What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 17 October 2017 12:03

အမျိုးသမီးများတွင် သားသမီးမရနိုင်ခြင်း၏ လက္ခဏာအချို့

အမျိုးသမီးများတွင် သားသမီးမရနိုင်ခြင်း၏ လက္ခဏာအချို့ google.com

မိမိရဲ့အသက်အရွယ်အရ 6 လမှ 1 နှစ်အထိ ကိုယ်ဝန်တားဆေးမသုံးဘဲ အတူနေတာတောင်မှ ကိုယ်ဝန်မရဘူးဆိုရင် သန္ဓေမအောင်ခြင်း၊ သားသမီးရရန်ခက်ခဲခြင်း ဖြစ်နေပါပြီ။

အချို့သော ကျန်းမာရေးအခြေအနေတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေတတ်ပါတယ်။ တခါတရံမှာတော့ အကြောင်းရင်းရှာမတွေ့တာလည်းရှိပါတယ်။

အမျိုးသမီးများတွင်ဖြစ်တတ်သော သန္ဓေမအောင်ခြင်း၊ သားသမီးမရနိုင်ခြင်းရဲ့ လက္ခဏာအချို့

အမျိုးသမီးများတွင် ရာသီစက်ဝန်းပြောင်းလဲခြင်းနှင့် သားဥကြွေမှုပြောင်းလဲခြင်းတွေဟာ သားသမီး မရနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

၁. ပုံမှန်မဟုတ်သော သွေးဆင်းမှု၊ ပုံမှန်ထက်ရာသီသွေးဆင်းမှု နည်းခြင်း၊ များခြင်း

၂. ရာသီစက်ဝန်းမမှန်ခြင်း။ (လစဉ်၊ လတိုင်းရာသီသွေးစီးဆင်းမှုမရှိခြင်း)

၃. ရာသီစက်ဝန်းပျောက်ကွယ်ခြင်း။ (လုံးဝရာသီမပေါ်ခြင်း (သို့) ရုတ်တရက် ရာသီရပ်သွားခြင်း)

၎. ရာသီလာစဉ်ပြင်းထန်စွာ ခံစားရခြင်း။ (ရာသီလာစဉ် ခါးနာခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ကြွက်သား နာကျင်ခြင်း)

အမျိုးသမီးများ သန္ဓေမအောင်တာဟာ ဟော်မုန်း မညီမျှတဲ့ပြဿနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဟော်မုန်းမညီမျှတဲ့ လက္ခဏာတွေကတော့ -

၁. အရေပြားပြောင်းလဲမှု (၀က်ခြံအလွန်အမင်းထွက်ခြင်း)

၂. လိင်ဆက်ဆံလိုတဲ့ ဆန္ဒပြောင်းလဲခြင်း

၃. နှုတ်ခမ်း၊ မေးစေ့၊ ရင်ဘတ်ရှိအမွှေးအမျှင်များပေါက်လာခြင်း

၎. ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်း

၅. ၀လာခြင်း

၆. လိင်ဆက်ဆံစဉ် အလွန်အမင်းနာကျင်ခြင်း တို့ဖြစ်ပါတယ်။

Source: drmyanmar.com

Read times Last modified on Tuesday, 17 October 2017 12:49
Rate this item
(2 votes)