What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 October 2020 14:49

အရိုး ကျန်းမာရေးအတွက် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေက ဘာလဲ

ကယ်လ်ဆီယမ်ဆိုရင် အရိုးကျန်းမာရေးကို အားပေးတဲ့ဓါတ်အဖြစ် လူတိုင်းသိကြမှာပါ။

 

ကျွန်တော်တို့ရဲ့ အရိုးစုဖွဲ့စည်းပုံကြီး ပုံမှန်ဖြစ်စေဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေလည်း ကျန်းမာစေဖို့အတွက် ကယ်လ်ဆီယမ်က အရေးကြီးပါတယ်။ ကယ်လ်ဆီယမ်ကို ဖြည့်စွက်အစားအစာတွေထဲကနေ ရနိုင်သလို ကျွန်တော်တို့ရဲ့ နေ့စဉ်အစားအစာတွေထဲမှာလည်း ဒီသတ္ထုဓါတ် ပါဝင်နေပါတယ်။

 

(၁) ဒိန်ချဉ်

နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်ဓါတ် ကြွယ်ဝပါတယ်။ ဒိန်ချဉ်တစ်ခွက်မှာဆို ကယ်လ်ဆီယမ် ၄၄၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။ တကယ်လို့ အချိုဓါတ်ကလေးပါပြီး စားလို့ကောင်းချင်တယ်ဆိုရင်တော့ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးလေးတွေ ထည့်ပေးနိုင်ပါတယ်။ ဒိန်ချဉ်မကြိုက်ရင်တော့ ချိစ်လည်း စားပေးနိုင်ပါတယ်။

 

(၂) ဆာဒင်

ဆာဒင်းကို သံဗူးနဲ့ လာတာ စားဖူးကြမှာပါ။ ဆာဒင်းငါး ၄ အောင်စဟာ ကယ်လ်ဆီယမ် ၃၅၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။ တကယ်လို့ ဆာဒင်းငါးမကြိုက်ရင် ပုဇွန်လေးတွေ စားပေးနိုင်ပါတယ်။

 

(၃) ပန်းဂေါ်ဖီစိမ်း

အသားငါးတွေမဟုတ်ဘဲ အသီးအရွက်ကနေလည်း ကယ်လ်ဆီယမ်ဓါတ် ရယူနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းတစ်ခွက်စာမှာဆို ကယ်လ်ဆီယမ် ၄၀ ဂရမ်အထိ ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင်အေအပြင် အမျှင်ဓါတ်တွေလည်း ကြွယ်ဝစွာ ပါရှိပါတယ်။

 

(၄) အယ်လ်မွန်

တစ်နေ့ကို အယ်လ်မွန်စေ့ လက်တစ်ဆုပ်စာနီးနီး စားပေးမယ်ဆိုရင် ကယ်လ်ဆီယမ် ၁၀၀ ဂရမ်ဝန်းကျင် စားသုံးပြီး ဖြစ်မှာပါ။ အယ်လ်မွန်ဟာ ကျန်းမာရေးနဲ့ညီတဲ့ အဆီနဲ့ အမျှင်ဓါတ်တွေလည်း ကြွယ်ဝတဲ့ အစေ့အဆံ ဖြစ်ပါတယ်။

 

(၅) လိမ္မော်ရည်

မနက်စာမှာ လိမ္မော်ရည်တစ်ဖန်ခွက် သောက်လိုက်တာ ဗိုက်တာမင်စီတင် ဖြည့်ဆည်းပေးတာ မဟုတ်ဘဲ ကယ်လ်ဆီယံ ၃၅၀ မီလီဂရမ်ပါ ရရှိစေနိုင်ပါတယ်။ လိမ္မော်ရည်တစ်ဖန်ခွက်ဟာ ပိုတက်ဆီယမ် ၊ ဗိုက်တာမင် စီ ၊ အေ ၊ ဒီနဲ့ မဂ္ဂနီဆီယမ်တွေ ကြွယ်ဝစွာ ပါရှိတဲ့ သောက်စရာအဖျော်တစ်မျိုးပဲ ဖြစ်ပါတယ်။

 

Kwee.co

Read times Last modified on Friday, 15 January 2021 06:39
Rate this item
(0 votes)