What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 November 2020 12:27

ဆေးမပေးခန်း ၏ ဇာစ်မြစ်

ဆေးမပေးခန်း ၏ ဇာစ်မြစ် စတင်ရာ မြန်မာပြည်တွင် အနောက်တိုင်းဆေးပညာ၏ ရှေးဦးအကျဆုံးသော ဆရာဝန်ကြီး များထဲမှ တစ်ဦးဖြစ်သော အဘိုး ဒေါက်တာ ဦးဘကျော် (L.M.P) (our first generation doctor) နှင့် အဘိုး၏ သားကြီး ဝဏ္ဏကျော်ထင် အဖိုး ဒေါက်တာဦးထွန်းရှိန် (2nd Gen) Biography နှင့် American ဇနီး Mary Jane Tun Shein တို့၏ ပုံရိပ်များ ကို စုစည်းမိသလောက် မျှဝေပါတယ်။‌

 

Image may contain: 2 people, people standing, eyeglasses and night

 

ဒေါက်တာထွန်းရှိန်ဟာ မြန်မာလူမျိုးထဲမှာ အမေရိကားမှ ခွဲစိတ်ပါရဂူဘွဲ့ ပထမဆုံး ရခဲ့သူလို့ Florida နှင့် Jamaica မှာနေသော မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးဖေသန်းမောင်ပြောပြလို့ သိခဲ့ရပါတယ်။

 

Image may contain: 3 people, text

 

ဒေါက်တာ ဦးဖေသန်းမောင် သည် မင်းတုန်းမင်းလက်ထက် ပထမဆုံး အမေရိကားကိုရောက်ခဲ့ဖူးသော မြန်မာလူမျိုး ဒေါက်တာ ရှောလူ၏ တူမြေးဖြစ်ပြီး ဒေါက်တာထွန်းရှိန်နှင့် ဆေးရုံ အတူတူ လုပ်ခဲ့ဖူးကြောင်း၊ ဒေါက်တာထွန်းရှိန်ထက် ၃နှစ်ခန့်ငယ်ကြောင်းသိခဲ့ရပါသည်။

 

Image may contain: 1 person, text

 

အဖိုးဒေါက်တာထွန်းရှိန်၏ သားမှာ အဖေ ဒေါက်တာ ခင်ဇော်ရှိန်(3rd Gen ,Dental Surgeon)ဖြစ်ပြီး ယခု ဆေးမပေးခန်းကို တည်ထောင်သူကတော့ 4th Generation မျိုးရိုးလေးဆက်မြောက်အဖြစ် ဆက်ခံပြီး Future of Medicine ဖြစ်သော ဆေးမပေးခန်း Concept ဖြင့် New Era for New Normal မှာ Psychosocial Behaviorological Paradigm shift သစ်တစ်ခုနဲ့ healthy lifestyle wave တစ်ခု မြန်မာပြည်မှာ ပေါ်ပေါက်လာစေရန် ကြိုးစားနေပါတယ်။ ဆရာဝန် မျိုးရိုးလေးဆက်မှာ သိသာထင်ရှားတဲ့မိုင်တိုင်တစ်ခုလည်းရောက်ခဲ့ပါပြီ

 

Image may contain: text

 

ဆေးမပေးခန်းမှ မြန်မာပြည်သူပြည်သားများ အသက်ရှည်ရာအနာမဲ့ကြောင်း စေတနာများစွာဖြင့် နိုင်ငံပေါင်းစုံမှ အတွေ့အကြုံ အဆက်အသွယ်များစွာ ခက်ခက်ခဲခဲရှာဖွေစုစည်းပြီး တင်ပြအပ်သော ကောင်းနိုးရာရာ နောက်ဆုံးပေါ် Evidence Based သုတေသနပြုလေ့လာထားသည့် (ကြိုးစားသလောက် ထိရောက်သော) လေ့ကျင့်ခန်းကောင်းများ၊သဘာဝအတိုင်း အစွမ်းထက် လက်တွေ့ကျသုံးဝင်သည့် Natural Functional SuperFoods များ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာ ရှိနေပါပြီ။

 

Image may contain: one or more people and wedding

 

နားလည်ယုံကြည်သူများအနေဖြင့် မှီဝဲကျင့်ကြံနေထိုင်ပြီး မိမိ မိတ်ဆွေများ နှင့် (Higher quality of life) ပိုမိုပြည့်စုံသောဘဝ၏တန်ဖိုးများကို ပိုင်ဆိုင်နိုင်ကြပါစေ။ တကယ်တမ်းတော့ ဆုတောင်းစရာမလိုဘဲ မြေကြီးလက်ခတ်မလွဲ ပိုင်ဆိုင်နိုင်ကြမှာပါလို့ လဲ သတင်းကောင်းပေးအပ်ပါတယ်။

 

ဆေးမပေးခန်း Lifestyle Clinic Myanmar

Read times
Rate this item
(1 Vote)