What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 March 2019 17:06

ကင်ဆာ မဖြစ်အောင် ကြိုးစားပြီးနေသော်လည်း ကင်ဆာ ဖြစ်ကြသူများ

ကုသိုလ်၊ အကုသိုလ်ကံတွေဟာ တစ်ယောက် နဲ့ တစ်ယောက်မတူကြတာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကြောင့်လည်း အချို့လူတွေဟာ ဆေးလိပ်သောက် ၊ ဟင်းသီးဟင်းရွက် မစား ၊ ဖြစ်သလိုနေကြသော်လည်း ရောဂါဟူ ၍ ဟုတ်တိ ပတ်တိ မဖြစ်ကြပဲ ၊ အသက်ရှည်အောင်နေကြတာလဲ အားလုံး တွေ့ဖူးကြုံဖူးကြမှာ အမှန်ပါပဲ။ ထိုနည်းတူစွာ ကျန်းမာရေးကို ဂရုတစိုက် အလေးထား ပြီး ကျန်းမာအောင်နေကြ သူအချို့ဟာလည်း ကင်ဆာ ရောဂါတွေဖြစ် နေကြတာ လည်း တွေ့ဖူးကြပါတယ်။

 

သို့ပါသော်လည်း ဒီလိုဖြစ်ကြတာဟာ လူနည်းစုသာ ဖြစ်ပါတယ်။ လူများစု အတွက်ကတော့ ကိုယ့်ကိုယ်ကို ဂရုမစိုက် ပြစ်စလက်ခတ် နေမယ်ဆိုရင် ရောဂါဖြစ်ဖို့လမ်းဟာ ပိုများပါတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလည်းဆိုတာ ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် ရုပ်ဖြစ်ကြောင်း တရားတွေမှာ ထိပ်ဆုံးကပါတာ ကံ ဖြစ်ပါတယ်။ ခေတ်မီဆေးပညာ နဲ့ ကြည့်မယ်ဆိုရင် Gene Mutation တွေကြောင့်ဖြစ်တာ ကင်ဆာ ရောဂါ ဖြစ်ကြောင်းအကြောင်း တစ်ခု ဖြစ်ပါတယ်။

 

Gene ဗီဇတွေဆိုတာဟာလည်း ကာယပသာဒရုပ်မှာ ရှိနေတဲ့ Autosomes, Sex Chromosomes တွေမှာရှိတာမို့ သူတို့တွေကလဲ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေ ဖြစ်ကြပါတယ်။ ပတ္တိကျိုး ကုသိုလ် ၊ အကုသိုလ် အလိုက် Gene Mutation တွေဟာလည်း ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကံ ဆိုတာ ကိုယ်ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် သူ အကျိုးပေးမဲ့ အချိန် မှာ ဖြစ်တတ်တာ ဖြစ်ပါတယ်။

 

အချို့ လူတွေမှာ ကုသိုလ်ကံ က ပြန်အားကောင်းလာတဲ့အခါ ၊ လမ်းမှန် ကို သိသွားပြီး အစားအသောက် အနေအထိုင် ကို အချိန်မှီအောင် ပြုပြင်ပြီး လိုအပ်သည့် ဓာတ်စာတွေကို မှီဝဲလိုက်တာ ကင်ဆာ တွေ ငြိမ်သွားတတ်ပြီး ၊ ပျောက်ကင်းသွားတဲ့လူတွေလဲ တွေ့ဖူး ၊ ကြားဖူးကြမယ် ထင်ပါတယ်။ ဗီဇတွေဟာ အသက်ရှင်ရေး ၊ ကျန်းမာရေး အတွက် အလွန်အရေးကြီး တာကြောင့် ၊ သဘာဝ အားဖြင့် ဒီဗီဇတွေကို မပျက်စီးရအောင် ကာကွယ်ပေးသည့် ဓာတ်တွေ လည်းရှိပါတယ်။

 

သူတို့တွေဟာ Antioxidant Enzymes တွေဖြစ်ကြပါတယ်။ Antioxidant Enzymes တွေ အားလုံးဟာ အရေးကြီးပါသော်လည်း ၊ အရေးအကြီးဆုံးကတော့ Glutathione ဖြစ်ပါတယ်။ သူဟာ သဘာဝ အားဖြင့် ကလာက်စည်းတွေထဲမှာ ရှိသော်လည်း ၊ ပိုပြီး အားကောင်းရအောင် သင့်လျော်သည့် အစားအစာများ ၊ ဖြည့်စွက် ဓာတ်စာများမှ ရနိုင်ပါတယ်။ ဥပမာ —- Amino acid L cysteine ဟာသဘာဝ အားဖြင့် ကြက်သွန်ဖြူ မှာ အများကြီး ပါပါတယ်။

 

Read More : အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်ပါသလား

 

ဒီဓာတ်ဟာ ကလာက်စည်း ထဲမှာရှိတဲ့ Antioxidant Glutathione Level ကို တက်လာစေ တတ်ပါတယ်။ သို့ ပါသော်လည်း အပြင်ကနေ ဖြည့်စွက် ဓာတ်စာ အနေ နဲ့ သုံးမယ်ဆိုရင်တော့ N Acetyl - L Cysteine ( NAC ) ဖြစ်ပါတယ် ။ ဈေးလဲ အတော် ချိုပါတယ် ။ နောက်တစ်ခုကတော့ Lipoic Acid ဖြစ်ပါတယ် ။

