေထွက်ကို ဂရုစိုက်ဖို့ပါပဲ။

 

ကိုယ်အပူချိန်အတက်အကျရှိခြင်း

သင့်ခန္ဓာကိုယ်က အခန်းတွင်းအပူချိန်ကို အသုံးပြုရတဲ့အတွက် အခန်းကို ထွက်လိုက်ဝင်လိုက်လုပ်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်အပူချိန်ကို ရုတ်တရက်ပြောင်းလဲသွားစေနိုင်ပြီး နေမကောင်းချင်သလိုဖြစ်လာနိုင်ပါတယ်။

 

လေပူပေးစက်အသုံးပြုပြီးတဲ့အခါ ပိတ်ဖို့မမေ့ပါနဲ့။ အသုံးမပြုတဲ့အခါမှာတောင် လေပူပေးစက်ပေါ် ဘယ်အရာမှာ မတင်ပါနဲ့။ အသုံးပြုဖို့ အရမ်းအရေးကြီးတယ်ဆိုရင် လေထဲက အစိုဓာတ်ကို ထိန်းညှိဖို့အတွက် ရေပုံးတစ်ပုံဆောင်ထားပြီး အနီးနားကပ်ပြီးမထိုင်သင့်ပါဘူး။

Source:mingalarbarmorning

 

Read: ခြေထောက်ဖောရောင်ခြင်းအကြောင်း ( Leg swelling )

ခြေထောက်ဖောရောင်ခြင်းအကြောင်း ( Leg swelling )

Read times Last modified on Wednesday, 27 February 2019 14:42
Rate this item
(1 Vote)