What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 October 2020 14:39

ကလေးများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစာစားနည်း အလေ့အထများ

ကလေးအရွယ်မှာ အဝလွန်ခြင်းဟာ ကလေးတွေစားသုံးတဲ့ အစားအသောက်တွေနဲ့ အဓိက ဆက်စပ်နေပါတယ်။

 

ထို့ကြောင့် ကလေးတိုင်းအတွက် မိဘတို့ လေ့ကျင့်ပေးသင့်တဲ့ အစာစားနည်းအလေ့အထများကို ဖော်ပြပေးလိုက်ပါတယ်။

- ကလေးတွေ အတုယူနိုင်တဲ့ စံပြပုဂ္ဂိုလ်ဖြစ်အောင် နေပေးပါ။ အတူတူ ထမင်းစားပြီး အာဟာရရှိတဲ့ အစားအသောက်တွေကို မျှဝေစားပေးပါ။

- နံနက်စာ၊ နေ့လည်စာနဲ့ ညစာစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သစ်သီး၊ အစိမ်းလိုက်စားလို့ရတဲ့ ဟင်းသီးဟင်းရွက်၊ အဆီနည်း ခရက်ကာမုန့်၊ ဒိန်ချဉ်နဲ့ နို့တွေ စားဖြစ်အောင် တိုက်တွန်းပါ။ အဆီများတဲ့ မုန့်တွေနဲ့ အချိုများတဲ့ မုန့်တွေကို ဘယ်တော့မှ မကျွေးပါနဲ့။

- အစာစားတဲ့အခါ ဘယ်လောက်ပမာဏစားမယ်ဆိုတဲ့ ဆန္ဒကို ကလေးရဲ့ ပင်ကို အစာစားချင်စိတ်အတိုင်း ဆုံးဖြတ်ခိုင်းပါ။ ကလေးမစားနိုင်ဘဲ အတင်းစားခိုင်းတာမျိုး မလုပ်သင့်ပါ။

ကလေးကို အသက်ငယ်ငယ်ကတည်းက လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားတတ်စေဖို့ မစားချင်ရင်လည်း ကျွေးပါ။

- ကလေး အသက်ငါးနှစ်အောက်အရွယ်မှာ ကလေးကို အဆီထုတ်ထားတဲ့ နွားနို့ မတိုက်ကျွေးပါနဲ့။ ဒီအရွယ်မှာ ကလေးငယ်အနေနဲ့ ရိုးရိုးနွားနို့ကနေ ကယ်လိုရီတွေကို ရယူဖို့လိုပါတယ်။

- အစားအစာပြင်ဆင်တဲ့နေရာမှာ ကလေးတွေကို အကူအညီတောင်းပါ။ ဒါဆိုရင် အိမ်မှာ ဟင်းချက်ခြင်းနဲ့ အစားအသောက်ပြင်ဆင်ရခြင်းနဲ့ ပတ်သက်ပြီး သင့်ကလေး ကျေနပ်နေပါလိမ့်မယ်။ အဲဒီအခါ အပြင်မှာ အစာသွားစားဖို့ သိပ်ပူဆာတော့မှာ မဟုတ်ပါဘူး။

- ကလေးအတွက် အချိုရည်နဲ့ မုန့်တွေပြင်ဆင်တဲ့အခါ မလိုအပ်ဘဲ သကြားတွေကို အများအပြားမထည့်နဲ့။

- ထမင်းစားတဲ့အခါ ကလေးပန်းကန်ထဲ ဆားကို ထပ်ထည့်ပေးတဲ့ အလေ့အထကို ရှောင်ပါ။

- အသက်ငါးနှစ်အောက်ကလေးတွေကို အခွံမာသီးတွေ မကျွေးပါနဲ့။ အခွံမာသီးတွေဟာ ကလေးတွေကို ဆို့နင်ခြင်းဖြစ်စေနိုင်ပါတယ်။

- ကလေးကို ရိုက်နှက်ပြီး အစာမကျွေးပါနဲ့။ ကလေးအနေနဲ့ အစာအာဟာရကို ကြောက်လန့်သွားနိုင်ပါတယ်။

Ref: Health and Knowledge News

Read times
Rate this item
(0 votes)