What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 June 2018 15:21

ကော်ဖီနဲ့ တီးဖျော်ရည် ဘယ်ဟာကို သောက်သင့်လဲ

ကော်ဖီနဲ့ တီးဖျော်ရည် ဘယ်ဟာကို သောက်သင့်လဲ Google.com

ကော်ဖီချစ်သူတွေနဲ့  လက်ဖက်ရည်ချစ်သူတွေကြား ရန်တိုက်ပေးတာမဟုတ်ပေမယ့် ကောင်းကျိုးဆိုးကျိုးလေးတွေကို တစ်ချက်ပြောပြပေးချင်ပါတယ် ။

အရသာ

ကော်ဖီက ကမ္ဘာအနှံ့ကလာပြီး အရသာတွေလည်း ကွဲပြားကြပါတယ်။ကော်ဖီက အနည်းငယ်ခါးသက်တဲ့အရသာရှိတဲ့ အတွက်လူတွေပို နှစ်သက်ကြပါတယ်။ တီးတွေမှာ ဂျင်းရည် ၊ လက်ဖက်စိမ်းရည် ၊ ဘလက်တီး စသဖြင့် ရှိကာ ကော်ဖီလောက် အရသာမကောင်းပေမယ့် ကော်ဖီထက် ဆေးဖက်ဝင်ပါတယ်။

ကဖိန်း

ကဖိန်းဓါတ်က လူကို လန်းဆန်းစေတဲ့ အတွက် မနက်ပိုင်းသောက်ရင် အကောင်းဆုံးပါ။ဦးနှောက်ကို အနားယူဖို့ လှုံဆော်ပေးတဲ့ အာရုံကြောအပြောင်းအလဲတွေကို တိုက်ထုတ်ပေးခြင်းက တစ်ဖက်က ကောင်းနိုင်ပေမယ် တစ်ဖက်ကလည်း အားနည်းချက်ရှိနေပါတယ်။ကော်ဖီမှာ ၁၀၀ မီလီဂရမ် ကဖိန်းဓါတ်ပါရင် လက်ဖက်ရည်မှာ ၅၀ မှ ၇၀ ကြား ကဖိန်းဓါတ်ပါဝင်ကြပါတယ်။သင်ဟာ အိပ်ပျော်မလွယ်တဲ့ လူဆိုရင်ညဘက် ကော်ဖီ ၊ လက်ဖက်ရည်သောက်ခြင်းကို ရှောင်ပါ။ သောက်မယ်ဆိုရင် အိပ်ယာမ၀င်ခင် ၄-၅ နာရီအလိုမှာ သောက်ပါ။

စွမ်းအား

ကော်ဖီရော လက်ဖက်ရည်ရော စွမ်းအားဖြစ်စေတဲ့ အတွက် မနက်ပိုင်းမှာ သောက်သုံးပေးသင့်ပါတယ်။ဒါပေမယ့်  ကော်ဖီမှာပါဝင်တဲ့  ဓါတ်ဟာ မြန်မြန်ဆန်ဆန် လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး လက်ဖက်ရည်ကတော့ ဖြည်းဖြည်းချင်း လှုပ်ရှားလှုပ်ရှားပါတယ်။

ကျန်းမာရေး

ကော်ဖီမှာပါတဲ့  ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ဓါတ်တို့က ကင်ဆာ ဆဲလ်တွေကို ချေဖျက်ပေးပါတယ်။လက်ဖက်ရည်ကယောင်ယမ်းခြင်းတွေသက်သာစေပြီး အင်ဆူလင် လှုပ်ရှားမှု ၊ ခံတွင်းကျန်းမာရေး နဲ့ နှလုံးရောဂါတွေအတွက်လည်း အကျိုးရှိစေပါတယ်။

စိတ်ခံစားမှု

ကော်ဖီ နဲ့ လက်ဖက်ရည် နှစ်မျိုးလုံးမှာ စိတ်တက်ကြွလန်းဆန်းစေတဲ့ ဓါတ်တွေပါပြီး အဲလ်ဇိုင်းမားရောဂါ ၊ စိတ်ကျရောဂါဖြစ်မှုတို့ကို တားဆီးပေးပါတယ်။

ပရိုတင်း

ကော်ဖီမှာ ပရိုတင်း ၀.၃ ဂရမ်ပါဝင်၍ လက်ဖက်ရည်မှာတော့ ပရိုတင်းမပါဝင်ပါဘူး။အထက်ပါအချက်တွေကြောင့် ကော်ဖီဟာ တစ်ချို့အချက်တွေကောင်းပြီး လက်ဖက်ရည်ကလည်း တခြားနေရာတွေမှာ အသုံးဝင်ပါတယ်။ သို့ပေမဲ့ ကော်ဖီချစ်သူဆိုရင်တော့ သဘာဝကော်ဖီက ပိုပြီးကောင်းပါတယ်။

source:mingalarbarmorning

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read: ခေါက်ဆွဲပြုတ်ပူပူလေး အကြောင်း

ခေါက်ဆွဲပြုတ်ပူပူလေး အကြောင်း

 

Read times
Rate this item
(0 votes)