What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 December 2016 11:17

ရေသောက်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးရှိမှုများ

ရေသောက်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးရှိမှုများ Google.com

ရေသောက်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးရှိမှုများ

ရေဓာတ်လိုအပ်နေသောအချိန်များတွင် ရေသောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပိုမိုအကျိုးရှိစေပါတယ်။

မနက်စောစောအိပ်ယာထထချင်းမှာ ရေနှစ်ခွက်လောက်ဆင့်သောက်ပေးခြင်းဖြင့် အတွင်းကလီဇာတွေကို နိုးထစေပါတယ်။

ရေမချိုးခင်ရေတခွက်သောက်ပေးခြင်းဟာ သွေးပေါင်ချိန်ကိုကျဆင်းစေပါတယ်။

အိပ်ယာမဝင်ခင်မှာရေတစ်ခွက်သောက်ပေးခြင်းဖြင့် လေသင်တုန်းဖြတ်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ ရေပမာဏများစွာဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ရေသောက်ခြင်းဖြင့်ကျောက်ကပ်ကျောက်တည်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည်ခြင်းဟာ အများအားဖြင့် ရေလုံလုံလောက်လောက်မသောက်လို့ ဖြစ်ရတဲ့ရောဂါတစ်ခုပါ။

ရေဟာ ဆီးတွင်းမှာရှိတဲ့ ကျောက်တည်စေနိုင်တဲ့အရာတွေကို ပျော်ဝင်သယ်ဆောင်သွားပေးတာကြောင့် တစ်နေ့ကို ရေ၁၂ဖန်ခွက်လောက် သောက်ပေးခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ရေသောက်ခြင်းဖြင့် ဆီးလမ်းကြောင်းရောဂါကူးစက်မှုကို သက်သာစေနိုင်ပါတယ်။

ရေများများသောက်လေ ဆီးများများသွားလေဖြစ်တာကြောင့် ဆီးအိမ်ထဲမှာရှိတဲ့ မကောင်းတဲ့ပိုးတွေကို ထွက်သွားစေပါတယ်။

ဝမ်းလျှောဝေဒနာသည်တွေအတွက် ရေသောက်ခြင်းဖြင့် ရေဓါတ်ကုန်ဆုံးမှုကို တားဆီးပေးနိုင်ပါတယ်။

ရေဟာအဖျားကိုလည်းကျစေပြီး ရေသောက်ပြီး ဆီးသွားပေးခြင်းဖြင့် အပူတွေဟာ ဆီးတွေမှာပါသွားပြီး ကိုယ်ပူချိန်ကိုကျဆင်းစေပါတယ်။ ဖျားနေတဲ့အချိန်မှာရေပိုသောက်ပေးခြင်းဖြင့်အဖျားမြန်မြန်သက်သာပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှုလမ်းကြောင်းကူးစက်ရောဂါတွေကိုလည်း သက်သာစေပါတယ်။

ရေသောက်နည်းခြင်းဖြင့် အစာဟောင်းကို မာခဲသွားစေကာ၊ ဝမ်းချုပ်ခြင်းဖြင့် အူသိမ်အူမတွင် ရောဂါဖြစ်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

ထို့ကြောင့် အသီးအရွက်များများစား၊ ရေများများသောက်ပေးခြင်းဖြင့် အစာဟောင်းကိုအချိန်မှန်စွန့်နိုင်ပါစေ။

ရေဟာစွမ်းအင်ကိုပြည့်နေစေပြီး နိုးကြားတက်ကြွမှုကို ပေးနိုင်ပြီး ရေဓါတ်မလုံလောက်ရင် သွေးဟာပျစ်လာပါတယ်။

သွေးပျစ်လာတာကြောင့်သွေးလည်ပတ်မှုလုပ်ငန်းခက်ခဲလာပါတယ်။

ဒါကြောင့်ဦးနှောက်ဟာ မတက်ကြွတော့ပဲ ရှုပ်ထွေးခြင်း၊ ပင်ပန်းနွမ်းလျခြင်းစတာတွေကို ခံစားရလာပါတော့တယ်။

ကိုယ်အလေးချိန်လျှော့ချချင်ရင်လည်း ရေသောက်ပါ။

အစာမစားခင် ရေဝအောင်သောက်ပေးခြင်းဖြင့် အစာစားတဲ့ ပမာဏကို လျော့သွားစေပါတယ်။

ရေမှာ ကယ်လိုရီဓါတ်လုံးဝမပါဝင်တာကြောင့် ကိုယ်တွင်းအဆီဖြစ်ပေါ်မှုမရှိစေပါဘူး။

ရေသောက်ပေးခြင်းဖြင့် အသားအရေပျော့ပြောင်းပြီး ဝင်းလက်စေနိုင်ပါတယ်။

ရေဓါတ်မလုံလောက်တဲ့ လူတစ်ယောက်ဟာ မျက်တွင်းချိုင့်မယ်၊ ပါးရေတွန့်မယ် စတာတွေကို ပိုင်ဆိုင်နေရမှာပါ။

ရေသောက်ချိန်များနှင့်အကျိုးရှိမှုများ

အိပ်ယာထထချင်း ရေသောက်ပါ။

- အိပ်နေတဲ့အချိန်အတွင်းမှာ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနေပါတယ်။ ထို့ကြောင့် မအိပ်ခင် ရေသောက် ၊ အိပ်ယာထရေသောက်ပေးပါ။