 

ကလာပ်စည်းထဲမှာရှိတဲ့ Glutathione ကိုများလာစေသည့် အပြင် သူကိုယ်တိုင်ကလည်း အလွန် အားကြီးတဲ့ Antioxidant ဖြစ်ပါတယ်။ သဘာဝအားဖြင့် ဟင်းသီးဟင်းရွက်တွေမှာရှိတဲ့ Bioflavonoids တွေဟာ ကလာပ်စည်း ထဲမှာရှိတဲ့ Glutathione level ကို အားကောင်းစေပါတယ်။ နောက်တစ်ခုကတော့ ဇာတ်လိုက် Magnesium ဖြစ်ပါတယ် ။ Magnesium ဟာ tissues တွေမှာ လုံလုံလောက်လောက် ရှိမှ glutathione level လဲ ကောင်းမှာဖြစ်ပါတယ်။

 

ကင်ဆာ လူနာများ ကီမို ကုသမှုယူနေကြတဲ့ အခါများမှာ ဒီ ကီမို ဆေးတွေ ဟာ ဗီဇတွေ ပျက်မသွား ရအောင် ကာကွယ်ပေးတဲ့ Antioxidants တွေလျော့ပါးသွားစေတဲ့ အတွက် ကင်ဆာ မဟုတ်တဲ့ ပုံမှန် ကလာပ်စည်းတွေ အတွက်ပါ စိုးရိမ်ရတတ်ပါတယ်။ အထူးသဖြင့် ကီမိုဆေးတွေကို အချိန် ကြာမြင့်စွာ ယူနေသူတွေ ၊ ဓာတ်ကင်တာ အခါပေါင်းများစွာရ နေသူတို့ ဖြစ်ပါတယ်။ ဒီ သဘာဝအားဖြင့် ကလာပ်စည်းတွေထဲမှာ ရှိနေတဲ့ antioxidant enzymes တွေဟာလည်း မိဘ ဘိုးဘွား စဉ်ဆက်က ရလာတဲ့ ဗီဇ တွေပေါ်မှာလည်း မူတည်နေပါသေးတယ်။

 

ဒီတော့ ကာကျွန်မတို့တတွေ က မသိနိုင်ကြတာမို့ antioxidants တွေကို network အနေ နဲ့ သောက်မယ် ဆိုရင် ဘယ်လိုမှ မှားနိုင်မယ် မထင်ပါဘူး။ ကင်ဆာဖြစ်ကြတဲ့ အခါ ခွဲစိတ်ခံရခြင်း ၊ ကီမို ယူရခြင်း ၊ ဓာတ်ကင် ခံရခြင်းတွေ နဲ့ တွေ့ ကြုံကြသည့် အခါမှာ ကလာပ်စည်း ထဲရှိ သဘာဝ antioxidant system တွေ ဟာ အားယုတ် သွားတတ်ကြပါတယ်။ ဒါကြောင့်လဲ ကျွန်မ အနေနဲ့ ကတော့ ဒါတွေကို သောက်ရင် ကောင်းတယ် လို့ထင်ပါတယ်။

 

ဒီ glutathione ရဲ့ နောက်ကောင်းချက်တစ်ခုကတော့ ကီမိုဆေးများ ရဲ့ အဆိပ်ဖြစ်စေတတ် တဲ့ သတ္တိ ကို လျော့ကျစေပါတယ်။ ကြွက်သားတွေ ပျက်စီးစေတတ်တဲ့ cyclophosphamide ဦးဏှောက် နဲ့ အာရုံကြော တွေ ပျက်စီးစေတတ်တဲ့ Cisplatinum ၊ Antioxidants တွေသောက်ခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရာရောက်တယ် လို့ထင်ပါတယ်။ မဖြစ်သေးတဲ့ လူတွေရော ၊ ကင်ဆာ ဖြစ်ပြီးသူတွေပါ အကျိုးရှိမယ်လို့ ထင်ပါတယ်။

 

ကင်ဆာ ကို ကီမိုဆေး ၊ ဓာတ်ကင် ပြီး ကုနေသူများ အတွက်လဲ ၊ သူတို့ရဲ့ ပုံမှန် ကလာပ်စည်းတွေကို ကာကွယ်ထားပေးရာ ရောက်ပါတယ် ။ ဒီ ကီမိုဆေးများ ၊ ဓာတ်ကင်ခြင်း စသည့်တို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ နောင်နှစ်အခါ ကာလတွေမှာ ကင်ဆာ အသစ်ဖြစ်ခြင်းမှလည်း အထိုက် အလျောက် ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အကယ်၍ လိုက်နာချင်တယ်ဆိုရင် ရအောင်တင်ပြခြင်းသာ ဖြစ်ပါတယ်။ မိမိကိုယ်ပိုင် ဉာဏ် နဲ့ ဆုံးဖြတ်စေချင် ပါတယ်။

 

Source: ဒေါက်တာ ခင်နွယ်ဝင်း

Health Products Directory

Read times Last modified on Thursday, 14 March 2019 17:16
Rate this item
(1 Vote)