What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 September 2018 14:32

ဗီတာမင် ဒီ အဆိပ်မသင့်အောင် သတိပြုရန်လို

ဗီတာမင် ဒီ ကို လိုအပ်သည် ထက် ပိုမိုသောက်သုံးပါက အဆိပ်သင့်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း အာဟာရပညာရှင် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။


ဈေးကွက်အတွင်း ရောင်းချ သည့် ဗီတာမင် ဒီ အားဆေးများ ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် မဟုတ်ဘဲ ၀ယ်ယူသောက်သုံးမှု များရှိနေသည်။

‘‘ဗီတာမင် ဒီဟာ ခန္ဓာကိုယ် ထဲရောက်ပြီးရင် အလွယ်တကူပြန် မထွက်နိုင်ဘူး။ လိုအပ်တာထက် များလာရင် အဆီတို့၊ အသည်းတို့ ထဲမှာ သိမ်းတယ်။ ကြာတဲ့အခါ အသည်းက ခန္ဓာကိုယ်က အညစ် အကြေးတွေ ရှင်းထုတ်ပေးရတဲ့ အတွက်ကြောင့် အသည်းရဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်အား တွေ ပိုများလာတယ်။ မလိုအပ်ဘဲ ဗီတာမင် ဒီ အားဆေးတွေ အများ ကြီးသောက်မိတယ်ဆိုရင် အဆိပ် သင့်တာ ဖြစ်တတ်တယ်’’ဟု ဒေါက်တာ ညီညီကျော်က ရှင်းပြသည်။

ဗီတာမင် ဒီ ပိုမိုသောက်သုံးပါက သွေးတွင်းကယ်လ်ဆီယမ် (ထုံးဓာတ်) များလာခြင်းကြောင့် အစားအသောက်ပျက်ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ ဆီးခဏခဏသွားခြင်းစသည့် ဘေးထွက်ဆိုးကျိုးများခံစားရတတ်သည်။

ထို့ကြောင့် ဗီတာမင် ဒီ ချို့ တဲ့သည့် အခြေအနေဖြစ်လာမှ သာ ဆရာဝန်နှင့် သေချာတိုင်ပင် ပြီး သောက်သုံးရန် လိုအပ်သည်။ နေရောင်ခြည်နှင့် အထိအတွေ့ နည်းသူများ၊ အ၀လွန်သူများ၊ အရိုးပွရောဂါရှိသူများ၊ နာတာရှည်ကျောက်ကပ်ရောဂါရှိသူများနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိ သူများတွင် ဗီတာမင် ဒီ ချို့တဲ့ တတ်သည်။

ဗီတာမင် ဒီ ချို့တဲ့ပါက အရိုး ပျော့ရောဂါ၊ ခြေထောက်ခွင်ခြင်း၊ Pigen Chest ဟု ခေါ်သည့် ခိုရင် အုံကဲ့သို့မောက်ခြင်း၊ ခါးကုန်းခြင်း၊ ခြေထောက်ကွေးခြင်း၊ ခြေချင်း ၀တ်ကြီးခြင်း၊ ခြေထောက်နာခြင်း၊အရိုးအဆစ်နာခြင်း၊ ကြွက်သား နာခြင်းစသည့် လက္ခဏာများခံစား ရတတ်သည်။

‘‘ဗီတာမင် ဒီ ချို့တဲ့ခြင်းရှိ၊ မရှိသွေးစစ်တယ်။ သွေးစစ်ရလဒ် အဖြေပေါ်မူတည်ပြီး လိုအပ်ရင် ဗီတာမင် ဒီ အားဆေးပေးတယ်။ အစားအသောက်ကို အာဟာရ ပြည့်အောင် ပိုစားခိုင်းတယ်။ ကြက်ဥအနှစ်စားတာ၊ နေရောင် ခြည်ပိုထိတွေ့ခိုင်းတယ်။ အရိုးပါ စားလို့ရတဲ့ ငါးပါစားခိုင်းတယ်’’ဟု ဒေါက်တာ ညီညီကျော်က ပြော သည်။

ဆရာဝန်ညွှန်ကြားသည့် အတိုင်း ဆေးသောက်ပြီးပါက ဆေးပြန်စစ်ရန်လိုအပ်ပြီး ခန္ဓာ ကိုယ်တွင် လိုအပ်သည့် ဗီတာမင် ဒီ ဓာတ်ပြည့်ဝသွားပါက ရေရှည် စွဲသောက်ရန်မလိုပေ။ အသက် အရွယ်ကြီးရင့်သူများတွင် တစ်နေ့ လျှင် ဗီတာမင် ဒီ ပမာဏ 1000 IUသာ သောက်သင့်သည်။

ဈေးကွက်အတွင်းရောင်းချ နေသည့် 10000 IU နှင့် 50000 IU ပမာဏပါဝင်သည့် ဗီတာမင် ဒီ အားဆေးများကို ရေရှည်စွဲ၍ သောက်သုံးရန် မသင့်ကြောင်း ဒေါက်တာ ညီညီကျော်က ပြော ကြားသည်။

source:7daydaily

 

Read:ခါးနာခြင်းကိုသက်သာစေမယ့် နည်းလမ်းများ

ခါးနာခြင်းကိုသက်သာစေမယ့် နည်းလမ်းများ

Read times Last modified on Friday, 07 September 2018 14:54
Rate this item
(1 Vote)