What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 October 2020 16:53

ရာသီပြောင်းချိန်မှာ တွေ့ရတတ်တဲ့ Depression လက္ခဏာတစ်ချို့

လူတချို့ဟာ ဆောင်းအဝင်ကာလတွေမှာ သိသိသာသာစိတ်အပြောင်းအလဲ ဖြစ်သွားတာကို ခံစားရတတ်ပါတယ်။

 

ဒါကို Winter Depression လို့ ခေါ်ကြပါတယ်။ ရာသီကြောင့် ဖြစ်တာမို့ Seasonal Affective Disorder (SAD) စိတ်အခြေအနေလို့လည်း ဆိုကြပါတယ်။

 

ရာသီပြောင်း စိတ်ဓါတ်ကျတာကို အကြောင်းရင်း ၃ မျိုးနဲ့ ပြောလေ့ ရှိပါတယ်။ တစ်ခုက ဆောင်းတွင်းမှာ နေရောင်နဲ့ ထိတွေ့မှု နည်းသွားတာကြောင့် ကိုယ်တွင်းဇီဝနာရီဟန်ချက်ပြောင်းသွားကြောင့် ဖြစ်လေ့ရှိသလို ဦးနှောက်အတွင်းက စိတ်ခံစားမှုဖြစ်စေတဲ့ ဆီရိုတိုနင်လို့ ခေါ်တဲ့ ဓါတု Level ကျသွားလို့လည်း ဖြစ်နိုင်ပါတယ်။

 

နောက်တစ်ချက်က ရာသီပြောင်းချိန်မှာ လူရဲ့ အိပ်စက်မှုနဲ့ ခံစားချက်တွေပေါ် လွှမ်းမိုးတဲ့ မယ်လတိုနင် Level ဟန်ချက်မညီ ဖြစ်သွားလို့လည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ပြောတာပါ။ ဆောင်းတွင်း SAD စိတ်အပြောင်းအလဲ ဖြစ်လာရင် အလွန်အကျွံ အိပ်လာမယ်။ ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ အစားအစာတွေ အငမ်းမရစားချင်လာမယ်။

 

ကိုယ်အလေးချိန် မြင့်တက်လာပြီး လူက ပင်ပန်းနုံးချိနေမယ်။ Winter Depression ရဲ့ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် လူဟာ နေ့စဉ်ဆိုသလို စိတ်ဓါတ်ကျချင်နေမယ်။ အရင်က ကိုယ်ပျော်ပျော်ကြီး လုပ်နေမိတဲ့အရာတွေ လုပ်ချင်စိတ် ကုန်နေမယ်။ အိပ်ချိန်ပြဿနာတွေ ရှိလာမယ်။ စားသောက်ပုံ မမှန် ဖြစ်လာမယ်။

 

အာရုံစူးစိုက်ဖို့ ခက်လာပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေမယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရပြီး တစ်ချိန်လုံး မကောင်းတဲ့ အတွေးတွေထဲမှာပဲ ဝဲလှည့်နေမယ်။ တစ်ချို့သုတေသနတွေကတော့ လူရဲ့ မျက်လုံးအရောင်ကို လိုက်ပြီး Winter Depression အတက်အကျဖြစ်မှု အနည်းအများ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

ဒီသုတေသနတွေအရ မျက်လုံးအညိုရောင် ပိုင်ရှင်တွေဟာ ဆောင်းရာသီစိတ်ဓါတ်ကျမှု လက္ခဏာပိုဖြစ်နိုင်မယ်လို့ ဆိုကြပါတယ်။

 

ရာသီပြောင်း စိတ်ဓါတ်ကျဆင်းမှုကို အခန်းတွင်း အောင်းတဲ့သူတွေမှာ ပိုတွေ့ရပြီး တက်တက်ကြွကြွနေထိုင်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး အပြင်လောကနဲ့ ထိတွေ့ခြင်းအားဖြင့် သက်သာအောင် ကုစားပေးနိုင်မှာပါ။

 

Kwee

Read times
Rate this item
(0 votes)