What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 November 2020 17:55

ဟင်းနုနယ်ရွက်စားခြင်း၏ ကျန်းမာရေး အာနိသင်

ဟင်းနုနယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင်ကြပါတယ်။ လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနယ်ရွက်မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာ ပါဝင်ပါတယ်။

 

အစာကြေစေခြင်း

ဟင်းနုနယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိစေပါဘူး။

 

ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေးစေပါတယ်။ ဟင်းနုနယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

 

ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနယ်ရွက်မှာပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျစေပါတယ်။

 

အင်တီအောက်ဆီးဒင့်အစွမ်း ပေးနိုင်ခြင်း

ဟင်းနုနယ်ရွက်မှာပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါးရောဂါ၊ သွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးတာတို့ကို သက်သာစေပါတယ်။

 

သွေးတိုးကျစေခြင်း

ဟင်းနုနယ်ရွက်ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီးပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

 

အမြင်အာရုံ ကောင်းစေခြင်း

ဟင်းနုနယ်ရွက်ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင်နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ကိုယ်ခံစွမ်းအား ကောင်းစေခြင်း

ဟင်းနုနယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

 

အရေပြား ကျန်းမာစေခြင်း

ဟင်းနုနယ်ရွက်မှာပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ်ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာစေပါတယ်။

 

အရိုးသိပ်သည်းဆ ကောင်းစေခြင်း

ပြုတ်ထားတဲ့ ဟင်းနုနယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်းစေပါတယ်။

 

ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း

ဟင်းနုနယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြောတစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြောစနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေပါတယ်။

 

သဘာဝရဲ့ အင်အား

Read times
Rate this item
(0 votes)