- မနက်နိုးထလာတဲ့အချိန်မှာ ပုံမှန်အားဖြင့် ရေဆာနေတတ်ပါတယ်။

- မနက်နိုးနိုးချင်းမှာ ရေသောက်ပေးခြင်းဖြင့် တစ်ညလုံးစုဆောင်းထားတဲ့ ကိုယ်တွင်းအဆိပ်အတောက်များကို ထုတ်ပစ်ရာလည်း ရောက်ပါတယ်။

တနေ့ကိုရေ၈ခွက်ကနေ၁၂ခွက်ကြားသောက်ပေးပါ။

- ပေါင် ၁၂၀ ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့ရေ ၈ ခွက်သောက်ဖို့ လိုအပ်ပြီး ပေါင် ၁၉၀ ရှိတဲ့ လူတစ်ယောက်ဟာ ၁၂ ခွက်သောက်ဖို့ လိုအပ်ပါတယ်။

- ဆီးအရောင်ကို အမြဲတမ်းစောင့်ကြည့်ပေးပါ။ ဆီးအရောင်ဟာ အရောင်ဖျော့ဖြစ်သင့်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို အလွန်ဆုံး ရေ ၁၆ ခွက် ထက်ပို မသောက်သင့်ပါ။

တနေကုန်ရေတစပ်စပ်သောက်ပေးပါ။

 - တစ်ခါတည်း ရေနှစ်ဖန်ခွက် သောက်ပေးခြင်းထက် ရေနည်းနည်းစီကို ခဏခဏ သောက်ပေးခြင်းဟာ ပိုပြီး ကောင်းတဲ့နည်းဖြစ်ပါတယ်။

- နှလုံးရောဂါရှိသူများက နှလုံးဖိအားကို ကျဆင်းစေပြီး သာမန်လူတွေက ခန္ဓာကိုယ်က ရေဓာတ်ကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

ရေဆာမှရေသောက်တာမျိုးမလုပ်ပါနဲ့။

- ရေဆာနေပြီလို့ ခံစားလိုက်ရတဲ့အချိန်မှာ လူတစ်ယောက်ဟာ လိုအပ်တဲ့ ကိုယ်တွင်း ရေပမာဏ ၂ ခွက်အောက် လျော့နည်းနေပါပြီ။

- သက်ကြီးပိုင်းတွေက ကိုယ်တွင်း ရေလိုအပ်မှုကို ပိုပြီး ခံစားသိရှိမှု နည်းပါးကြပါတယ်။

အအေး၊ အရက်၊ ကော်ဖီစတာတွေ မသောက်ပါနဲ့ ရေပဲသောက်ပါ။

- လက်ဖက်ရည် ၊ ဆော်ဒါ ၊ ကော်ဖီ စတာတွေဟာ ရေဓာတ်ပိုမိုကုန်ခမ်းစေနိုင်ပါတယ်။

- အရက်သောက်ခြင်းဟာလည်း ဆီးပိုမို သွားစေတာကြောင့် ရေဓာတ်ကုန်ဆုံးမှုကို ဆိုးဝါးစွာ ဖြစ်စေပါတယ်။

ကလေးသူငယ်တွေကိုလည်း ရေသောက်တတ်အောင် လေ့ကျင့်ပေးပါ။

- ကလေးတွေအတွက် ရှေ့ဆောင်လမ်းပြအနေဖြင့် ရေတူတူသောက်ပေးပါ။ ကျောင်းကို ရေဘူးကြီးကြီး ထည့်ပေးလိုက်ပါ။

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရေပိုသောက်ပါ။

- လေ့ကျင့်ခန်း လုပ်ချိန် နာရီဝက်နဲ့ တစ်နာရီကြားဆိုရင် ရေ ၅၀၀ မီလီလီတာ ပိုသောက်ပါ။

- ငှက်ပျောသီးစားပေးခြင်းဟာလည်း ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။

ဖျားနာနေရင်ရေပိုသောက်ပါ။

- ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ရေဓာတ်ကို ပိုမိုလိုအပ်နေတဲ့ အချိန်ဖြစ်သည့်အတွက် သောက်ချင်စိတ်မရှိပေမယ့်လည်း သောက်ပါ။

- ရေဓာတ်မလုံလောက်ရင် ဝေဒနာတာရှည်သွားမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာလည်းရေပိုသောက်ပေးပါ။

- ကိုယ်ဝန်ဆောင်ချိန် ၊ နို့တိုက်ချိန်စတဲ့အချိန်တွေမှာ ရေဓာတ်လုံလုံလောက်လောက် ရှိနေစေဖို့အတွက် ရေသောက်ဖို့ လိုအပ်ပါတယ်။

- ကိုယ်ဝန်သည်တစ်ဦးဟာ တစ်နေ့ကို ရေ ၁၀ ခွက်လောက်သောက်သင့်ပြီး နို့တိုက်မိခင်တစ်ဦးဟာ တစ်နေ့ကို ရေ ၁၃ ခွက်လောက် သောက်သုံးသင့်ပါတယ်။

Ref: YoYoLayy

Read times Last modified on Friday, 30 December 2016 11:26
Rate this item
(0 votes)