What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 November 2022 15:37

အဆုတ်ထိခိုက်ပျက်စီးစေတဲ့ အလေ့အထတွေ

အဆုတ်ထိခိုက်ပျက်စီးစေတဲ့ အလေ့အထတွေကျန်းမာတဲ့ ကိုယ်ခန္ဓာဖြစ်ဖို့အတွက် အရေးပါဆုံးအရာတစ်ခုဖြစ်တဲ့ အဆုတ်တွေဟာ ပုံမှန်အားဖြင့် အသက်ရှင်သမျှ ကာလပတ်လုံးအထိ အလုပ်ကောင်းကောင်း လုပ်နိုင်ပေမယ့်လည်း အတွင်းပိုင်းမှာ ထိခိုက်ပျက်စီးအောင် လုပ်မိပြီဆိုရင်တော့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

 

ဒီလိုအချက်တွေက အဆုတ်ကို ပျက်စီးစေနိုင်တဲ့အတွက် ရှောင်ကြဉ်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်း

အဆုတ်ပျက်စီးအောင်လုပ်မိတဲ့ အမြင်သာဆုံးလုပ်ရပ်ကတော့ ဆေးလိပ် သောက်တာပါ။ နောက်ပြီးကိုယ် တစ်ယောက်တည်း ထိခိုက်ရုံတင် မက ဆေးလိပ်ငွေ့ရှူမိတဲ့ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ ဒုက္ခပေး နိုင်ပါတယ်။

 

လေထုညစ်ညမ်းခြင်း

နေထိုင်၊ သွားလာတဲ့ပတ်ဝန်းကျင်ဟာ လေ ညစ်ညမ်းနေရင်လည်း အဆုတ်ကို ဒုက္ခပေးနိုင်တဲ့အတွက် အိမ်တို့၊ ရုံး တို့ကနေအပြင်ထွက်တဲ့အခါ နှာ ခေါင်းစည်းတပ်ပြီး သွားလာပါ။

 

လေဝင်လေထွက်မကောင်းခြင်း

အိမ်ထဲ၊ ရုံးထဲမှာ လေမသန့်တာ ဟာ ပြင်ပလေမသန့်တာထက် ပို ပြီးတော့ ဆိုးပါတယ်။ လေဝင်လေ ထွက် ကောင်းအောင်လို့ ပြတင်း တွေဖွင့်၊ အဲကွန်းတွေဖွင့်၊ အိမ် တွင်းအပင်လေးတွေစိုက်ပြီး အ ဆုတ်အတွက် သန့်ရှင်းတဲ့လေရ အောင် ဖန်တီးပေးပါ။

 

တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ် ခြင်း

ဖျတ်ဖျတ်လတ်လတ် ကိုယ် လက်လှုပ်ရှားရင် အဆုတ်ကျန်း မာရေးအတွက် ထောက်ကူပြီးနာ တာရှည်ချောင်းဆိုး ရင်ကျပ်ရော ဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ အတွက် အချိန်ပြည့်ထိုင်ပြီး အ လုပ်လုပ်ရသူတွေ သတိထားဖို့ လို ပါတယ်။

 

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အစာများမစားခြင်း

အသီးအနှံ တွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆုတ်အား ကောင်းစေတဲ့ ဓာတ် တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာမို့ အသားချည်းပဲ စားနေတာမျိုး မလုပ် သင့်ပါဘူး။ အဆုတ်အတွက်ဆို ရင် ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ထိုင်ဝမ်မုန်ညင်းတို့ကို စားသုံးပေး သင့်ပါတယ်။

 

သန့်စင်ဆေးပြင်းများသုံးခြင်း

အိမ်သုံးသန့်စင်ဆေးအချို့မှာပါ တဲ့ ချွတ်ဆေး၊ အမိုးနီးယား၊ ဓာတု ဒြပ်ပေါင်းတွေက အဆုတ်ကိုဒုက္ခ ပေးနိုင်ပါတယ်။ အိမ်သုတ်ဆေး ဆိုရင်လည်း ဆီဆေးထက် ရေ ဆေးလိုမျိုးသုံးသင့်ပါတယ်။

 

လူထူထပ်သည့် နေရာသွားလာ ခြင်း

တုပ်ကွေးဖြစ်တဲ့ ရာသီလို မျိုးမှာ အသက်ရှူလမ်းကြောင်း ရောဂါတွေ မဖြစ်ရလေအောင် လူ တွေများတဲ့ နေရာတွေသွားလာ တာမျိုး ရှောင်ကြဉ်ဖို့လိုပါတယ်။ မဖြစ်မနေသွားရပြီးဆိုရင်လည်း နှာ ခေါင်းစည်းနဲ့ ကာကွယ်တာမျိုး။ လက်ကိုမကြာခဏ ဆေးကြော တာမျိုး လုပ်ဖို့လိုပါတယ်။

Read times
Rate this item
(0 votes)