What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 September 2022 15:30

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေသလဲ?

နေ့တစ်နေ့ရဲ့အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ပါတယ်။ မနက်မနက် အလုပ်ချိန်မှီအောင်၊ ကျောင်းချိန်မှီအောင်လုံးပန်းနေရတာနဲ့ မနက်စာစားဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအနထိုင်ပြီး အေးဆေး စားဖို့နေနေသာသာ ကော်ဖီတစ်ခွက်ကိုတောင် အပြင်ထွက်ခါနီးမှ အမြန်မျိုချနေရတဲ့ အလုပ်များသူတွေမှ အများကြီးပဲ။

 

တကယ်ဆို မနက်စာက ကျန်းမာရေးအတွက် အရေးကြီးဆုံးအစာပါ။တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာ စားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်တိုင်း မနက်စာပုံမှန် စားနေသူတွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာအရ တွေ့ရှိရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေပြည့်ဝ နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။

 

Phyo-Eain-Si.jpg

 

အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေပိုမှတ်မိလွယ် စေပြီး ရောဂါဘယတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုယ် အလေးချိန် ထိန်းသူတွေအနေနဲ့လည်း မနက်စာစားသင့်ပါတယ်။ တစ်ချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေပိုများတာ တွေ့ရပါတယ်။

 

မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ်စေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food တွေ ကိုလည်း ပိုစားမိတတ်ပါတယ်။ ထို့ကြောင့် မနက်စာ မစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။

 

Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ထို့ကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေးသင့်ပါတယ်။

 

Myanmar Health Products Guide

Read times
Rate this item
(0 votes)