What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 September 2020 18:02

ဦးခေါင်းနှစ်ခု နှင့် ကလေးငယ် ကျန်းမာရေးခြေအနေ ကောင်းမွန်လျက်ရှိ

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူဆေးရုံကြီး ခုတင်(၁၀၀)တွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် တစ်ဦး စက်တင်ဘာ (၁၆) ရက်နေ့ညပိုင်းက မွေးဖွားခဲ့သည်။

 

ရွှေမြို့တိုက်နယ်ကျန်းမားရေးဌာန၊ ဆင်သေကျေး လက်ကျန်းမာရေးဌာခွဲ အောက်မှာရှိသည့် တောင်ရွေးစုကျေးရွာနေ ကိုယ်ဝန်ဆောင်မိခင် အသက် (၂၉) နှစ်ရှိ မအေးစန္ဒာမြင့်သည် ကိုယ်ဝန်ဆောင်ကာလ (၃၇) ပတ်ကျော်ရှိပြီး (၁၆-၉-၂၀၂၀) ရက်နေ့ နေ့လယ် (၁)နာရီ ကျော်မှာ ဗိုက်နာခဲ့သဖြင့်

ည(၈) နာရီခန့်တွင် တပ်ကုန်းပြည်သူ့ဆေးရုံ ခုတင်(၁၀၀) သို့ရောက်ရှိလာခဲ့ပါသည်။ တင်ပဆုံနှင့် ဦးတိုက်အနေအထားရှိနေပြီး ရိုးရိုးမွေးဖွားရန် ခက်ခဲသည့်အတွက် ည(၉)နာရီ (၂၇) မိနစ်တွင် ခွဲစိတ်မွေးဖွားခဲ့ရာ ဦခေါင်းနှစ်လုံးဖြစ်နေကြောင်း သိရသည်ဟု

 

နေပြည်တော် တပ်ကုန်းမြို့ ခုတင်(၁၀၀) ပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်းမှ ပြောကြားသည်။

 

ယခုလက်ရှိ ကလေးမိခင်သည် နေပြည်တော် တပ်ကုန်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူလျက်ရှိနေပြီး ကလေးငယ်သည် မွေးရာပါချို့ယွင်းချက်ဖြစ်ပြီး ဦးခေါင်းနှစ်လုံးပါ၊ ကိုယ်အလေးချိန် (၂ ဒသမ ၅) ကီလိုဂရမ်၊ ငါးပေါင်သာသာရှိနေပြီး မွေးကင်းစအထူးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် အတွက် နေပြည်တော် ဉတ္တရသီရိဆေးရုံ ကုတင်(၅၀၀)ကလေးအထူးကုဌာနတွင် ကလေးအထူးကုဆရာဝန် များ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိနေနေကြောင်း သိရှိရသည်။


ယခုလက်ရှိတွင် ကလေး၏ ကျန်းမာ ရေးအခြေအနေသည် တည်ငြိမ်ကောင်းမွန်လျက်ရှိသည်ဟု သိရသည်။ ပြီးခဲ့သည်တစ်နှစ်အတွင်းက နေပြည်တော် တပ်ကုန်းမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် လမစေ့သည့် ရင်ချင်း ဆက်အမွှာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။


နေပြည်တော်သတင်းဌာန

MRTV

Read times
Rate this item
(2 votes)