What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 September 2022 15:10

ရေအလွန်အကျွံ သောက်ခြင်းရဲ့ ဆိုးကျိုး (၅) ချက်

ရေအလွန်အကျွံ သောက်ခြင်းရဲ့ ဆိုးကျိုး (၅) ချက် Daily Express

ရေဓာတ်ခန်းခြောက်မှု ပြဿနာကို လူတိုင်းလိုလို သိပြီးသားဖြစ်ပြီး ရေအလွန်အကျွံသောက်သုံးမှုရဲ့ အန္တရာယ်ကိုတော့ သိပ်မသိကြသေးပါဘူး။ ရေအလွန်အကျွံသောက်သုံးမှုကြောင့် ဖြစ်ပေါ်ခံစားရနိုင်မှုတွေကိုလည်း သိထားသင့်ပါတယ်။

 

၁. ခေါင်းကိုက်စေနိုင်

အချိန်ခဏအတွင်းမှာ ရေအလွန်အကျွံသောက်သုံးတာက ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ခေါင်းကိုက်မှုကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

 

၂. ဆီးသွားများခြင်း

ခန္ဓာကိုယ်က ရေဓာတ်ပမာဏကို ထိန်းညှိဖို့နဲ့ ပိုလျှံနေတဲ့ ရေဓာတ်ကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ဖယ်ရှားဖို့အတွက် ထိရောက်တဲ့ ကိုယ်တွင်း အင်္ဂါစနစ်တစ်ခု ရှိပြီး ဆီးခဏခဏသွားတာကို ဖြစ်ပေါ်ခံစားရစေပါတယ်။

 

၃. နှလုံးဝန်ပိစေခြင်း

သောက်သုံးလိုက်တဲ့ ရေဓာတ် ၈၀ ရာခိုင်နှုန်းကို အမြှေးဖြတ်စိမ့်ခြင်း (osmosis) လို့ ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေ တစ်ဆင့် အူသိမ်က စုပ်ယူလိုက်ပါတယ်။ ရေအလွန်အကျွံသောက်တာက သွေးပမဏကို တိုးစေတာကြောင့် နှလုံးကို အလွန်အကျွံဝန်ပိစေပြီး လေသင်တန်းဖြတ်တာတွေကိုပါ ခံစားရစေနိုင်ပါတယ်။

 

၄. သွေးတွင်း ဆိုဒီယမ်ပမာဏလျော့နည်းစေခြင်း

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပမာဏများလာတဲ့အခါ ပိုလျှံနေတဲ့ ရေဓာတ်ကို စွန့်ထုတ်ပြီး သင့်တင့်တဲ့ ရေပမာဏရစေဖို့အတွက် ခန္ဓာကိုယ်က ပင်ပင်ပန်းပန်း လုပ်ဆောင်ရပါတယ်။ ရေအလွန်အကျွံသောက်သုံးတာက သွေးတွင်းဆိုဒီယမ်ပမာဏကို ကျဆင်းစေပြီး ဆဲလ်တွေမှာ စီးဆင်းနေတဲ့ သွေးတွေထဲကို ရေတွေရောက်ရှိသွားကာ ဦးနှောက်အတွင်း ရောင်ရမ်းမှုကို ဖြစ်ပေါ်ခံစားစေရတယ်။

 

၅. ကြွက်တက်စေခြင်း

ရေအလွန်အကျွံသောက်သုံးတာက ခန္ဓာကိုယ်ရဲ့လျှပ်လိုက်ရည် ပမာဏကို ကျဆင်းစေပါတယ်။ ကိုယ်တွင်းလျှပ်လိုက်ရည် ပမာဏ မမျှတမှုက ကြွက်သားများ ရုတ်တရက် ကျုံ့တက်ခြင်းနဲ့ ကြွက်တက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

 

Myanmar-Inspection.jpg

 

ရေဓာတ်ကုန်ဆုံးခြင်းကြောင့် ပြသသော လက္ခဏာ (၈) ရပ်

၁. အကြောတက် ဇက်ကြောထိုးခြင်း

၂. အစာစားချင်စိတ် ပြင်းပြခြင်း

၃. ခံတွင်း အနံဆိုးထွက်ခြင်း

၄. နှလုံးရောဂါ

၅. မောပန်းနွမ်းနယ်ခြင်း

၆. ခေါင်းကိုက်ခြင်း

၇. ဝမ်းချုပ်ခြင်း

၈. နှုတ်ခမ်းနှင့် အသားအရေ ခြောက်ခြင်း တို့ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)